သို့သော် ကလေးတို့သည် ဝမ်းထဲ၌အချင်းချင်းတိုးဝှေ့ကြသဖြင့် ရေဗက္ကာက “ကျွန်မ၌ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း”ဟု ဆိုလျက် ထာဝရဘုရားအား မေးမြန်းရန် သွားလေ၏။
လုကာ 1:41 - မြန်မာ့စံမီသမ္မာကျမ်း မာရိ၏နှုတ်ဆက်စကားကို အဲလစ်ဇဘက်ကြားရသောအခါ သူ၏ကလေးငယ်သည် ဝမ်းထဲ၌ခုန်လေ၏။ အဲလစ်ဇဘက်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် Common Language Bible ဧလိရှဗက်သည်သန့်ရှင်းသောဝိညာဉ်တော် ဖြင့်ပြည့်ဝလျက်၊- Garrad Bible မာ ရိ နှုတ် ဆက် စ ကား ကို ဧ လိ ရှ ဗက် ကြား သော် ဝမ်း လွယ် က လေး ခုန် ရာ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လာ သော ဧ လိ ရှ ဗက် က၊ Judson Bible ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ရှိသောသူငယ်သည် ခုန်၍၊ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း မာရိနှုတ်ဆက်သောအသံကို ဧလိရှဗက်ကြားသောအခါ သူ၏ဗိုက်ထဲ၌ ရှိသောကလေးသည် လှုပ်လေ၏။ ဧလိရှဗက်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက် မြန်မာ ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ရှိသောသူငယ်သည် ခုန်၍၊ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊- |
သို့သော် ကလေးတို့သည် ဝမ်းထဲ၌အချင်းချင်းတိုးဝှေ့ကြသဖြင့် ရေဗက္ကာက “ကျွန်မ၌ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း”ဟု ဆိုလျက် ထာဝရဘုရားအား မေးမြန်းရန် သွားလေ၏။
အကျွန်ုပ်သည် မွေးဖွားလာသည်နှင့် လက်တော်ထဲသို့ရောက်ပါ၏။ အမိဝမ်းထဲ၌ရှိခဲ့စဉ်ကပင် ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၏။
အကြောင်းမူကား သူသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူဖြစ်လာမည်။ စပျစ်ဝိုင်နှင့်သေရည်သေရက်တို့ကိုလည်းမသောက်၊ အမိဝမ်းတွင်း၌ရှိစဉ်ကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလိမ့်မည်။
“သင်သည် မိန်းမတို့တွင် မင်္ဂလာရှိ၏။ သင်၏ဝမ်းတွင်းမှကလေးသည်လည်း မင်္ဂလာရှိ၏။
အမှန်စင်စစ် သင်၏နှုတ်ဆက်စကားကို ကျွန်မကြားရသောအခါ ကျွန်မ၏ကလေးငယ်သည် ရွှင်မြူးခြင်းဖြင့် ဝမ်းထဲ၌ခုန်ပါ၏။
သူငယ်၏ဖခင်ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ပရောဖက်ပြုဟောပြောကာ
ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဂျော်ဒန်မြစ်မှ ပြန်ကြွတော်မူ၏။ ထို့နောက် ဝိညာဉ်တော်၏ပင့်ဆောင်ခြင်းကိုခံတော်မူ၍
ထိုအခါ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဝိညာဉ်တော်သည် သူတို့အား ပြောနိုင်စွမ်းပေးတော်မူသည့်အတိုင်း အခြားသောဘာသာစကားများဖြင့် စတင်ပြောဆိုကြ၏။
ထိုအခါ ပေတရုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် “လူတို့၏အကြီးအကဲများနှင့် သက်ကြီးဝါကြီးများတို့၊
ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ထဲမှ ဝိညာဉ်တော်နှင့်လည်းကောင်း၊ ဉာဏ်ပညာနှင့်လည်းကောင်း ပြည့်စုံ၍ ဂုဏ်သတင်းကောင်းသောလူခုနစ်ဦးကို ရှာကြလော့။ ငါတို့သည် ထိုသူတို့ကို ဤတာဝန်အတွက်ခန့်ထားမည်။
သို့သော် သတေဖန်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ကောင်းကင်သို့ စေ့စေ့ကြည့်လေရာ ဘုရားသခင်၏ဘုန်းတော်ကိုလည်းကောင်း၊ သခင်ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေသည်ကိုလည်းကောင်း မြင်လျက်
ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ဝင်ပြီးလျှင် ရှောလုအပေါ်လက်တင်လျက် “ငါ့ညီရှောလု၊ သင်သည် မျက်စိပြန်မြင်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝမည့်အကြောင်း သင်လာသောလမ်း၌ သင့်အားထင်ရှားသောသခင်ယေရှုသည် ငါ့ကိုစေလွှတ်တော်မူ၏”ဟု ဆိုလေ၏။
အပျော်ကြူးခြင်းကိုဖြစ်စေသည့် စပျစ်ဝိုင်ယစ်မူးခြင်းမရှိဘဲ ဝိညာဉ်တော်နှင့်ပြည့်ဝကြလော့။
သခင်ဘုရား၏နေ့တွင် ငါသည် ဝိညာဉ်တော်၌ရှိစဉ် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ငါ့နောက်၌ကြားရ၏။