ငါဘုရားသခင်၏လက်ရုံးမျိုး သင်၌ရှိသလော။ မိုးချုန်းသံကဲ့သို့သောအသံမျိုး သင်၌ရှိသလော။
လုကာ 14:32 - မြန်မာ့စံမီသမ္မာကျမ်း ရင်ဆိုင်၍မရနိုင်ပါက အခြားဘုရင်သည်အဝေး၌ရှိနေစဉ် သံတမန်ကိုစေလွှတ်၍ စစ်ပြေငြိမ်းရေးအတွက် စကားကမ်းလှမ်းရပေလိမ့်မည်။ Common Language Bible အကယ်၍မခုခံနိုင်ပါလျှင်သူသည်စစ်ချီ လာသောဘုရင်အဝေး၌ရှိနေသေးစဉ် သံ တမန်များကိုစေလွှတ်၍စစ်ပြေငြိမ်းရေး စကားကမ်းလှမ်းရပေလိမ့်မည်။- Garrad Bible မ ဆီး ဆို့ နိုင် လျှင် ရန် သူ တော် ဝေး သေး သည့် ကာ လ ရာ ဇ သံ လွှတ်၍ ပြေ ငြိမ်း ခွင့် တောင်း ပန် လိမ့် မည်။ Judson Bible မခံနိုင်သည် မှန်လျှင်၊ အခြားသော ရှင်ဘုရင် ဝေးသေးသောအခါ သံတမန်ကို စေလွှတ်၍ စစ်ငြိမ်းမည်အကြောင်း တောင်းပန်တတ်သည် မဟုတ်လော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အကယ်၍ မတိုက်ခိုက်နိုင်ပါလျှင် မိမိရန်သူများ အဝေး၌ ရှိနေစဉ်မှာပင် သံတမန်ကို စေလွှတ်၍ စစ်ပြေငြိမ်းရန် တောင်းဆိုလိမ့်မည်။ မြန်မာ မခံနိုင်သည် မှန်လျှင်၊ အခြားသော ရှင်ဘုရင် ဝေးသေးသောအခါ သံတမန်ကို စေလွှတ်၍ စစ်ငြိမ်းမည်အကြောင်း တောင်းပန်တတ်သည် မဟုတ်လော။- |
ငါဘုရားသခင်၏လက်ရုံးမျိုး သင်၌ရှိသလော။ မိုးချုန်းသံကဲ့သို့သောအသံမျိုး သင်၌ရှိသလော။
သင်သည် သင့်ကိုတရားစွဲဆိုသူနှင့်အတူလမ်း၌ရှိစဉ် သူနှင့်သင့်မြတ်အောင် အလျင်အမြန်ပြုလော့။ သို့မဟုတ်ပါက ထိုတရားစွဲဆိုသူသည် သင့်ကို တရားသူကြီးထံအပ်၍ တရားသူကြီးသည် အစောင့်တပ်သားထံအပ်သဖြင့် သင်သည် ထောင်ထဲ၌ ထည့်ထားခြင်းခံရလိမ့်မည်။
သင့်ထံတောင်းသောသူအား ပေးကမ်းလော့။ သင့်ထံမှ ချေးငှားလိုသောသူကိုလည်း မငြင်းပယ်နှင့်။
သင့်ကိုတရားစွဲဆိုသူနှင့်အတူ အကြီးအကဲထံသို့သွားကြသောအခါ လမ်း၌ သူနှင့်ကျေအေးအောင်ကြိုးစားလော့။ သို့မဟုတ်ပါက သူသည် သင့်ကို တရားသူကြီးထံသို့ဆွဲခေါ်သွား၍ တရားသူကြီးသည် သင့်ကို မင်းမှုထမ်းလက်သို့အပ်သဖြင့် မင်းမှုထမ်းသည် သင့်ကို ထောင်ထဲ၌ ထည့်ထားလိမ့်မည်။
ထိုမှတစ်ပါး မည်သည့်ဘုရင်သည် အခြားဘုရင်တစ်ပါးနှင့် စစ်တိုက်ရန်ချီတက်မည်ပြုစဉ် စစ်သည်နှစ်သောင်းနှင့်ချီတက်လာသော အခြားတစ်ဖက်ကို စစ်သည်တစ်သောင်းဖြင့် ရင်ဆိုင်၍ရ၊ မရ ဦးစွာထိုင်လျက် မသုံးသပ်ဘဲနေမည်နည်း။
ထိုနည်းတူ သင်တို့အားလုံးသည်လည်း မိမိဥစ္စာပစ္စည်းရှိသမျှတို့ကို မစွန့်ခွာနိုင်လျှင် ငါ၏တပည့်မဖြစ်နိုင်။
သို့သော် သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းသဖြင့် သူ့နောက်မှ သံတမန်ကိုစေလွှတ်၍ ‘အကျွန်ုပ်တို့အပေါ် ဤသူအုပ်ချုပ်မည်ကို အကျွန်ုပ်တို့အလိုမရှိပါ’ဟု လျှောက်ထားစေကြ၏။
ဟေရုဒ်မင်းသည် တိုင်ရာမြို့သားနှင့်ဆီဒုန်မြို့သားတို့အပေါ် ပြင်းစွာဒေါသထွက်သဖြင့် သူတို့သည် မင်းကြီးထံသို့ တစ်စုတစ်ဝေးတည်းလာကြ၍ မင်းကြီး၏အတွင်းဝန်ဗလတ္တုကိုစည်းရုံးကာ ငြိမ်းချမ်းမှုရရှိရန်အတွက် တောင်းပန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ပြည်သည် မင်းကြီး၏ပြည်မှ အစားအစာကိုရရှိသောကြောင့်ဖြစ်၏။