ရှင်ဘုရင်၏သမီးတော်သည် ဂုဏ်ကျက်သရေအပေါင်းနှင့်ပြည့်စုံလျက် အတွင်းဆောင်၌ရှိ၏။ သူ၏အဝတ်တန်ဆာကို ရွှေချည်ဖြင့်ရောစပ်ရက်လုပ်ထား၏။
ရှောလမုန်သီချင်း။ 5:9 - မြန်မာ့စံမီသမ္မာကျမ်း “မိန်းမတကာတို့ထက် အဆင်းလှသောမိန်းကလေး၊ သင့်ချစ်သူသည် အခြားသူတို့၏ချစ်သူထက် မည်မျှသာသနည်း။ သင်သည် အကျွန်ုပ်တို့ကို ကျိန်ဆိုစေရလောက်အောင် သင့်ချစ်သူသည် အခြားသူတို့၏ချစ်သူထက် မည်မျှသာသနည်း။” Common Language Bible ငါချစ်ရာသခင်သည် ဖြူသောအအဆင်း၊ နီသော အဆင်းနှင့် ပြည့်စုံ၍၊ လူတသောင်းတို့တွင် အထွဋ် အမြတ်ဖြစ်တော်မူ၏။ Garrad Bible မိန်း မ တ ကာ တို့ ထက် အ ဆင်း လှ သော အစ် မ၊ သင့် ချစ် သူ သည် အ ခြား ချစ် သူ တို့ နှင့် မည် သို့ ခြား နား သ နည်း။ ကျွန် မ တို့ ကို ထို သို့ တောင်း ပန် လောက် အောင်၊ သင့် ချစ် သူ သည် အ ခြား ချစ် သူ တို့ နှင့် မည် သို့ ခြား နား သ နည်း။ Judson Bible မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည် အခြားတစ်ပါးသော ချစ်ရာသခင်ထက် အဘယ်သို့ သာသနည်း။ အကျွန်ုပ်တို့ကို ထိုသို့မှာထားတောင်းပန်ရမည်အကြောင်း၊ သင်ချစ်ရာသခင်သည် အခြားတစ်ပါးသော ချစ်ရာသခင်ထက် အဘယ်သို့သာသနည်း။ |
ရှင်ဘုရင်၏သမီးတော်သည် ဂုဏ်ကျက်သရေအပေါင်းနှင့်ပြည့်စုံလျက် အတွင်းဆောင်၌ရှိ၏။ သူ၏အဝတ်တန်ဆာကို ရွှေချည်ဖြင့်ရောစပ်ရက်လုပ်ထား၏။
အို ဘုရားသခင်၏မြို့တော်၊ သင်နှင့်ပတ်သက်သည့် ဂုဏ်ပြုချီးမွမ်းဖွယ်ရာများကို မြွက်ဆိုလျက်ရှိ၏။(စေလာ)
“မိန်းမတကာတို့ထက် အဆင်းလှသောမိန်းမ၊ သင်မသိလျှင် သိုးတို့နောက်သို့ ခြေရာခံလိုက်ပါ။ သိုးထိန်းတို့၏တဲနားတွင် သင့်ဆိတ်သငယ်တို့ကို ထိန်းကျောင်းပါ။
အို ဂျေရုဆလင်သမီးပျိုတို့၊ တော၌ကျင်လည်သောဒရယ်မလေးများ၊ သမင်မလေးများကို တိုင်တည်ကျိန်ဆိုပါလော့။ ငါ့အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကို မနှိုးပါနှင့်။ မထစေပါနှင့်။
“မိန်းမတကာတို့ထက်အဆင်းလှသူ၊ သင့်ချစ်သူ အဘယ်အရပ်သို့ ထွက်သွားသနည်း။ သင်နှင့်အတူလိုက်ရှာရအောင် သင့်ချစ်သူ အဘယ်အရပ်သို့ သွားသနည်း။”
အကြောင်းမှာ သူသည် နုနယ်သောအပင်ကဲ့သို့၊ ခြောက်သွေ့သောမြေမှ အမြစ်ကဲ့သို့ ကိုယ်တော်၏ရှေ့တော်၌ ရှင်သန်၏။ သူသည် ရှုချင်စဖွယ် ပုံပန်းသဏ္ဌာန်မရှိ။ ခန့်ညားထည်ဝါမှုလည်းမရှိ။ နှစ်သက်ဖွယ် ရုပ်ရည်လည်းမရှိ။
ဤသို့ဖြင့် ကိုယ်တော်သည် ဂျေရုဆလင်မြို့ထဲသို့ဝင်တော်မူရာ တစ်မြို့လုံးရုတ်ရုတ်ရက်ရက်ဖြစ်သဖြင့် “ဤသူကား မည်သူနည်း”ဟု မေးမြန်းကြ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။