အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။
ရှောလမုန်သီချင်း။ 7:4 - မြန်မာ့စံမီသမ္မာကျမ်း သင့်လည်တိုင်သည် ဆင်စွယ်မျှော်စင်နှင့်တူပါ၏။ သင့်မျက်လုံးများသည် ဗာသရဗ္ဗိမ်တံခါးနားရှိ ဟေရှဘုန်ရေကန်တို့နှင့်တူပါ၏။ သင့်နှာခေါင်းသည် ဒမတ်စကပ်မြို့ကို မျက်နှာမူထားသောလက်ဘနွန်မျှော်စင်နှင့်တူပါ၏။ Common Language Bible သင်၏ဦခေါင်းသည် ကရမေလတောင်နှင့် တူ၍၊ ဆံပင်သည်လည်း နီမောင်းသော တန်ဆာဆင်ပါ ၏။ မင်းကြီးသည် ကျစ်သောဆံပင်နှင့် နှောင်ဖွဲ့လျက် ရှိတော်မူ၏။ Garrad Bible လည် တိုင် သည်၊ ဆင် စွယ် ရဲ တိုက် နှင့် လည်း ကောင်း မျက် စိ တို့ သည်၊ ဟေ ရှ ဘုန် မြို့၊ ဗာ သ ရ ဗ္ဗိမ် တံ ခါး အ နီး ရှိ ရေ ကန် နှင့် လည်း ကောင်း၊ နှာ ခေါင်း သည်၊ ဒ မာ သက် မြို့ ကို မျက် နှာ မူ သော လေ ဗ နုန် ရဲ တိုက် နှင့် လည်း ကောင်း တူ ၏။ Judson Bible လည်ပင်းသည် ဆင်စွယ်ရဲတိုက်ကဲ့သို့လည်းကောင်း၊ မျက်စိတို့သည် ဟေရှဘုန်မြို့၊ ဗာသရဗ္ဗိမ်တံခါးနားမှာ ရှိသော ရေကန်ကဲ့သို့လည်းကောင်း၊ နှာခေါင်းသည် ဒမာသက်မြို့သို့ မျက်နှာပြုသော လေဗနုန်ရဲတိုက်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။ |
အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။
ဆီးရီးယားပြည်၊ ဒမတ်စကပ်မြို့တွင် မြို့စောင့်တပ်များကိုချထားခဲ့၏။ ဆီးရီးယားလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံများဖြစ်လာပြီး အခွန်ဆက်သရ၏။ ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
ထို့ပြင် ရှင်ဘုရင်သည် ဆင်စွယ်ရာဇပလ္လင်ကြီးကို ထုလုပ်ပြီး ရွှေစင်ဖြင့်မွမ်းမံထား၏။
ရှင်ဘုရင်ပိုင် တာရှုသင်္ဘောသည် ဟိရံမင်းကြီးပိုင်သင်္ဘောနှင့်အတူ ပင်လယ်တွင် ကူးသန်းသွားလာ၏။ ထိုတာရှုသင်္ဘောသည် သုံးနှစ်တစ်ခါ ပြန်လာပြီး ရွှေငွေများ၊ ဆင်စွယ်များ၊ မျောက်ဝံများ၊ ဒေါင်းများကို ယူဆောင်လာလေ့ရှိ၏။
ကျန်ရှိနေသော အာဟပ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာဟူသမျှ၊ ဆင်စွယ်နန်းတော်တည်ဆောက်ခဲ့ပုံ၊ မြို့များတည်ခဲ့ပုံတို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
အလျားအတောင်တစ်ရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိသော လက်ဘနွန်တောစံနန်းဆောင်ကို တည်ဆောက်၏။ သစ်ကတိုးသားတိုင်လေးတန်းတန်းပြီး ထိုတိုင်များပေါ်တွင် ရက်မများကို တင်ထား၏။
ရှောလမုန်ဘဏ္ဍာသိုလှောင်ရာမြို့များ၊ စစ်ရထားမြို့များ၊ မြင်းစီးသူရဲမြို့များသာမက ဂျေရုဆလင်မြို့၊ လက်ဘနွန်တောင်အပါအဝင် မိမိအုပ်စိုးရာနယ်မြေရှိသမျှတို့တွင် ဆောက်လိုသောအဆောက်အအုံများကိုလည်း စိတ်တိုင်းကျဆောက်လုပ်လေ၏။
ဗာလတ်မြို့၊ ရှောလမုန်ဘဏ္ဍာသိုလှောင်ရာမြို့များ၊ စစ်ရထားမြို့များ၊ မြင်းစီးသူရဲမြို့များသာမက ဂျေရုဆလင်မြို့၊ လက်ဘနွန်တောင်အပါအဝင် မိမိအုပ်စိုးရာနယ်မြေရှိသမျှတို့တွင် ဆောက်လိုသောအဆောက်အအုံများကိုလည်း စိတ်တိုင်းကျဆောက်လုပ်လေ၏။
အကျွန်ုပ်တို့၏သားများသည် သူတို့ပျိုရွယ်ချိန်တွင် ကြီးထွားတတ်သောပျိုးပင်များကဲ့သို့ ဖြစ်ကြပါစေသော။ အကျွန်ုပ်တို့၏သမီးများသည် နန်းတော်အတွက် ထွင်းထုထားသော ထောင့်ကျောက်တိုင်ကဲ့သို့ ဖြစ်ကြပါစေသော။
ကိုယ်တော်၏အဝတ်ရှိသမျှတို့သည် မုရန်၊ သစ်မွှေး၊ သစ်ကြံပိုးတို့ဖြင့် မွှေးကြိုင်လျက်ရှိပါ၏။ ဆင်စွယ်နန်းတော်များမှ ကြိုးတပ်တူရိယာတို့သည် ကိုယ်တော်ကိုဝမ်းမြောက်စေပါ၏။
ခြယ်သထားသောသင့်ပါးတို့သည် တင့်တယ်လှပေ၏။ သင့်လည်တိုင်သည်လည်း လည်ဆွဲရတနာတို့ဖြင့် တင့်တယ်လှပေ၏။”
“ကြည့်ပါ။ ငါ့ချစ်သူလေး၊ သင်သည် အဆင်းလှပေ၏။ ကြည့်ပါ။ သင်သည် အဆင်းလှပေ၏။ မျက်နှာလွှားအောက်မှ သင့်မျက်လုံးများသည် ချိုးငှက်မျက်လုံးနှင့် တူပါ၏။ သင့်ဆံကေသာလေးများသည်လည်း ဂိလဒ်တောင်ပေါ်မှ ခုန်ပေါက်၍ဆင်းလာသော ဆိတ်အုပ်နှင့် တူပါ၏။
သင့်လည်တိုင်သည်လည်း ကျောက်များဖြင့်စီတန်းဆောက်လုပ်ထားသော ဒါဝိဒ်မင်းကြီး၏ရဲတိုက်နှင့် တူပါ၏။ ထိုရဲတိုက်တွင် ဒိုင်းလွှားအခုတစ်ထောင် ချိတ်ဆွဲထားပြီး ဒိုင်းလွှားတစ်ခုစီသည် စစ်သူရဲတို့ ကိုင်ဆောင်သောဒိုင်းလွှားများဖြစ်၏။
သင့်ရင်သားနှစ်မြွှာသည်လည်း နှင်းပန်းကြားတွင် ကျက်စားသော သမင်ငယ်လေးနှစ်ကောင်၊ အမြွှာဒရယ်ငယ်လေးနှစ်ကောင်တို့နှင့် တူပါ၏။
သင့်မျက်လုံးကို ငါ့ထံမှလွှဲလိုက်ပါ။ သင့်မျက်လုံးများသည် ငါ့ကိုလွှမ်းမိုးလွန်းလှ၏။ သင့်ဆံကေသာလေးသည် ဂိလဒ်တောင်ပေါ်မှခုန်ပေါက်၍ဆင်းလာသော ဆိတ်အုပ်နှင့်တူပါ၏။
သင်မကြောက်နှင့်၊ အရှက်ကွဲရမည်မဟုတ်။ သင်မရှက်နှင့်၊ မျက်နှာပျက်ရမည်မဟုတ်။ အကယ်စင်စစ် ငယ်ရွယ်စဉ်ကအရှက်ကွဲခဲ့ရသည်ကို သင်မေ့လျော့သွားမည်။ မုဆိုးမဘဝကကဲ့ရဲ့ခံခဲ့ရသည်ကို သင်သတိရတော့မည်မဟုတ်။
မာသောအစာမူကား အကောင်းအဆိုးကိုပိုင်းခြား၍သိရှိနိုင်သောထိုးထွင်းဉာဏ်ကို အတွေ့အကြုံအားဖြင့်လေ့ကျင့်ထားသည့်စုံလင်ရင့်ကျက်သောသူများအတွက်ဖြစ်၏။