အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 1:78 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဤ​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​သည် ငါ​တို့​ဘုရားသခင်​၏​အကြင်နာ​ကရုဏာ​တော်​ကြောင့် သက်ရောက်​လာ​သည်​ဖြစ်၍ ထို​ကရုဏာ​တော်​အားဖြင့် အထက်​ကောင်းကင်​မှ​နေ​အရုဏ်​သည် ငါ​တို့​အပေါ်​သက်ရောက်​ပြီး

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​သ​နား​ခြင်း​က​ရု​ဏာ​နှင့် ကြွယ်​ဝ​တော်​မူ​၏။ ကိုယ်​တော်​သည်​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို ကောင်း​ကင်​မှ​နေ​အ​ရုဏ်​သ​ဖွယ်​ငါ​တို့​အ​ပေါ်​သို့ သက်​ရောက်​စေ​၍၊

အခန်းကိုကြည့်ပါ။

Judson Bible

ထို​သ​နား​တော်​မူ​ခြင်း ကျေး​ဇူး​တော်​အား​ဖြင့်၊ ကောင်း​ကင်​မှ နေ​အ​ရုဏ်​သည် ငါ​တို့​အ​ပေါ်​သို့ တက်​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဘုရားသခင်​၏​သနားခြင်း ကရုဏာ​ကြောင့် ကောင်းကင်​မှ နေ​အရုဏ်​ပေါ်ထွက်လာ​လိမ့်မည်။

အခန်းကိုကြည့်ပါ။

မြန်မာ

ထို​သ​နား​တော်​မူ​ခြင်း ကျေး​ဇူး​တော်​အား​ဖြင့်၊ ကောင်း​ကင်​မှ နေ​အ​ရုဏ်​သည် ငါ​တို့​အ​ပေါ်​သို့ တက်​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။



လုကာ 1:78
19 ပူးပေါင်းရင်းမြစ်များ  

အို ထာဝရဘုရား​၊ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​များ​နှင့် ကိုယ်တော်​၏​မေတ္တာကရုဏာ​များ​ကို အောက်မေ့​တော်မူ​ပါ​။ အကြောင်းမူကား ၎င်း​တို့​သည် ရှေးကာလ​မှစ၍ တည်​ခဲ့​ကြ​ပါ​၏​။


ယေရှဲ​၏​အငုတ်​မှ အတက်​ထွက်လာ​မည်​။ သူ​၏​အမြစ်​မှ​အကိုင်း​သည် အသီး​သီး​လိမ့်မည်​။


ငါ​သည် မျက်မမြင်​တို့​ကို သူ​တို့​မ​သိ​သော​ခရီး​ဖြင့် ပို့ဆောင်​မည်​။ သူ​တို့​မ​သိ​သော​လမ်း​ဖြင့် လမ်းပြ​မည်​။ သူ​တို့​ရှေ့​၌ အမှောင်​ကို အလင်း​ဖြစ်စေ​မည်​။ ကြမ်းတမ်း​သော​နေရာ​များ​ကို ချောမွေ့​စေ​မည်​။ ဤ​အရာ​တို့​ကို ငါ​ပြု​မည်​။ ငါ​သည် သူ​တို့​ကို မ​စွန့်ပစ်​။


ကိုယ်တော်​၏​သန့်ရှင်း​သော​၊ ဘုန်းအသရေ​ရှိ​သော ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ ကြည့်​၍ သိမြင်​တော်မူ​ပါ​။ ကိုယ်တော်​၏​စိတ်အားထက်သန်မှု​၊ ကိုယ်တော်​၏​အစွမ်းတန်ခိုး​သည် အဘယ်မှာ​နည်း​။ ကိုယ်တော်​သည် အကျွန်ုပ်​အပေါ်​ထားရှိ​သည့် သနားကြင်နာ​ခြင်း​စိတ်​ကို ချုပ်တည်း​တော်မူ​ပြီ​။


ငါ​တို့​အတွက် ထာဝရဘုရား ပြု​တော်မူ​ခဲ့​သော​အရာ​အလုံးစုံ​နှင့်အညီ ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​၊ ထာဝရဘုရား​၏​ဂုဏ်ကျေးဇူး​တော်​တို့​ကို ငါ​ဖော်ပြ​မည်​။ ကိုယ်တော်​၏​ကြွယ်ဝ​သော​မေတ္တာ​ကရုဏာ​တော်​နှင့်အညီ အစ္စရေး​အမျိုးသား​တို့​အတွက် ပြု​တော်မူ​ခဲ့​သည့် ကောင်းမြတ်​ခြင်း​အလုံးစုံ​တို့​ကို ငါ​ဖော်ပြ​မည်​။


အို ယဇ်ပုရောဟိတ်​မင်း​ယောရှု​၊ နားထောင်​လော့​။ သင်​နှင့်အတူ သင့်​ရှေ့​တွင်​ထိုင်​သော​သင့်​အပေါင်းပါ​တို့​လည်း နားထောင်​ကြ​လော့​။ အကြောင်းမူကား သူ​တို့​သည် နိမိတ်လက္ခဏာ​နှင့်ဆိုင်သော​လူ​များ ဖြစ်​ကြ​၏​။ ကြည့်ရှု​လော့​။ ငါ့​အစေအပါး​ဖြစ်​သည့် အတက်​ကို ငါ​ထွက်လာ​စေ​မည်​။


ထို့နောက် သူ့​အား ‘ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ကြည့်ရှု​လော့​။ အတက် ဟု​အမည်​ရှိ​သော​သူ​တစ်​ယောက် ပေါ်လာ​မည်​။ သူ​သည် ထာဝရဘုရား​၏​ဗိမာန်တော်​ကို​တည်ဆောက်​လိမ့်မည်​။


“ငါ​၏​နာမ​တော်​ကို ကြောက်ရွံ့ရိုသေ​သော သင်​တို့​အဖို့ ဖြောင့်မတ်​ခြင်း​နေမင်း​သည် ကုသ​ခြင်း​တောင်ပံ​နှင့်တကွ ပေါ်ထွန်း​လာ​လိမ့်မည်​။ သင်​တို့​သည်​လည်း တင်းကုပ်​မှ နွားသငယ်​ကဲ့သို့ ခုန်ပေါက်​လျက် ထွက်လာ​မည်​။


သူ့​ကို ငါ​တွေ့​၏​။ သို့သော် ယခု​မ​ဟုတ်​။ သူ့​ကို ငါ​မြင်​၏​။ သို့သော် အနီး​မှာ​မ​ဟုတ်​။ ယာကုပ်​အမျိုး​ထဲမှ ကြယ်​တစ်​လုံး​ပေါ်ထွန်း​လိမ့်မည်​။ အစ္စရေး​လူမျိုး​ထဲမှ ရာဇလှံတံ ပေါ်ပေါက်​လိမ့်မည်​။ သူ​သည် မောဘ​ပြည်​စွန်း​တိုင်အောင် ချေမှုန်း​၍ ရှေသ​အမျိုးသား​အားလုံး​ကို ဖျက်ဆီး​လိမ့်မည်​။


ဘုရားသခင်​သည် မိမိ​၏​တစ်ပါးတည်း​သော​သား​တော်​ကို စွန့်​တော်မူ​သည့်​တိုင်အောင် လောကီသား​တို့​ကို​ချစ်​တော်မူ​၏။ ဤသည်ကား သား​တော်​ကို​ယုံကြည်​သော​သူ​တိုင်း မ​ပျက်စီး​ဘဲ ထာဝရ​အသက်​ကို​ရရှိ​စေရန်​ဖြစ်​၏။


အကြောင်းမူကား ထင်ရှား​လာ​သော​အရာ​ရှိသမျှ​သည် အလင်း​ဖြစ်​၏။ သို့ဖြစ်၍ “အိပ်ပျော်​နေ​သော​သူ၊ နိုး​လော့။ သေ​သော​သူ​တို့​ထဲမှ ထမြောက်​လော့။ ထိုအခါ ခရစ်တော်​သည် သင့်​အား အလင်း​ကို​ပေး​တော်မူ​လိမ့်မည်”​ဟု ဆို​ထား​၏။


ငါ​သည် ခရစ်တော်​ယေရှု​၏​ကြင်နာ​ခြင်း​ဖြင့် သင်​တို့​အားလုံး​ကို မည်မျှ​လွမ်းဆွတ်​ကြောင်း ငါ့​အတွက်​သက်သေခံ​ပေး​သော​အရှင်​မှာ ဘုရားသခင်​ဖြစ်​တော်မူ​၏။


ထို့ကြောင့် သင်​တို့​တွင် ခရစ်တော်​၌​တိုက်တွန်း​အားပေး​ခြင်း၊ ချစ်​ခြင်း​မေတ္တာ​၏​နှစ်သိမ့်​ခြင်း၊ ဝိညာဉ်​တော်​အားဖြင့်​မိတ်သဟာယ​ဖွဲ့​ခြင်း၊ ကြင်နာ​ခြင်း​နှင့် သက်ညှာ​ခြင်း​တို့ တစ်စုံတစ်ရာ​ရှိ​လျှင်


ထို့ကြောင့် သင်​တို့​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​သူ​များ၊ သန့်ရှင်း​သော​သူ​များ​နှင့် ချစ်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​သည့်​အလျောက် ကြင်နာ​ခြင်း​နှင့်​ပြည့်ဝ​သည့်​သက်ညှာ​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ စိတ်​နှိမ့်ချ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​နှင့် စိတ်ရှည်​သည်းခံ​ခြင်း​တို့​ကို ဝတ်ဆင်​ကြ​လော့။


ထို့ပြင် ငါ​တို့​၌ ပို၍​ခိုင်လုံ​သော ပရောဖက်​တို့​၏​စကား​လည်း​ရှိ​၏။ သင်​တို့​၏​စိတ်နှလုံး​ထဲ၌ အရုဏ်တက်​၍ မိုးသောက်ကြယ်​ပေါ်ထွက်​လာ​သည့်​တိုင်အောင် သင်​တို့​သည် ထို​စကား​ကို မှောင်​သော​အရပ်​၌​ထွန်းလင်း​နေ​သည့်​ဆီမီး​သဖွယ် ကောင်းစွာ​အာရုံစိုက်​သင့်​၏။


တစ်စုံတစ်ဦး​သည် လောကီ​စည်းစိမ်​ရှိ​လျက်​နှင့် မိမိ​ညီအစ်ကို​ဆင်းရဲ​ချို့တဲ့​နေ​သည်​ကို​မြင်​၍ မိမိ​၏​ကြင်နာ​စိတ်​ကို​ချုပ်တည်း​ထား​လျှင် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌ မည်သို့​တည်​မည်နည်း။


ငါ​ယေရှု​သည် အသင်းတော်​များ​အတွက် ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အား​သက်သေခံ​ရန် ငါ​၏​ကောင်းကင်​တမန်​ကို​စေလွှတ်​လိုက်​၏။ ငါ​သည် ဒါဝိဒ်​၏​အမြစ်​နှင့်​အမျိုးအနွယ်​ဖြစ်​ပြီး တောက်ပ​သော​မိုးသောက်​ကြယ်​ဖြစ်​၏။”