အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှောလမုန်သီချင်း။ 7:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

‘ငါ​သည် စွန်ပလွံပင်​ပေါ်​တက်​ပြီး အကိုင်း​ကို​ကိုင်​မည်’​ဟု ငါ​ဆို​၏​။ သင့်​ရင်သား​တို့​သည် စပျစ်သီးခိုင်​ကဲ့သို့​၊ သင်​အသက်ရှူထုတ်​သော​လေ​သည် ပန်းသီးရနံ့​ကဲ့သို့ ဖြစ်​ပါစေ​။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်၏နှုတ်သည်လည်း အကောင်းဆုံးသော စပျစ်ရည်ကဲ့သို့၎င်းဖြစ်၏။

အခန်းကိုကြည့်ပါ။

Garrad Bible

စွန် ပ လွံ ပင် ကို တက်၍၊ အ ခက် အ လက် များ ကို ကိုင် မည် ဟု ငါ အောက် မေ့ သည့် အ လျောက်၊ ရင် သား များ သည် စ ပျစ် သီး ပြွတ် ကဲ့ သို့ လည်း ကောင်း၊ ရှူ ထုတ် သော လေ သည် သစ် သော့ သီး ရ နံ့ ကဲ့ သို့ လည်း ကောင်း၊

အခန်းကိုကြည့်ပါ။

Judson Bible

စွန်​ပ​လွံ​ပင်​ကို ငါ​တက်​မည်၊ အ​ကိုင်း​အ​ခက်​တို့​ကို ကိုင်​မည်​ဟု ငါ​ဆို​သော်၊ တစ်​ဖန် သင်၏​ရင်​သား​တို့​သည် စ​ပျစ်​သီး​ပြွတ်​ကဲ့​သို့​လည်း​ကောင်း၊ သင်​ရှူ​သော​အ​သက်​အ​နံ့​သည် ရှောက်​ချို​သီး​အ​နံ့​ကဲ့​သို့​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။



ရှောလမုန်သီချင်း။ 7:8
10 ပူးပေါင်းရင်းမြစ်များ  

အရှင်​၏​နံ့သာဆီရနံ့​သည် အလွန်​မွှေးကြိုင်​ပါ​၏​။ အရှင့်​နာမ​သည် ဆွတ်​ထား​သော​နံ့သာဆီ​ကဲ့သို့ မွှေး​ပါ​၏​။ ထို့ကြောင့် မိန်းမပျို​တိုင်း အရှင့်​ကို ချစ်နှစ်သက်​ကြ​ပါ​၏​။


“ယောက်ျား​များ​အလယ်​တွင် အကျွန်ုပ်​ချစ်သူ​သည် တော​သစ်ပင်​တို့​အလယ်​မှ ပန်းသီး​ပင်​ကဲ့သို့ ဖြစ်​ပါ​၏​။ သူ့​အရိပ်​၌ ခိုနား​ရ​သည်​ကို အကျွန်ုပ်​အလွန်​နှစ်သက်​ပါ​၏​။ သူ့​အသီး​သည်​လည်း အကျွန်ုပ်​အဖို့ အလွန်​ချိုမြိန်​၍ အရသာ​ရှိ​ပါ​၏​။


အချစ်နာကျ​နေ​သော​အကျွန်ုပ်​ကို စပျစ်သီးခြောက်​ကျွေး​၍ အားဖြည့်​ပေး​ပါ​၏​။ ပန်းသီး​ကျွေး​၍​လည်း လန်းဆန်း​စေ​ပါ​၏​။


“အို မြောက်​လေ​၊ နိုး​ပါ​။ အို တောင်​လေ​၊ လာ​ပါ​။ အကျွန်ုပ်​ဥယျာဉ်​တွင် တိုက်ခတ်​ပါ​။ သို့မှ အရှင့်​ထံမှ​အမွှေးနံ့သာ​တို့ ပျံ့သွား​မည်​။ အကျွန်ုပ်​ချစ်သူ​သည် မိမိ​ဥယျာဉ်​ထဲသို့ လာ​ပါစေ​။ အကောင်းဆုံး​အသီး​ကို စား​ပါစေ​။”


သင်​၏​အရပ်အမောင်း​သည် စွန်ပလွံပင်​နှင့်​တူ​၍ ရင်သား​တို့​သည်​လည်း စွန်ပလွံသီးပြွတ်​နှင့်​တူ​ပါ​၏​။


သူ​တို့​ကို ကောင်းစား​စေ​ရာ​၌ ငါ​နှစ်သက်အားရ​မည်​။ ငါ​သည် စိတ်စေတနာ​အပြည့်အဝ​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့် သူ​တို့​ကို ဤ​ပြည်​ထဲ၌ အခိုင်အမာ​နေရာချ​ထား​မည်’​ဟု မိန့်​တော်မူ​၏​။


စပျစ်ပင်​ခြောက်သွေ့​ပြီ​။ သဖန်းပင် ညှိုးနွမ်း​ပြီ​။ သလဲပင်​၊ စွန်ပလွံပင်​၊ ပန်းသီးပင်​အစရှိ​သော​ကွင်းပြင်​ရှိ အပင်​အားလုံး​တို့​သည်​လည်း ခြောက်သွေ့​လေ​ပြီ​။ စင်စစ် လူသား​တို့​အဖို့ ပျော်ရွှင်​ခြင်း​သည် ပျောက်လွင့်​သွား​လေ​ပြီ​။


သို့သော် ငါ​တို့​ကို ခရစ်တော်​၌ အစဉ်အမြဲ​အောင်ပွဲ​ခံ​စေ​၍ ကိုယ်တော်​ကို​သိ​သော​ဉာဏ်​၏​ရနံ့​ကို နေရာ​တိုင်း​၌ ငါ​တို့​အားဖြင့်​ပျံ့နှံ့​စေ​တော်မူ​သော​ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ငါ​ချီးမွမ်း​၏။