ပညာရှိသောသူသည် နားထောင်၍ ပညာတိုးပွားပါစေ။ အသိဉာဏ်ရှိသောသူသည်လည်း လမ်းညွှန်မှုများရရှိပါစေ။
လုကာ 11:36 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် မှောင်မိုက်သည့်အပိုင်းမရှိဘဲ တောက်ပနေလျှင် ဆီမီးအလင်းရောင်သည် သင့်အပေါ်ထွန်းလင်းနေသကဲ့သို့ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် တောက်ပနေလိမ့်မည်”ဟု မိန့်တော်မူ၏။ Common Language Bible အကယ်၍သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် မှောင်ကွက်လုံးဝမရှိဘဲလင်းလျက်နေလျှင် ဆီမီးသည်တောက်ပသောအလင်းဖြင့်သင့် အပေါ်၌ထွန်းလင်းသကဲ့သို့ သင်တို့ကိုယ် ခန္ဓာတစ်ခုလုံးသည်အလင်းနှင့်ပြည့်လိမ့် မည်'' ဟုမိန့်တော်မူ၏။ Garrad Bible သင့် ကိုယ် ခ န္ဓာ သည် တစ် ပိုင်း မျှ မ မှောင် ဘဲ လုံး လုံး အ လင်း နှင့် ပြည့် လျှင် မီး ရှူး တောက် ပ၍ လင်း စေ သည့် နည်း တူ တစ် ကိုယ် လုံး အ လင်း နှင့် ပြည့် လိမ့် မည် ဟု မိန့် တော် မူ၏။ Judson Bible အင်္ဂါတစ်ခုမျှမမိုက်ဘဲ တစ်ကိုယ်လုံးလင်းလျှင်၊ ဆီမီး၏အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက်ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အကယ်၍ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးတွင် မည်သည့်အစိတ်အပိုင်းမျှ မှောင်ရိပ်မရှိဘဲ တောက်ပနေလျှင် မီးအိမ်၏အလင်းရောင်သည် သင်တို့အပေါ်၌ ထွန်းလင်းသကဲ့သို့ သင်တို့ကိုယ်ခန္ဓာသည်လည်း ထွန်းလင်းလိမ့်မည်” ဟု မိန့်တော်မူ၏။ မြန်မာ အင်္ဂါတစ်ခုမျှမမိုက်ဘဲ တစ်ကိုယ်လုံးလင်းလျှင်၊ ဆီမီး၏အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက်ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ |
ပညာရှိသောသူသည် နားထောင်၍ ပညာတိုးပွားပါစေ။ အသိဉာဏ်ရှိသောသူသည်လည်း လမ်းညွှန်မှုများရရှိပါစေ။
လူ၏ဝိညာဉ်သည် အတွင်းအကျဆုံးနေရာရှိသမျှတို့ကို ရှာဖွေတတ်သော ထာဝရဘုရား၏မီးခွက်ဖြစ်၏။
အကြောင်းမူကား ပညတ်ချက်သည် မီးခွက်ဖြစ်၍ သွန်သင်ချက်သည် အလင်းဖြစ်၏။ ဆုံးမပဲ့ပြင်ပေးသောဆိုဆုံးမစကားတို့သည်လည်း အသက်လမ်းဖြစ်၍
ငါသည် မျက်မမြင်တို့ကို သူတို့မသိသောခရီးဖြင့် ပို့ဆောင်မည်။ သူတို့မသိသောလမ်းဖြင့် လမ်းပြမည်။ သူတို့ရှေ့၌ အမှောင်ကို အလင်းဖြစ်စေမည်။ ကြမ်းတမ်းသောနေရာများကို ချောမွေ့စေမည်။ ဤအရာတို့ကို ငါပြုမည်။ ငါသည် သူတို့ကို မစွန့်ပစ်။
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
ထာဝရဘုရားအား သိကျွမ်းဖို့ ကြိုးစားအားထုတ်ကြကုန်စို့။ ကိုယ်တော်သည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ မြေပေါ်သို့ရွာချသော မိုးဦး၊ မိုးနှောင်းကဲ့သို့ ရောက်လာမည်။
ကိုယ်တော်ကလည်း“သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏တပည့်ဖြစ်လာသော ကျမ်းပြုဆရာတိုင်းသည် မိမိ၏ဘဏ္ဍာတိုက်ထဲမှ ဥစ္စာဘဏ္ဍာအသစ်နှင့်အဟောင်းတို့ကို ထုတ်ယူသောအိမ်ရှင်နှင့်တူ၏”ဟု မိန့်တော်မူ၏။
ဆီမီးကိုထွန်း၍ တောင်းအောက်၌ထားလေ့မရှိ။ ဆီမီးခုံပေါ်၌သာ ထားကြသဖြင့် ၎င်းသည် အိမ်၌ရှိသောသူအပေါင်းတို့ကို ထွန်းလင်းပေး၏။
ထိုသို့မိန့်တော်မူပြီးသောအခါ ဖာရိရှဲတစ်ဦးသည် မိမိနှင့်အတူစားသောက်တော်မူရန် ကိုယ်တော်ကိုဖိတ်ခေါ်သဖြင့် သူ၏အိမ်သို့ဝင်၍ စားပွဲ၌ထိုင်တော်မူ၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ”ဟု မိန့်တော်မူသောဘုရားသခင်သည် ယေရှုခရစ်တော်၏မျက်နှာတော်၌ထွန်းလင်းသည့် ဘုရားသခင်၏ဘုန်းတော်ကိုသိသောဉာဏ်အလင်းရောင်အား ငါတို့စိတ်နှလုံးထဲ၌ ထွန်းလင်းစေတော်မူ၏။
ဤသို့ဖြင့် ငါတို့သည် လူတို့၏ကောက်ကျစ်စဉ်းလဲမှုနှင့် ပရိယာယ်ဖြင့်လှည့်ဖြားတတ်သည့်လျှို့ဝှက်အကြံအစည်တို့ကြောင့် ဖြစ်ပေါ်လာသည့်သြဝါဒလေအမျိုးမျိုး၌ လွင့်ပါ၍လူးလွန့်နေသော ကလေးသူငယ်များကဲ့သို့မဟုတ်တော့ဘဲ
ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။
မာသောအစာမူကား အကောင်းအဆိုးကိုပိုင်းခြား၍သိရှိနိုင်သောထိုးထွင်းဉာဏ်ကို အတွေ့အကြုံအားဖြင့်လေ့ကျင့်ထားသည့်စုံလင်ရင့်ကျက်သောသူများအတွက်ဖြစ်၏။
သို့သော် လွတ်လပ်ခြင်းနှင့်ဆိုင်သောစုံလင်သည့်တရားတော်ကို သေချာစွာကြည့်ရှုလျက် စောင့်ထိန်းသောသူသည် ကြားနာ၍မေ့လျော့တတ်သူမဟုတ်ဘဲ လက်တွေ့လိုက်နာကျင့်သုံးသောသူဖြစ်၏။ ထိုသူသည် မိမိပြုသောအမှု၌ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
ငါတို့၏သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ကျေးဇူးတော်၌လည်းကောင်း၊ ကိုယ်တော်ကိုသိသောဉာဏ်၌လည်းကောင်း ကြီးထွားကြလော့။ ယခုမှစ၍ ထာဝရနေ့ရက်ကာလတိုင်အောင် ကိုယ်တော်၌ ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။