Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ရှောလမုန်သီချင်း။ 7 - Garrad Bible

1 အ ချင်း မင်း သ မီး၊ ခြေ နင်း စီး လျက်၊ သင်၏ ခြေ များ သည် တင့် တယ် လေ စွ။ သင်၏ ခါး တိုင် သည်၊ ပ ညာ သည် ပြု လုပ် သော ရ တ နာ ကဲ့ သို့ ဖြစ် ပါ၏။

2 သင်၏ ချက် လည်း၊ စ ပျစ် ရည် ထည့် သော ဖ လား သ ဖွယ် ဖြစ် လျက်၊ ဝမ်း သည်၊ နှင်း ပန်း စီ ချယ် သော စ ပါး ပုံ အ ဆင်း နှင့် တူ၏။

3 ရင် သား နှစ် ဘက် သည်၊ နှင်း တော တွင် ကျက် စား သော ဒ ရယ် ငယ် အ စုံ နှင့် တူ၏။

4 လည် တိုင် သည်၊ ဆင် စွယ် ရဲ တိုက် နှင့် လည်း ကောင်း မျက် စိ တို့ သည်၊ ဟေ ရှ ဘုန် မြို့၊ ဗာ သ ရ ဗ္ဗိမ် တံ ခါး အ နီး ရှိ ရေ ကန် နှင့် လည်း ကောင်း၊ နှာ ခေါင်း သည်၊ ဒ မာ သက် မြို့ ကို မျက် နှာ မူ သော လေ ဗ နုန် ရဲ တိုက် နှင့် လည်း ကောင်း တူ ၏။

5 ဦး ခေါင်း သည် က ရ မေ လ တောင်၊ ဆံ လည်း ပျား တုံး ရောင် နှင့် တူ၍၊ မင်း ကြီး ပင် ကေ သာ ဖြင့် နှောင် ဖွဲ့ လျက် ရှိ၏။

6 ငါ့ ချစ် ခင် သူ၊ သင် သည် မွေ့ လျော် ရာ အ မျိုး မျိုး ထက် လှ ပ၍၊ နှစ် သက် ဖွယ် ဖြစ် ပေ၏။

7 သင်၏ အ ရပ် အ မောင်း သည် စွန် ပ လွံ ပင်၊ ရင် သား လည်း သီး ပြွတ် နှင့် တူ၏။

8 စွန် ပ လွံ ပင် ကို တက်၍၊ အ ခက် အ လက် များ ကို ကိုင် မည် ဟု ငါ အောက် မေ့ သည့် အ လျောက်၊ ရင် သား များ သည် စ ပျစ် သီး ပြွတ် ကဲ့ သို့ လည်း ကောင်း၊ ရှူ ထုတ် သော လေ သည် သစ် သော့ သီး ရ နံ့ ကဲ့ သို့ လည်း ကောင်း၊

9 နှုတ် သည် အိပ် ပျော် သူ တို့ ခံ တွင်း သို့ ဝင် ရ သော၊ ငါ့ ချစ် သူ သောက် လွယ် သော စ ပျစ် ရည် အ ကောင်း ဆုံး ကဲ့ သို့ လည်း ကောင်း၊ ဖြစ် ပါ စေ။

10 ချစ် သူ သည် ကျွန် မ ပိုင် ဖြစ် သည် နှင့် အ ညီ၊ အ ရှင် သည် ကျွန် မ ကို နှစ် သက် တတ်၏။

11 ကြွ ပါ။ ကျွန် မ ချစ် သူ ကြွ ပါ။ တော သို့ သွား၍ ရွာ များ၌ တည်း ခို ကြ ကုန် အံ့။

12 နံ နက် အ ချိန် စ ပျစ် ဥ ယျာဉ် သို့ သွား ပြီး လျှင် စ ပျစ် ပင် သန် မ သန်၊ ဖူး မ ဖူး၊ သ လဲ ပင် လည်း ပွင့် မ ပွင့် များ ကို ရှု ကြည့် ကြ ကုန် အံ့။ ထို အ ရပ်၌ ကျွန် မ၏ မေ တ္တာ ကို အ ရှင် အား အပ် နှင်း ပါ မည်။

13 အ နု ဆေး ပင် များ သည် မွှေး ကြိုင် ပါ၏။ ထူး မြတ် သော အ သီး၊ အ သစ် အ ဟောင်း အ မျိုး မျိုး ကို၊ ကျွန် မ တို့ အ ခန်း တံ ခါး အ ထက်၊ အ ရှင့် အ ဖို့ ရံ ထား ပါ ပြီ။ ကျွန် မ ချစ် သူ။

Garrad Holy Bible © Bible Society of Myanmar, 1928.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ