ငါသည် သင့်ကို အရည်အသွေးအကောင်းဆုံးမျိုးစေ့မှ အကောင်းဆုံးစပျစ်ပင်အဖြစ် စိုက်ပျိုးခဲ့၏။ သို့သော် သင်သည် စပျစ်ရိုင်းပင်အဖြစ် မည်သို့ပေါက်လာရသနည်း။
လုကာ 13:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် ဤပုံဥပမာကိုပေး၍ မြွက်ဆိုတော်မူသည်မှာ“လူတစ်ဦးတွင် မိမိစပျစ်ခြံထဲ၌စိုက်ထားသော သဖန်းပင်တစ်ပင်ရှိ၏။ သူသည် ထိုအပင်၌ အသီးကိုလာရှာသော်လည်း မတွေ့ရချေ။ Common Language Bible ကိုယ်တော်သည်လူအပေါင်းတို့အားပုံဥပမာ ဆောင်၍ ``လူတစ်ယောက်၏စပျစ်ဥယျာဉ်ထဲ တွင် စိုက်ပျိုးထားသောသင်္ဘောသဖန်းပင်တစ် ပင်ရှိ၏။ ဥယျာဉ်ရှင်သည်သဖန်းပင်ကိုလာ၍ သဖန်းသီးရှာသော်လည်းတစ်လုံးမျှမတွေ့ရ။- Garrad Bible ၎င်း ပြင် ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ ဥ ယျာဉ် ရှင် တစ် ဦး သည် ကိုယ့် စ ပျစ် ဥ ယျာဉ်၌ စိုက် ထား သော သ ဖန်း ပင် တွင် အ သီး ရှာ လာ ရောက် သော် မ တွေ့ သ ဖြင့် ဥ ယျာဉ် စောင့် အား၊ Judson Bible တစ်ဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတစ်ယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင်တစ်ပင် ရှိ၏။ ထိုအပင်သို့ လာ၍ အသီးကိုရှာသော်လည်း မတွေ့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် ပုံဥပမာတစ်ခုကို မိန့်တော်မူ၏။ ကိုယ်တော်က “လူတစ်ဦးတွင် သူ၏စပျစ်ခြံ၌ စိုက်ပျိုးထားသောသဖန်းပင်တစ်ပင် ရှိ၏။ သူသည် လာ၍ အပင်၌ အသီးကိုရှာသော်လည်း အဘယ်အသီးကိုမျှ မတွေ့။ မြန်မာ တစ်ဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတစ်ယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင်တစ်ပင် ရှိ၏။ ထိုအပင်သို့ လာ၍ အသီးကိုရှာသော်လည်း မတွေ့။- |
ငါသည် သင့်ကို အရည်အသွေးအကောင်းဆုံးမျိုးစေ့မှ အကောင်းဆုံးစပျစ်ပင်အဖြစ် စိုက်ပျိုးခဲ့၏။ သို့သော် သင်သည် စပျစ်ရိုင်းပင်အဖြစ် မည်သို့ပေါက်လာရသနည်း။
ထာဝရဘုရားက “ငါသည် သူတို့ကို အကုန်အစင်ဖျက်ဆီးမည်။ စပျစ်ပင်၌ စပျစ်သီးမကျန်။ သဖန်းပင်၌ သဖန်းသီးမကျန်။ အရွက်လည်း ညှိုးနွမ်းသွားလိမ့်မည်။ သူတို့အား ငါပေးသောအရာများကို သူတို့လက်လွတ်ဆုံးရှုံးရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား သင်တို့အားလုံးသည်လည်း နောင်တမရလျှင် ထိုနည်းတူပျက်စီးကြလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ပုဆိန်ကိုလည်း သစ်ပင်တို့၏အမြစ်နားတွင် ချထားပြီဖြစ်၍ ကောင်းသောအသီးကိုမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်”ဟု ဆိုလေ၏။
သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသာလျှင် သင်တို့ကိုရွေးကောက်သဖြင့် သင်တို့သည်သွားလျက် အသီးကိုသီး၍ သင်တို့၏အသီးတည်မြဲမည့်အကြောင်းနှင့် ငါ့နာမ၌ ခမည်းတော်အား တောင်းလျှောက်သမျှတို့ကို သင်တို့အား ခမည်းတော်ပေးတော်မူမည့်အကြောင်း သင်တို့ကို ငါခန့်ထား၏။
ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
ဤသို့ဆိုသော် လက်ဆောင်ကို ငါအလိုရှိ၍မဟုတ်။ သင်တို့၏အကျိုးအမြတ်ကို တိုးပွားစေသောအသီးအပွင့်ကိုသာ ငါအလိုရှိ၏။
သဖန်းပင်ကလည်း ‘ငါ၏ချိုမြိန်သောအသီး၊ ကောင်းသောအသီး သီးခြင်းမှရပ်ပြီး သစ်ပင်တို့ကို သွား၍အုပ်စိုးရမည်လော’ဟု ဆို၏။