Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 11:37 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 ထိုသို့​မိန့်​တော်မူ​ပြီး​သောအခါ ဖာရိရှဲ​တစ်​ဦး​သည် မိမိ​နှင့်အတူ​စား​သောက်​တော်မူ​ရန် ကိုယ်တော်​ကို​ဖိတ်ခေါ်​သဖြင့် သူ​၏​အိမ်​သို့​ဝင်​၍ စားပွဲ​၌​ထိုင်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

37 ထို​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ပြီး​သော​အ​ခါ ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်​ကိုယ်​တော်​အား​ည စာ​သုံး​ဆောင်​တော်​မူ​ရန်​ပင့်​ဖိတ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 ထို သို့ မိန့် တော် မူ ပြီး နောက် ဖာ ရိ ရှဲ တစ် ယောက် သည် ကိုယ် တော် ကို သုံး ဆောင် တော် မူ ရန် ပင့် ခေါ် သည့် အ တိုင်း ကြွ ဝင်၍ စား ပွဲ ထိုင် တော် မူ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 ထို​သို့​မိန့်​တော်​မူ​စဉ်​တွင် ဖာ​ရိ​ရှဲ​တစ်​ယောက်​သည် အ​စာ​ကို​သုံး​ဆောင်​တော်​မူ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ခေါ်​ပင့်​လျှင်၊ သူ၏​အိမ်​သို့​ကြွ၍ စား​ပွဲ၌ လျောင်း​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

37 ထိုသို့​ဟောပြောတော်မူ​စဉ် ဖာရိရှဲ​တစ်ဦး​သည် ကိုယ်တော်​အား ညစာ​သုံးဆောင်​ရန် ဖိတ်ခေါ်​သဖြင့် ကိုယ်တော်​သည် ထို​သူ​၏​အိမ်​သို့ ကြွ​တော်မူ​၍ ညစာ​စားပွဲ​၌ ထိုင်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

37 ထို​သို့​မိန့်​တော်​မူ​စဉ်​တွင် ဖာ​ရိ​ရှဲ​တစ်​ယောက်​သည် အ​စာ​ကို​သုံး​ဆောင်​တော်​မူ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ခေါ်​ပင့်​လျှင်၊ သူ၏​အိမ်​သို့​ကြွ၍ စား​ပွဲ၌ လျောင်း​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 11:37
5 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် မှောင်မိုက်​သည့်​အပိုင်း​မ​ရှိ​ဘဲ တောက်ပ​နေ​လျှင် ဆီမီး​အလင်းရောင်​သည် သင့်​အပေါ်​ထွန်းလင်း​နေ​သကဲ့သို့ သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် တောက်ပ​နေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


သို့သော် အစာ​မ​သုံးဆောင်​မီ ဦးစွာ​ဆေးကြော​ခြင်း​ပြု​တော်​မ​မူ​သည်​ကို ထို​ဖာရိရှဲ​သည်​မြင်​၍ အံ့သြ​လေ​၏။


တစ်​နေ့​သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် အစားအစာ​သုံးဆောင်​ရန် ဖာရိရှဲ​အကြီးအကဲ​တစ်​ဦး​၏​အိမ်​သို့​ဝင်​တော်မူ​လျှင် သူ​တို့​သည် ကိုယ်တော်​ကို​စောင့်ကြည့်​နေ​ကြ​၏။


ဖာရိရှဲ​တစ်​ဦး​သည် မိမိ​နှင့်အတူ​စားသောက်​ရန် ကိုယ်တော်​ကို​ဖိတ်ခေါ်​သဖြင့် ကိုယ်တော်​သည် ထို​ဖာရိရှဲ​၏​အိမ်​သို့​ဝင်​၍ စားပွဲ​၌​ထိုင်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ