သို့သော် ရှောလမုန်မင်းကြီးသည် ဖာရောမင်းကြီး၏သမီးတော်အပြင် မောဘသမီးပျို၊ အမ္မုန်သမီးပျို၊ ဧဒုံသမီးပျို၊ ဆီဒုန်သမီးပျို၊ ဟိတ္တိသမီးပျို စသောတစ်ပါးအမျိုးသားတို့၏သမီးပျိုများကိုလည်း ချစ်ကြိုက်၏။
ရှောလမုန်သီချင်း။ 6:8 - မြန်မာ့စံမီသမ္မာကျမ်း မိဖုရား ခြောက်ဆယ်၊ မောင်းမ ရှစ်ဆယ်နှင့် မရေတွက်နိုင်သော အပျိုတော်တို့ ရှိသော်လည်း Common Language Bible ငါ့ချိုး၊ ငါ၏စုံလင်သူသည် ငါ၌တပါးတည်းရှိ၏။ ဘွားမြင်သောမိခင်၌ အချစ်ဆုံးသောသမီးဖြစ်၏။ လူမျိုး သမီးတို့သည် သူ့ကိုမြင်၍ ကောင်းကြီးပေးကြ၏။ မိဖုရား များနှင့် မောင်းမမိဿံများတို့သည် ချီးမွမ်းကြ၏။ Garrad Bible မိ ဖု ရား ခြောက် ဆယ်၊ မောင်း မ ငယ် ရှစ် ဆယ်၊ ရံ ရွေ တော် မ ရေ မ တွက် နိုင် အောင် ရှိ သော် လည်း၊ Judson Bible မိဖုရားခြောက်ကျိပ်၊ မောင်းမမိဿံရှစ်ကျိပ်၊ အပျိုတော်အတိုင်းမသိ ရှိကြ၏။ |
သို့သော် ရှောလမုန်မင်းကြီးသည် ဖာရောမင်းကြီး၏သမီးတော်အပြင် မောဘသမီးပျို၊ အမ္မုန်သမီးပျို၊ ဧဒုံသမီးပျို၊ ဆီဒုန်သမီးပျို၊ ဟိတ္တိသမီးပျို စသောတစ်ပါးအမျိုးသားတို့၏သမီးပျိုများကိုလည်း ချစ်ကြိုက်၏။
ရှောလမုန်မင်းကြီးတွင် ဘုရင့်သမီးတော်ဖြစ်သောမိဖုရားအပါးခုနစ်ရာ၊ မောင်းမသုံးရာရှိ၏။ ထိုမိဖုရားတို့ကပင် သူ၏စိတ်နှလုံးကို လွဲသွားစေခဲ့ကြ၏။
ရောဗောင်မင်းကြီးသည် အဗရှလုံ၏သမီးတော်မာခါကို အခြားသောမိဖုရား၊ မောင်းမမိဿံတို့ထက် ချစ်မြတ်နိုး၏။ သူ၌ မိဖုရားတစ်ဆယ့်ရှစ်ပါးနှင့် မောင်းမမိဿံခြောက်ဆယ်ရှိပြီး သားတော် နှစ်ဆယ့်ရှစ်ယောက်၊ သမီးတော် အယောက်ခြောက်ဆယ်ရှိ၏။
ဇာပန်းထိုးထည်ဆင်မြန်းထားသောသူ့ကို ရှင်ဘုရင်ထံသို့ပို့ဆောင်ကြ၏။ သူ၏အပေါင်းအဖော်များဖြစ်ကြသော သူ့နောက်လိုက်သည့်အပျိုတော်တို့ကိုလည်း ကိုယ်တော့်ထံသို့ခေါ်ဆောင်လာကြပါ၏။
ကိုယ်တော်၏မြင့်မြတ်သောအမျိုးသမီးများထဲတွင် ရှင်ဘုရင်တို့၏သမီးတော်များပါဝင်ကြပါ၏။ မိဖုရားသည် ဩဖိရရွှေ ဆင်မြန်းလျက် ကိုယ်တော်၏လက်ယာဘက်တွင် ရပ်နေပါ၏။
အရှင်၏နံ့သာဆီရနံ့သည် အလွန်မွှေးကြိုင်ပါ၏။ အရှင့်နာမသည် ဆွတ်ထားသောနံ့သာဆီကဲ့သို့ မွှေးပါ၏။ ထို့ကြောင့် မိန်းမပျိုတိုင်း အရှင့်ကို ချစ်နှစ်သက်ကြပါ၏။
ထို့နောက် ငါကြည့်လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနှင့် ဘာသာစကားအသီးသီးတို့မှ မည်သူမျှမရေတွက်နိုင်သည့်များစွာသောလူအစုအဝေးသည် ဖြူသောဝတ်လုံကိုဝတ်ဆင်ထားလျက် သူတို့လက်၌ စွန်ပလွံခက်များကိုင်ဆောင်ကာ ပလ္လင်တော်နှင့်သိုးသငယ်တော်ရှေ့တွင် ရပ်နေကြ၏။