ကမ္ဘာဦး 25:22 - မြန်မာ့စံမီသမ္မာကျမ်း22 သို့သော် ကလေးတို့သည် ဝမ်းထဲ၌အချင်းချင်းတိုးဝှေ့ကြသဖြင့် ရေဗက္ကာက “ကျွန်မ၌ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း”ဟု ဆိုလျက် ထာဝရဘုရားအား မေးမြန်းရန် သွားလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible22 သူ၏ပဋိသန္ဓေမှာကလေးအမြွှာတည်၍ထို ကလေးတို့သည်မမွေးဖွားမီက အမိ၏ဝမ်း ထဲမှာအချင်းချင်းအားပြိုင်ကြ၏။ ထိုအခါ ရေဗက္ကက``ကျွန်မတွင်အဘယ်ကြောင့်ဤသို့ ဖြစ်ရသနည်း'' ဟုဆို၍ထာဝရဘုရား ထံလျှောက်ထားလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible22 ဝမ်း တွင်း အောင်း သော သူ ငယ် တို့ သည် အ ချင်း ချင်း တိုး ၀ှေ့ ကြ သ ဖြင့် အ မိ က၊ ထို သို့ ဖြစ် လျှင် မည် သို့ နေ နိုင် ပါ အံ့ နည်း ဟု ဆို လျက် ထာ၀ ရ ဘု ရား ကို လျှောက် မေး ရန် သွား သော်၊ အခန်းကိုကြည့်ပါ။Judson Bible22 ဝမ်းအတွင်း၌ တည်သောသူငယ်တို့သည်၊ အချင်းချင်းတိုက်ခိုက်ကြ၏။ အမိကလည်း၊ ထိုသို့ဖြစ်၍ ငါ၌အဘယ်အမှုရောက်ပါလိမ့်မည်နည်းဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မေးလျှောက်ခြင်းငှာသွားလေ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားရှင်ထာဝရဘုရားက ‘အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့သည် ယနေ့တိုင်အောင် ပူဇော်သက္ကာများအဖြစ် ကိုယ့်သားတို့ကို မီးရှို့ပူဇော်လျက်၊ ရုပ်တုရှိသမျှတို့နောက်သို့လိုက်၍ ကိုယ်ကိုညစ်ညူးစေလျက်နှင့်ပင် သင်တို့မေးလျှောက်သည်ကို ငါခွင့်ပြုရမည်လော။ စင်စစ် ငါအသက်ရှင်သည်နှင့်အညီ သင်တို့ကို ငါ့ထံမေးလျှောက်ခွင့်မပေး။