Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 13:6 - Common Language Bible

6 ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``လူ​တစ်​ယောက်​၏​စ​ပျစ်​ဥ​ယျာဉ်​ထဲ တွင် စိုက်​ပျိုး​ထား​သော​သင်္ဘော​သ​ဖန်း​ပင်​တစ် ပင်​ရှိ​၏။ ဥ​ယျာဉ်​ရှင်​သည်​သ​ဖန်း​ပင်​ကို​လာ​၍ သ​ဖန်း​သီး​ရှာ​သော်​လည်း​တစ်​လုံး​မျှ​မ​တွေ့​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ၎င်း ပြင် ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ ဥ ယျာဉ် ရှင် တစ် ဦး သည် ကိုယ့် စ ပျစ် ဥ ယျာဉ်၌ စိုက် ထား သော သ ဖန်း ပင် တွင် အ သီး ရှာ လာ ရောက် သော် မ တွေ့ သ ဖြင့် ဥ ယျာဉ် စောင့် အား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 တစ်​ဖန် ဥ​ပ​မာ​ကို မိန့်​တော်​မူ​သည်​ကား၊ လူ​တစ်​ယောက်​သည် ဥ​ယျာဉ်၌​စိုက်​သော သင်္ဘော​သ​ဖန်း​ပင်​တစ်​ပင် ရှိ၏။ ထို​အ​ပင်​သို့ လာ၍ အ​သီး​ကို​ရှာ​သော်​လည်း မ​တွေ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို့နောက် ကိုယ်တော်​သည် ဤ​ပုံ​ဥပမာ​ကို​ပေး​၍ မြွက်ဆို​တော်မူ​သည်​မှာ“လူ​တစ်​ဦး​တွင် မိမိ​စပျစ်ခြံ​ထဲ၌​စိုက်​ထား​သော သဖန်းပင်​တစ်​ပင်​ရှိ​၏။ သူ​သည် ထို​အပင်​၌ အသီး​ကို​လာ​ရှာ​သော်လည်း မ​တွေ့​ရ​ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ထို့နောက် ယေရှု​သည် ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူ၏။ ကိုယ်တော်​က “လူ​တစ်ဦး​တွင် သူ​၏​စပျစ်ခြံ​၌ စိုက်ပျိုးထားသော​သဖန်းပင်​တစ်ပင် ရှိ၏။ သူ​သည် လာ​၍ အပင်​၌ အသီး​ကို​ရှာ​သော်လည်း အဘယ်​အသီး​ကိုမျှ မတွေ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

6 တစ်​ဖန် ဥ​ပ​မာ​ကို မိန့်​တော်​မူ​သည်​ကား၊ လူ​တစ်​ယောက်​သည် ဥ​ယျာဉ်၌​စိုက်​သော သင်္ဘော​သ​ဖန်း​ပင်​တစ်​ပင် ရှိ၏။ ထို​အ​ပင်​သို့ လာ၍ အ​သီး​ကို​ရှာ​သော်​လည်း မ​တွေ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 13:6
14 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​လက်​ရွေး​စင်​မျိုး​စေ့​မှ​စ​ပျစ်​နွယ်​ကို ငါ​စိုက်​ပျိုး​ခဲ့​၏။ သို့​ရာ​တွင်​သင်​အ​ဘယ်​သို့​ဖြစ်​လာ​ကြ သည်​ကို​ကြည့်​ရှု​လော့။ သင်​သည်​ပုပ်​၍​အ​သုံး​မ​ဝင်​သည့်​စ​ပျစ်​ပင်​နှင့် တူ​နေ​ပါ​သည်​တ​ကား။


``လူ​သည်​မိ​မိ​သီး​နှံ​ကို​ရိတ်​သိမ်း​သ​ကဲ့​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော် အား​ရိတ်​သိမ်း​လို​သည်။ သို့​သော်​သူ​တို့​သည် အ​ရွက်​များ​ပင်​ညှိုး​နွမ်း​လျက် အ​သီး​မ​ရှိ သည့်​စ​ပျစ်​ပင်​များ၊ အ​သီး​မ​သီး​သော​သင်္ဘော သ​ဖန်း​ပင်​များ​နှင့်​တူ​ကြ​၏။ ထို​ကြောင့်​ငါ ပေး​သော​ပြည်​တော်​ကို​တစ်​ပါး​သူ​တို့​၏ လက်​ထဲ​သို့​ရောက်​စေ​တော်​မူ​လေ​ပြီ။


သူ​တို့​ကား​ပို​၍​အ​ပြစ်​ကူး​သူ​များ​မ​ဟုတ် ဟု​သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ​တွင်​သင်​တို့ သည်​လည်း​နောင်​တ​မ​ရ​ကြ​လျှင် ထို​သူ​တို့ နည်း​တူ​သေ​ကျေ​ပျက်​စီး​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။


သစ်​ပင်​ရင်း​တွင်​ပု​ဆိန်​ကို​ချ​ထား​လျက်​ရှိ​သ​ဖြင့် အ​သီး​ကောင်း​ကို​မ​သီး​သော​အ​ပင်​ဟူ​သ​မျှ​သည် ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လတ္တံ့'' ဟု​လူ အ​ပေါင်း​တို့​အား​ဆို​၏။


သင်​တို့​သည်​ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ တည်​မြဲ​သော​အ​သီး​ကို​သီး​နိုင်​ကြ​စေ​ရန်​သင် တို့​အား​ငါ​ရွေး​ကောက်​ခန့်​ထား​၏။ သို့​ဖြစ်​၍​ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​တောင်း​လျှောက် သ​မျှ​တို့​ကို​ခ​မည်း​တော်​ပေး​တော်​မူ​လိမ့်​မည်။-


ဝိ​ညာဉ်​တော်​က​ဖြစ်​ပေါ်​စေ​သည့်​အ​သီး​အ​ပွင့် မူ​ကား​ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​သည်း​ခံ​ခြင်း၊ သ​နား​ကြင်​နာ​ခြင်း၊ ကောင်း မြတ်​ခြင်း၊ သစ္စာ​စောင့်​ခြင်း၊-


ဤ​သို့​ဆို​သော်​ငါ​သည်​အ​လှူ​ကို​ခံ​ယူ​လို​၍ မ​ဟုတ်။ သင်​တို့​၏​ငွေ​စာ​ရင်း​တွင်​အ​မြတ်​တိုး လာ​စေ​ရန်​ငါ​အ​လို​ရှိ​၏။-


သို့​ရာ​တွင်​သင်္ဘော​သ​ဖန်း​ပင်​က`သင်​တို့​အား အုပ်​စိုး​နိုင်​ရန် ငါ​သည်​ကောင်း​၍​ချို​မြိန်​သော အ​သီး​များ​ကို​သီး​ပေး​ခြင်း​မှ​ရပ်​စဲ​ရ​ပေ လိမ့်​မည်' ဟု​ဆို​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ