သိုးအုပ်အားလုံးကို ထိုရေတွင်း၌စုဝေးစေပြီးမှ သိုးထိန်းတို့သည် တွင်းဝမှကျောက်တုံးကိုလှိမ့်ဖယ်၍ သိုးတို့ကိုရေတိုက်ပြီးလျှင် ကျောက်တုံးကို သူ့နေရာ တွင်းဝ၌ပြန်ထားလေ့ရှိကြ၏။
ရှောလမုန်သီချင်း။ 4:12 - မြန်မာ့စံမီသမ္မာကျမ်း အို ငါ့နှမ၊ ငါ့သတို့သမီး၊ သင်သည် ပိတ်ထားသောဥယျာဉ်၊ ပိတ်ထားသောရေကန်၊ ပိတ်ဆို့ထားသောစမ်းရေပေါက် ဖြစ်၏။ Common Language Bible သင်၏ပျိုးပင်တို့ကား၊ ချိုသောအသီးကို သီးတတ် သော သလဲတော၊ နာဒုပင်နှင့် ရောသောဟင်္နာတော၊ Garrad Bible ငါ့ နှ မ၊ ငါ့ ကြင် ရာ သည်၊ စည် ကား သော ဥ ယျာဉ်၊ ကာ ရံ သော စမ်း ပေါက်၊ တံ ဆိပ် ခတ် သော ရေ တွင်း ဖြစ် ပေ၏။ Judson Bible ငါ့နှမ၊ ငါ့ခင်ပွန်းသည် ဝင်းကာသောဥယျာဉ်၊ ပိတ်ထားသော ရေကန်၊ တံဆိပ်ခတ်ထားသော ရေတွင်း ဖြစ်ပေ၏။ |
သိုးအုပ်အားလုံးကို ထိုရေတွင်း၌စုဝေးစေပြီးမှ သိုးထိန်းတို့သည် တွင်းဝမှကျောက်တုံးကိုလှိမ့်ဖယ်၍ သိုးတို့ကိုရေတိုက်ပြီးလျှင် ကျောက်တုံးကို သူ့နေရာ တွင်းဝ၌ပြန်ထားလေ့ရှိကြ၏။
အို ငါ့နှမ၊ ငါ့သတို့သမီး၊ သင်သည် ငါ့နှလုံးသားကို အပိုင်သိမ်းလေပြီ။ သင်၏အကြည့်တစ်ချက်၊ ကျောက်မျက်လည်ဆွဲတစ်ကုံးဖြင့် ငါ့နှလုံးသားကို အပိုင်သိမ်းလေပြီ။
“ချိုင့်ဝှမ်းလွင်ပြင်ရှိအပင်ငယ်တို့ကို ကြည့်ရှုရန်နှင့် စပျစ်ပင်တို့ အညွန့်ထွက်မထွက်၊ သလဲပင် ပွင့်မပွင့် တွေ့မြင်ဖို့ရန် သစ်သီးခြံသို့ အကျွန်ုပ်ဆင်းသွား၏။
“အကျွန်ုပ်ချစ်သူသည် ဥယျာဉ်ထဲတွင် သိုးထိန်းရင်း နှင်းပန်းများကိုခူးဆွတ်ဖို့ရန် မွှေးကြိုင်သောအိပ်ရာရှိရာ သူ၏ဥယျာဉ်သို့ ဆင်းသွားပါ၏။
ထာဝရဘုရားသည် သင့်ကို အစဉ်လမ်းပြတော်မူမည်။ ပူပြင်းခြောက်သွေ့သောအရပ်၌ သင့်ကိုဝပြောစေလျက် သင်၏အရိုးတို့ကို သန်မာစေတော်မူမည်။ သင်သည် ရေဝသောဥယျာဉ်ကဲ့သို့၊ ရေမပြတ်သောစမ်းရေတွင်းကဲ့သို့ ဖြစ်မည်။
သူတို့သည် ဇိအုန်တောင်ထိပ်သို့လာ၍ ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးသငယ်၊ နွားသငယ် စသည်တို့ဖြင့် ထာဝရဘုရား၏ကောင်းမြတ်ခြင်းကြောင့် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့၏စိတ်ဝိညာဉ်သည် ရေဝသောဥယျာဉ်ကဲ့သို့ဖြစ်မည်။ ဝမ်းနည်းပူဆွေးရတော့မည်မဟုတ်။
ထာဝရဘုရားအား သိကျွမ်းဖို့ ကြိုးစားအားထုတ်ကြကုန်စို့။ ကိုယ်တော်သည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ မြေပေါ်သို့ရွာချသော မိုးဦး၊ မိုးနှောင်းကဲ့သို့ ရောက်လာမည်။
အစာသည် ဝမ်းအတွက်ဖြစ်၏။ ဝမ်းသည်လည်း အစာအတွက်ဖြစ်၏။ သို့သော် ဘုရားသခင်သည် ထိုအရာနှစ်မျိုးစလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် တရားနှင့်မညီမေထုန်ပြုရန်အတွက်မဟုတ်ဘဲ သခင်ဘုရားအတွက်ဖြစ်၏။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအတွက်ဖြစ်တော်မူ၏။
သူ၏စိတ်အာရုံသည် ထွေပြားတတ်၏။ အိမ်ထောင်မရှိသောအမျိုးသမီးနှင့်အပျိုကညာတို့သည် ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်နှစ်ဖြာစလုံးသန့်ရှင်းစေရန် သခင်ဘုရား၏အမှုတို့ကိုဂရုစိုက်တတ်၏။ အိမ်ထောင်ရှိသောအမျိုးသမီးမူကား မိမိလင်ယောက်ျားကို မည်ကဲ့သို့နှစ်သက်စေရမည်ဟူသော လောကီအမှုတို့ကိုဂရုစိုက်တတ်၏။
ထိုဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ်နှိပ်တော်မူ၍ စရန်အဖြစ် ငါတို့၏စိတ်နှလုံးထဲ၌ ဝိညာဉ်တော်ကို သွင်းပေးတော်မူ၏။
သင်တို့သည်လည်း သင်တို့၏ကယ်တင်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းတည်းဟူသော သမ္မာတရား၏နှုတ်ကပတ်တော်ကို ထိုသခင်၌ကြားရ၍ ကိုယ်တော်ကိုယုံကြည်သဖြင့် ကတိထားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံရကြ၏။
ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းမနည်းစေကြနှင့်။ သင်တို့သည် ရွေးနုတ်ခြင်းနေ့ရက်အတွက် ထိုဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံရကြ၏။
မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ ထိုမြို့ထဲသို့ဝင်ရလိမ့်မည်မဟုတ်။ ရွံရှာဖွယ်သောအမှုနှင့်လိမ်လည်မှုတို့ကိုပြုကျင့်သောသူသည်လည်း ဝင်ရလိမ့်မည်မဟုတ်။ သိုးသငယ်တော်၏အသက်စာစောင်တွင် စာရင်းဝင်သောသူတို့သာ ဝင်ရကြလိမ့်မည်။
“ငါတို့ဘုရားသခင်၏အစေအပါးတို့၏နဖူးပေါ်တွင် တံဆိပ်ခတ်နှိပ်မပြီးမချင်း မြေကြီး၊ ပင်လယ်နှင့် သစ်ပင်တို့ကို ဘေးမသင့်စေနှင့်”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်၏။