ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
လုကာ 1:50 - မြန်မာ့စံမီသမ္မာကျမ်း ကရုဏာတော်သည်လည်း ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသောသူတို့အပေါ်၌ သားစဉ်မြေးဆက်တည်၏။ Common Language Bible ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့အား သားစဉ်မြေးဆက်ကရုဏာထားတော်မူ၏။ Garrad Bible နာ မ တော် သန့် ရှင်း သည့် အ လျောက် ကိုယ် တော် ကို ခန့် ညား သူ လူ မျိုး အ ဆက် ဆက်၌ က ရု ဏာ တော် တည် ၏။ Judson Bible ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် သနားတော်မူခြင်း ကျေးဇူးကို အစဉ်မပြတ်ခံစားကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်အား ကြောက်ရွံ့သောသူတို့အပေါ်တွင် သူ၏ကရုဏာတော်ကို အစဉ်အဆက် ပြသလျက်ရှိ၏။ မြန်မာ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် သနားတော်မူခြင်း ကျေးဇူးကို အစဉ်မပြတ်ခံစားကြ၏။- |
ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုသာလျှင် ကြောက်ရွံ့ရမည်။ သို့ပြုလျှင် ကိုယ်တော်သည် ရန်သူအပေါင်းတို့၏လက်မှ သင်တို့ကို ကယ်နုတ်တော်မူလိမ့်မည်”ဟု မိန့်တော်မူခဲ့၏။
အကြောင်းမူကား မြေကြီးအပေါ်၌ ကောင်းကင်သည် မြင့်မားလှသည့်အတိုင်း ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့အပေါ်၌ မေတ္တာကရုဏာတော်သည် ကြီးမားလှပေ၏။
ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ကြောင်း ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည် ဝန်ခံကြပါစေ။
ကိုယ်တော်သည် မိမိကိုကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေတော်မူ၏။ သူတို့၏အော်ဟစ်သံကိုလည်းကြား၍ သူတို့ကို ကယ်တင်တော်မူ၏။
ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူများနှင့် မိမိ၏မေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူများကို နှစ်သက်တော်မူ၏။
ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အတွက် သိုမှီးထား၍ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက် လူသားတို့ရှေ့တွင်ပြုတော်မူသော ကိုယ်တော်၏ကောင်းမြတ်ခြင်းသည် ကြွယ်ဝလှပါ၏။
ငါတို့ပြည်၌ ဘုန်းအသရေတည်စေရန် ကိုယ်တော်၏ကယ်တင်ခြင်းသည် ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့၏အနီး၌ အမှန်ပင်ရှိလေပြီ။
ငါ့ကိုချစ်၍ ငါ၏ပညတ်များကိုစောင့်ထိန်းသောသူတို့ကိုကား မျိုးဆက်အထောင်အသောင်းတိုင်အောင် မေတ္တာကရုဏာပြသောဘုရား ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် တန်ခိုးနှင့်ပြည့်စုံတော်မူသောအရှင်သည် ကြီးမားသောအမှုတို့ကို ငါ့အတွက်ပြုတော်မူပြီ။ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းတော်မူ၏။
ပလ္လင်တော်မှထွက်လာသောအသံကလည်း “ဘုရားသခင်၏အစေအပါးများနှင့် ဘုရားသခင်ကိုကြောက်ရွံ့သောသူအကြီးအငယ်အပေါင်းတို့၊ ငါတို့၏ဘုရားသခင်ကို ချီးမွမ်းကြလော့”ဟု ဆို၏။