ယဇ်ပုရောဟိတ်တစ်ပါးသည် အကြောင်းတိုက်ဆိုင်၍ ထိုလမ်းအတိုင်းဆင်းလာပြီး ထိုသူကိုမြင်လျှင် လမ်း၏အခြားတစ်ဖက်မှ ရှောင်ကွင်းသွားလေ၏။
ယဇ်ပုရောဟိတ်တစ်ပါးသည်ထိုလမ်းအတိုင်း ခရီးပြုလာစဉ်ထိုသူကိုမြင်၏။ သို့ရာတွင် သူသည်ရှောင်ကွင်း၍သွား၏။-
ပ ရော ဟိတ် တစ် ပါး သည် ထို လမ်း ဖြင့် သွား မိ၍ တွေ့ မြင် သော် ကွင်း သွား လေ၏။
ထိုလမ်းသို့ ယဇ်ပုရောဟိတ်တစ်ယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍ သွားလေ၏။-
ထိုအခါ ယဇ်ပုရောဟိတ်တစ်ပါးသည် ထိုလမ်းအတိုင်းသွားစဉ် ထိုသူကို မြင်သောအခါ အခြားတစ်ဖက်သို့ လွှဲရှောင်သွား၏။
သတင်းကြားပြောသောလူငယ်က “အကျွန်ုပ်သည် ဂိလဗောတောင်ပေါ် ရောက်သွားချိန်တွင် ဤအဖြစ်အပျက်နှင့်ကြုံခဲ့ရပါ၏။ ရှောလုမင်းကြီးသည် လှံကိုမှီလျက်နေပါ၏။ စစ်ရထားနှင့် မြင်းတပ်တို့သည် သူ့ထံသို့ ရောက်လုဆဲဆဲဖြစ်နေသည်ကို တွေ့ရပါ၏။
လက်ယာဘက်သို့ကြည့်၍ သိမြင်တော်မူပါ။ အကျွန်ုပ်ကိုအသိအမှတ်ပြုသူ တစ်စုံတစ်ဦးမျှမရှိပါ။ အကျွန်ုပ်ထွက်ပြေးစရာလမ်းလည်းမရှိပါ။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဂရုစိုက်သူလည်းမရှိပါ။
ကဲ့ရဲ့ပြစ်တင်ခြင်းသည် အကျွန်ုပ်၏စိတ်နှလုံးကိုကျိုးပဲ့စေ၍ အကျွန်ုပ်သည် အလွန်စိတ်ပျက်အားငယ်လျက်ရှိပါ၏။ အကျွန်ုပ်သည် စာနာထောက်ထားမည့်သူကို စောင့်မျှော်သော်လည်း မရှိခဲ့ပါ။ နှစ်သိမ့်ပေးမည့်သူများကိုရှာသော်လည်း မတွေ့ခဲ့ပါ။
ဆင်းရဲသောသူ၏ငိုကြွေးသံကိုမကြားလို၍ မိမိနားကိုပိတ်ထားသောသူသည် ကိုယ်တိုင်ဟစ်ခေါ်သောအခါ မည်သူမျှ သူ့ကိုထူးလိမ့်မည်မဟုတ်။
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။
ဆာလောင်မွတ်သိပ်သောသူတို့ကို စားစရာဝေပေးခြင်း၊ အိုးမဲ့အိမ်မဲ့ဆင်းရဲသားများကို အိမ်သို့ခေါ်လာခြင်း၊ အဝတ်မရှိသောသူကိုမြင်လျှင် ဝတ်ပေးခြင်း၊ မိမိသွေးသားချင်းကို လျစ်လျူမရှုခြင်းပင် မဟုတ်လော။
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
ယဇ်ပုရောဟိတ်တို့၊ နားထောင်ကြ။ အစ္စရေးအမျိုးအနွယ်တို့၊ အာရုံစိုက်ကြ။ နန်းတွင်းသားတို့၊ စူးစိုက်နားထောင်ကြ။ သင်တို့သည် တရားစီရင်ခြင်းကိုခံရကြမည်။ သင်တို့သည် မိဇပါမြို့မှ ထောင်ချောက်၊ တာဗော်တောင်ပေါ်မှ ဖြန့်ထားသောပိုက်ကွန် ဖြစ်၏။
လူကိုချောင်းမြောင်းတိုက်ခိုက်သောဓားပြကဲ့သို့ ယဇ်ပုရောဟိတ်အုပ်စုသည် ရှေခင်မြို့လမ်းတွင် လူကိုသတ်၏။ သူတို့သည် ရှက်ဖွယ်အမှုကို ပြုကြ၏။
“ငါ့ယဇ်ပလ္လင်ရှိရာသို့ဝင်၍ မီးကိုအချည်းနှီးမထွန်းရအောင် တံခါးကို မည်သူပိတ်ပေးမည်နည်း။ ငါသည် သင်တို့ကို မနှစ်သက်။ သင်တို့လက်နှင့်ပူဇော်သောယဇ်ကို ငါလက်မခံ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
ယေရှုက“လူတစ်ဦးသည် ဂျေရုဆလင်မြို့မှ ဂျေရိခေါမြို့သို့ဆင်းလာစဉ် ဓားပြများနှင့်ကြုံတွေ့ရ၏။ ဓားပြတို့သည် သူ၏အဝတ်များကိုချွတ်ယူပြီး ရိုက်နှက်ကာ သူ့ကိုသေလုမြောပါးအခြေအနေ၌ထားခဲ့၍ ထွက်သွားကြ၏။
ထိုနည်းတူ လေဝိအနွယ်ဝင်တစ်ဦးသည်လည်း ထိုနေရာသို့ရောက်လာ၍ သူ့ကိုမြင်လျှင် လမ်း၏အခြားတစ်ဖက်မှ ရှောင်ကွင်းသွားလေ၏။
ရုသလည်း လယ်ထဲသို့ ထွက်သွား၍ ကောက်ရိတ်သမားတို့နောက်မှလိုက်ပြီး ကောက်သင်းကောက်ရာ တိုက်တိုက်ဆိုင်ဆိုင် ထိုလယ်ကွက်သည် ဧလိမလက်မျိုးနွယ်စုဝင် ဗောဇပိုင်သောလယ်ကွက်ဖြစ်နေ၏။