Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 14:32 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 အကယ်၍ မတိုက်ခိုက်နိုင်​ပါလျှင် မိမိ​ရန်သူများ အဝေး​၌ ရှိနေစဉ်​မှာပင် သံတမန်​ကို စေလွှတ်​၍ စစ်ပြေငြိမ်း​ရန် တောင်းဆို​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 အ​ကယ်​၍​မ​ခု​ခံ​နိုင်​ပါ​လျှင်​သူ​သည်​စစ်​ချီ လာ​သော​ဘု​ရင်​အ​ဝေး​၌​ရှိ​နေ​သေး​စဉ် သံ တ​မန်​များ​ကို​စေ​လွှတ်​၍​စစ်​ပြေ​ငြိမ်း​ရေး စ​ကား​ကမ်း​လှမ်း​ရ​ပေ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 မ ဆီး ဆို့ နိုင် လျှင် ရန် သူ တော် ဝေး သေး သည့် ကာ လ ရာ ဇ သံ လွှတ်၍ ပြေ ငြိမ်း ခွင့် တောင်း ပန် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 မ​ခံ​နိုင်​သည် မှန်​လျှင်၊ အ​ခြား​သော ရှင်​ဘု​ရင် ဝေး​သေး​သော​အ​ခါ သံ​တ​မန်​ကို စေ​လွှတ်၍ စစ်​ငြိမ်း​မည်​အ​ကြောင်း တောင်း​ပန်​တတ်​သည် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ရင်ဆိုင်​၍​မ​ရ​နိုင်​ပါက အခြား​ဘုရင်​သည်​အဝေး​၌​ရှိ​နေ​စဉ် သံတမန်​ကို​စေလွှတ်​၍ စစ်ပြေငြိမ်း​ရေး​အတွက် စကား​ကမ်းလှမ်း​ရ​ပေ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

32 မ​ခံ​နိုင်​သည် မှန်​လျှင်၊ အ​ခြား​သော ရှင်​ဘု​ရင် ဝေး​သေး​သော​အ​ခါ သံ​တ​မန်​ကို စေ​လွှတ်၍ စစ်​ငြိမ်း​မည်​အ​ကြောင်း တောင်း​ပန်​တတ်​သည် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 14:32
11 ပူးပေါင်းရင်းမြစ်များ  

သင်​သည် တရားလို​နှင့်အတူ တရားရုံး​သို့ သွား​သောအခါ ထို​သူ​နှင့် အမှု​ကျေအေး​စေရန် လမ်း​၌​ပင် အလျင်အမြန်​လုပ်ဆောင်လော့။ ထိုသို့​မဟုတ်​လျှင် တရားလို​သည် သင့်​ကို တရားသူကြီး​လက်​သို့ အပ်​လိမ့်မည်။ ထို​တရားသူကြီး​သည်လည်း အရာရှိ​ထံသို့​အပ်​သဖြင့် သင်​သည် ထောင်ချ​ခံရ​လိမ့်မည်။


တောင်းသော​သူ​ကို ပေးကမ်းလော့။ ချေးငှားလို​သူ​ကိုလည်း မငြင်းပယ်နှင့်။


သင်​သည် တရားလို​နှင့်အတူ တရားသူကြီး​ထံသို့ သွား​သောအခါ လမ်း​၌​အမှု​ကျေအေး​စေရန် ကြိုးစားအားထုတ်လော့။ ထိုသို့မဟုတ်​လျှင် သူ​သည် သင့်​ကို တရားသူကြီး​ရှေ့​သို့ ဆွဲခေါ်သွား​လိမ့်မည်။ ထိုမှ​တစ်ဖန် တရားသူကြီး​သည်လည်း အရာရှိ​ထံသို့ အပ်​ကာ ထို​အရာရှိ​သည် သင့်​ကို ထောင်ချ​လိမ့်မည်။


တစ်နည်းဆိုသော် ရှင်ဘုရင်​တစ်ပါး​သည် အခြား​ရှင်ဘုရင်​ကို စစ်တိုက်မည်​ပြု​သောအခါ ရန်သူ​စစ်သား နှစ်သောင်း​ဖြင့် ချီတက်လာသော​ရှင်ဘုရင်​ကို မိမိ​စစ်သား တစ်သောင်းကျော်​ဖြင့် တိုက်ခိုက်​နိုင်စွမ်း ရှိသည်၊ မရှိသည်​ကို အတိုင်ပင်ခံများ​နှင့် ဦးစွာ ဆွေးနွေး​တိုင်ပင်​လိမ့်မည် မဟုတ်ပါလော။


ထို​နည်းတူ မိမိ​ပိုင်ဆိုင်သော ဥစ္စာ​ပစ္စည်းများ​ကို မစွန့်လွတ်နိုင်သော​သူ​သည် ငါ့​တပည့်​မဖြစ်နိုင်။


သို့သော် သူ​၏​ပြည်သားတို့​သည် သူ့​ကို​မုန်းတီးကြ​သောကြောင့် သူ​၏​နောက်​တွင် ကိုယ်စားလှယ်​အဖွဲ့​တစ်ဖွဲ့​ကို လွှတ်လိုက်​၍ ‘ငါတို့​သည် ဤ​သူ​၏​အုပ်ချုပ်မှု​ကို မခံလိုပါ’ ဟု ဧကရာဇ်​ထံ လျှောက်စေကြ၏။


ထို့နောက် ဟေရုဒ်မင်း​သည် တိုင်ရာ​မြို့သားများ​နှင့်​ဆီဒုန်​မြို့သားများ​ကို အမျက်ထွက်လေ၏။ ထို့ကြောင့် ထို​သူတို့​သည် ညီညွတ်​စွာ လာရောက်​ခစား​၍ ဗလတ္တု​အမည်​ရှိသော မင်းကြီး​၏​အတွင်းဝန်​ကို စည်းရုံး​ကာ ငြိမ်းချမ်းရေး​အတွက် တောင်းဆိုကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့​၏​ပြည်​သည် အစာရေစာ​အတွက် ဟေရုဒ်မင်း​၏​တိုင်းပြည်​ကို အမှီပြုနေရ​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ