Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 11:36 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

36 အကယ်၍ သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​တွင် မည်သည့်​အစိတ်အပိုင်း​မျှ မှောင်ရိပ်​မရှိဘဲ တောက်ပနေ​လျှင် မီးအိမ်​၏​အလင်းရောင်​သည် သင်တို့​အပေါ်​၌ ထွန်းလင်း​သကဲ့သို့ သင်တို့​ကိုယ်ခန္ဓာ​သည်လည်း ထွန်းလင်း​လိမ့်မည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

36 အ​ကယ်​၍​သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် မှောင်​ကွက်​လုံး​ဝ​မ​ရှိ​ဘဲ​လင်း​လျက်​နေ​လျှင် ဆီ​မီး​သည်​တောက်​ပ​သော​အ​လင်း​ဖြင့်​သင့် အ​ပေါ်​၌​ထွန်း​လင်း​သ​ကဲ့​သို့ သင်​တို့​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​သည်​အ​လင်း​နှင့်​ပြည့်​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 သင့် ကိုယ် ခ န္ဓာ သည် တစ် ပိုင်း မျှ မ မှောင် ဘဲ လုံး လုံး အ လင်း နှင့် ပြည့် လျှင် မီး ရှူး တောက် ပ၍ လင်း စေ သည့် နည်း တူ တစ် ကိုယ် လုံး အ လင်း နှင့် ပြည့် လိမ့် မည် ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 အင်္ဂါ​တစ်​ခု​မျှ​မ​မိုက်​ဘဲ တစ်​ကိုယ်​လုံး​လင်း​လျှင်၊ ဆီ​မီး၏​အ​ရောင်​နှင့် လင်း​စေ​သ​ကဲ့​သို့ လုံး​လုံး​လင်း​လျက်​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 ထို့ကြောင့် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် မှောင်မိုက်​သည့်​အပိုင်း​မ​ရှိ​ဘဲ တောက်ပ​နေ​လျှင် ဆီမီး​အလင်းရောင်​သည် သင့်​အပေါ်​ထွန်းလင်း​နေ​သကဲ့သို့ သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် တောက်ပ​နေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

36 အင်္ဂါ​တစ်​ခု​မျှ​မ​မိုက်​ဘဲ တစ်​ကိုယ်​လုံး​လင်း​လျှင်၊ ဆီ​မီး၏​အ​ရောင်​နှင့် လင်း​စေ​သ​ကဲ့​သို့ လုံး​လုံး​လင်း​လျက်​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 11:36
22 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယေရှု​က “ကောင်းကင်​နိုင်ငံတော်​တွင် တပည့်​ဖြစ်လာသော ကျမ်းတတ်ဆရာ​သည် မိမိ​၏ ဘဏ္ဍာတိုက်​ထဲမှ ဥစ္စာသစ်​နှင့် ဥစ္စာဟောင်းတို့​ကို ထုတ်ယူလာသော အိမ်ရှင်​နှင့်​တူ၏” ဟု မိန့်တော်မူ၏။


မည်သူ​မျှ ဆီမီးခွက်​ကို ထွန်း​၍ တောင်း​အောက်​၌ ထားလေ့​မရှိ။ အိမ်သူအိမ်သားတို့ အလင်းရောင်​ရ​စေရန် ဆီမီးတိုင်​ပေါ်တွင် တင်ထားလေ့ရှိကြ၏။


ထို့ကြောင့် သင်တို့​၌​ရှိသော​အလင်း​သည် အမှောင်​မဖြစ်​စေရန် သတိပြုကြလော့။


ထိုသို့​ဟောပြောတော်မူ​စဉ် ဖာရိရှဲ​တစ်ဦး​သည် ကိုယ်တော်​အား ညစာ​သုံးဆောင်​ရန် ဖိတ်ခေါ်​သဖြင့် ကိုယ်တော်​သည် ထို​သူ​၏​အိမ်​သို့ ကြွ​တော်မူ​၍ ညစာ​စားပွဲ​၌ ထိုင်တော်မူ၏။


“အမှောင်​ထဲမှ အလင်း​ထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏ မျက်နှာတော်​၌ ထွန်းလင်းသည့် မိမိ​ဘုန်းတော်​ကို သိနိုင်သော​ဉာဏ်​အလင်း​ကို ကျွန်ုပ်တို့​၏​နှလုံးသား​ထဲ၌ ထွန်းလင်း​စေတော်မူ၏။


ထိုအခါ ကျွန်ုပ်တို့​သည် မရင့်ကျက်သေးသော ကလေးသူငယ်များ​ကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေ​သည် လှိုင်းလေတို့​၌ လွန့်လူးနေ​သကဲ့သို့ ကျွန်ုပ်တို့​သည် ပရိယာယ်​ဖြင့် လမ်းလွဲ​စေရန် လှည့်ဖြားတတ်သော သူတို့​၏ အမျိုးမျိုးသော သွန်သင်မှု​နောက်သို့ ပါသွားမည် မဟုတ်ပေ။


ခရစ်တော်​၏ တရားတော်​ကို သင်တို့​အထဲ​၌ ပြည့်ပြည့်ဝဝ​တည်စေကြလော့။ တစ်ဦး​ကို​တစ်ဦး ဉာဏ်ပညာ​အမျိုးမျိုး​ဖြင့် သွန်သင်​၍ သတိပေး​ဆုံးမကြလော့။ ကျေးဇူးတင်သော​စိတ်​နှင့် ဆာလံ​သီချင်းများ၊ ဓမ္မ​သီချင်းများ၊ ဝိညာဉ်​ရေးရာ​သီချင်းများ​ကို ဘုရားသခင်​ထံ လှိုက်လှိုက်လှဲလှဲ​သီဆိုကြလော့။


မာသော​အစားအစာ​မှာ အရွယ်ရောက်သော​သူများ​အတွက်​ဖြစ်ပြီး ထို​သူတို့​သည် အကောင်း​နှင့်​အဆိုး​ကို ဝေဖန်​ပိုင်းခြား​နိုင်ရန် လေ့ကျင့်ထားသည့်​သူများ​ဖြစ်၏။


သို့သော် လွတ်လပ်ခြင်း​သို့ ရောက်စေသည့် ပြီးပြည့်စုံသော တရားတော်​ကို ဆက်လက်​၍ ဂရုတစိုက် ကြည့်ရှုသူ​သည် ကြားနာရသည်​ကို မမေ့လျော့ဘဲ လိုက်နာ​ကျင့်သုံးသောသူ​ဖြစ်လျှင် ထိုသို့​ပြု​သောကြောင့် ဘုရားသခင်​သည် ထို​သူ​ကို ကောင်းချီးပေးတော်မူ​လိမ့်မည်။


ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​၌​လည်းကောင်း၊ ကျေးဇူးတော်​၌​လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်​သည် ယခု​မှစ၍ ထာဝရ​ကာလ​ပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရု​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ