၃ ရာ 4:33 - မြန်မာ့စံမီသမ္မာကျမ်း33 လက်ဘနွန်တောင်ရှိ သစ်ကတိုးပင်မှစ၍ မြို့ရိုးကြားပေါက်တတ်သော ဟုဿုပ်ပင်အထိ အပင်များအကြောင်းကို မြွက်ဆိုခဲ့၏။ တိရစ္ဆာန်များအကြောင်း၊ ငှက်များအကြောင်း၊ တွားသွားသတ္တဝါများအကြောင်းကိုလည်း မြွက်ဆိုခဲ့၏။ အခန်းကိုကြည့်ပါ။Common Language Bible33 သူသည်လေဗနုန်သစ်ကတိုးပင်မှသည် အုတ် ရိုးကပ်ဟုဿုတ်ပင်အထိသစ်ပင်ကြီးငယ် များအကြောင်းကိုဆွေးနွေးတင်ပြခဲ့၏။ တိရစ္ဆာန်များ၊ ငှက်များ၊ တွားတတ်သောသတ္တဝါ များနှင့်ငါးများ၏အကြောင်းကိုလည်း ဖော်ပြခဲ့ပေသည်။- အခန်းကိုကြည့်ပါ။Judson Bible33 လေဗနုန်အာရဇ်ပင်မှစ၍ အုတ်ရိုးနားမှာပေါက်တတ်သော ဟုဿုပ်ပင်တိုင်အောင် မြွက်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏အကြောင်းကိုလည်း မြွက်ဆို၏။ အခန်းကိုကြည့်ပါ။ |
သင်သည် တမန်များကိုစေလွှတ်၍ ဘုရားရှင်ကိုစော်ကားပြောဆိုစေခဲ့၏။ သင်က ငါ၏စစ်ရထားများစွာဖြင့် လက်ဘနွန်တောင်ထိပ်အစွန်အဖျားသို့ ငါတက်ခဲ့ပြီ။ ထိုတောင်ပေါ်ရှိ မြင့်မားသောသစ်ကတိုးပင်၊ အကောင်းဆုံးထင်းရှူးပင်တို့ကို ငါခုတ်လှဲခဲ့ပြီ။ တောနက်ကြီး၏အစွန်အဖျားသို့လည်း ငါရောက်ခဲ့ပြီ။