လက်ဘနွန်တောင်ရှိ သစ်ကတိုးပင်မှစ၍ မြို့ရိုးကြားပေါက်တတ်သော ဟုဿုပ်ပင်အထိ အပင်များအကြောင်းကို မြွက်ဆိုခဲ့၏။ တိရစ္ဆာန်များအကြောင်း၊ ငှက်များအကြောင်း၊ တွားသွားသတ္တဝါများအကြောင်းကိုလည်း မြွက်ဆိုခဲ့၏။
ရှောလမုန်သီချင်း။ 5:15 - မြန်မာ့စံမီသမ္မာကျမ်း သူ့ခြေထောက်များသည် ရွှေစင်အုတ်ခုံပေါ်တွင် စိုက်ထူထားသော စကျင်ကျောက်တိုင်နှင့်တူ၏။ သူ့ရုပ်သွင်သည်လည်း အကောင်းဆုံးသစ်ကတိုးပင်များပေါက်ရာ လက်ဘနွန်တောင်နှင့်တူ၏။ Common Language Bible နှုတ်တော်သည် အလွန်ချိုပေ၏။ တကိုယ်လုံး၌ ချစ်ဖွယ်သော ဂုဏ်တော်အပေါင်းတို့နှင့်ပြည့်စုံတော်မူ၏။ ယေရုရှလင်မြို့သမီးတို့၊ ဤသူသည် ငါချစ်ရာသခင်၊ ငါ့မိတ်ဆွေဖြစ်တော်မူသတည်း။ Garrad Bible ခြေ များ သည် ရွှေ စင် ခုံ၌ စိုက် ထား သော ကျောက် ဖြူ တိုင် နှင့် တူ၏။ ရူ ပ ကာ ယ လည်း လေ ဗ နုန် တောင် နှင့် တူ လျက်၊ သစ် က တိုး ပင် ကဲ့ သို့ ထူး မြတ် ပေ၏။ Judson Bible ခြေထောက်တော်တို့သည် ရွှေစင်ဖိနပ်ပေါ်၌တည်သော ကျောက်ဖြူတိုင်နှင့် တူကြ၏။ မျက်နှာတော်သည် လေဗနုန်တောင်ကဲ့သို့ဖြစ်၍၊ အာရဇ်ပင်ကဲ့သို့ထူးမြတ်ပေ၏။ |
လက်ဘနွန်တောင်ရှိ သစ်ကတိုးပင်မှစ၍ မြို့ရိုးကြားပေါက်တတ်သော ဟုဿုပ်ပင်အထိ အပင်များအကြောင်းကို မြွက်ဆိုခဲ့၏။ တိရစ္ဆာန်များအကြောင်း၊ ငှက်များအကြောင်း၊ တွားသွားသတ္တဝါများအကြောင်းကိုလည်း မြွက်ဆိုခဲ့၏။
ထိုအပင်သည် တောင်များကို မိမိ၏အရိပ်ဖြင့်လည်းကောင်း၊ မြင့်မားသောသစ်ကတိုးပင်တို့ကို မိမိ၏အကိုင်းအခက်များဖြင့်လည်းကောင်း ဖုံးလွှမ်းခဲ့ပါ၏။
ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍ လက်ဘနွန်တောင်မှ သစ်ကတိုးပင်ကဲ့သို့ကြီးထွားလိမ့်မည်။
ထာဝရဘုရား၏အိမ်တော်၌ စိုက်ပျိုးခြင်းခံရသောသူတို့သည် ငါတို့ဘုရားသခင်၏တံတိုင်းတော်များအတွင်း၌ ကြီးပွားကြလိမ့်မည်။
ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် ဘောင်အခုနှစ်ဆယ်အတွက် အောက်ခံငွေအစွပ် အခုလေးဆယ်လုပ်ရမည်။
ကျောက်ဆောင်များကြား၊ ချောက်ကမ်းပါးများကြားတွင် ခိုအောင်းနေသော ငါ၏ချိုးငှက်လေးရေ၊ သင့်မျက်နှာကို မြင်လိုပါ၏။ သင့်အသံကို ကြားလိုပါ၏။ သင့်အသံသည် နားဝင်ချိုလှ၏။ သင့်မျက်နှာသည်လည်း တင့်တယ်လှပပေ၏’ဟု ဆို၏။”
အို ငါ့သတို့သမီး၊ သင့်နှုတ်ခမ်းတို့သည် ပျားလပို့မှ ပျားရည်ယိုသကဲ့သို့ ဖြစ်ပါ၏။ သင့်လျှာအောက်တွင် ပျားရည်၊ နို့ရည်တို့ ရှိပါ၏။ သင့်အဝတ်အစားတို့၏ရနံ့သည်လည်း လက်ဘနွန်ရနံ့နှင့် တူပါ၏။
သင့်လည်တိုင်သည် ဆင်စွယ်မျှော်စင်နှင့်တူပါ၏။ သင့်မျက်လုံးများသည် ဗာသရဗ္ဗိမ်တံခါးနားရှိ ဟေရှဘုန်ရေကန်တို့နှင့်တူပါ၏။ သင့်နှာခေါင်းသည် ဒမတ်စကပ်မြို့ကို မျက်နှာမူထားသောလက်ဘနွန်မျှော်စင်နှင့်တူပါ၏။
သူ၏အကြီးအကဲတို့သည် နှင်းပွင့်ထက်စင်ကြယ်၍ နို့ရည်ထက်ဖြူခဲ့၏။ သူတို့၏အသားအရေသည် ပတ္တမြားထက်နီ၏။ နီလာကဲ့သို့ တောက်ပသောအဆင်း ရှိခဲ့၏။
မြင့်မားသောအစ္စရေးတောင်ပေါ်မှာ စိုက်မည်။ အကိုင်းအခက်ထွက်လာ၍ အသီးသီးသဖြင့် လှပတင့်တယ်သောသစ်ကတိုးပင်ဖြစ်လာလိမ့်မည်။ အရပ်ရပ်မှ ငှက်အပေါင်းတို့သည် ထိုအပင်၌အသိုက်ဆောက်၍ အကိုင်းအခက်တို့၏အရိပ်၌ ခိုနားကြလိမ့်မည်။
ဘုရားသခင်၏ဥယျာဉ်တော်ရှိသစ်ကတိုးပင်များသည်ပင် ထိုအပင်နှင့်မယှဉ်နိုင်။ ထင်းရှူးပင်သည် သူ၏အခက်အလက်ကို မယှဉ်နိုင်။ ပလိန်းပင်သည်လည်း သူ၏အကိုင်းအခက်ကို မယှဉ်နိုင်။ ဘုရားသခင်၏ဥယျာဉ်တော်ရှိ မည်သည့်အပင်ကမျှ သူ၏လှပတင့်တယ်ခြင်းနှင့်မယှဉ်နိုင်။
သူတို့သည် ငါ့အရိပ်ကို ပြန်လည်ခိုလှုံကြလိမ့်မည်။ ကောက်နှံပင်များကဲ့သို့ ဝေဆာ၍ စပျစ်ပင်များကဲ့သို့ ပွင့်လန်းကြလိမ့်မည်။ လက်ဘနွန်စပျစ်ဝိုင်ကဲ့သို့ ကျော်ကြားလိမ့်မည်။
မည်မျှကောင်းမြတ်ပါသနည်း။ မည်မျှတင့်တယ်ပါသနည်း။ လူပျိုအပျိုတို့သည် ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ကြောင့် ကြီးပွားတိုးတက်ကြလိမ့်မည်။
ထိုအခါ ကိုယ်တော်သည် သူတို့ရှေ့၌ အဆင်းသဏ္ဌာန်ပြောင်းလဲ၍ မျက်နှာတော်သည် နေကဲ့သို့ထွန်းလင်းကာ ဝတ်ရုံတော်သည် အလင်းကဲ့သို့ဖြူဖွေးလာ၏။
သူ၏အဆင်းသဏ္ဌာန်သည် လျှပ်စီးလက်သကဲ့သို့ဖြစ်ပြီး သူ၏အဝတ်သည် နှင်းပွင့်ကဲ့သို့ဖြူ၏။
ကိုယ်တော်သည် အကျွန်ုပ်အား အသက်ရှင်ခြင်းလမ်းကိုသိစေ၍ ရှေ့တော်၌ အကျွန်ုပ်ကို ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝစေတော်မူလိမ့်မည်’ဟု ဆိုထား၏။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
ထိုအမျိုးသမီးကလည်း မိမိခင်ပွန်းထံသွား၍ “ဘုရားသခင်၏လူတစ်ဦး အကျွန်ုပ်ထံ ရောက်လာ၏။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်အဆင်းကဲ့သို့ အဆင်းသဏ္ဌာန်ရှိ၍ ကြောက်ရွံ့ရိုသေဖွယ်ကောင်းလှ၏။ သူအဘယ်ကလာသည်ကို မမေးမိ။ သူ့အမည်ကိုလည်း သူမပြော။