အို ဘုရားသခင်၏မြို့တော်၊ သင်နှင့်ပတ်သက်သည့် ဂုဏ်ပြုချီးမွမ်းဖွယ်ရာများကို မြွက်ဆိုလျက်ရှိ၏။(စေလာ)
ရှောလမုန်သီချင်း။ 3:10 - မြန်မာ့စံမီသမ္မာကျမ်း ဝေါယာဉ်တိုင်တို့ကို ငွေဖြင့်လည်းကောင်း၊ အောက်ခြေကို ရွှေဖြင့်လည်းကောင်း၊ ထိုင်ခုံအခင်းကို ခရမ်းရောင်အထည်ဖြင့်လည်းကောင်း ပြုလုပ်ထား၏။ ဂျေရုဆလင်သမီးပျိုတို့သည် အတွင်းပိုင်းကို ချစ်စဖွယ်ဖြစ်အောင် ပြင်ဆင်ပေးထား၏။ Common Language Bible ဇိအုန်သတို့သမီးတို့၊ လက်ထပ်မင်္ဂလာဆောင် သောနေ့၊ နှလုံးတော်ရွှင်လန်းသောနေ့၌ မယ်တော်တင် သော ဦးရစ်သရဖူကို ဆောင်းတော်မူသော ရှောလမုန် မင်းကြီးကို သွား၍ဖူးမြင်ကြလော့။ ရှောလမုန်မင်း၏ ယာဉ်ပျံတော် ကို ကြည့်ကြလော့။ သူရဲခြောက်ကျိပ်၊ ဣသရေလအမျိုး သားသူရဲ အခြွေအရံရှိကြ၏။ Garrad Bible ကွန်း စင် တိုင် များ ကို ငွေ ဖြင့်လည်းကောင်း၊ ပ လ္လင် တံ ကဲ ကို ရွှေ ဖြင့်လည်း ကောင်း၊ နေ ရာ တော် ကို က မ္ပ လာ နီ ဖြင့် လည်း ကောင်း ပြီး စေ တော် မူ၏။ အ တွင်း ကို မူ ကား၊ ယေ ရု ရှ လင် မြို့ သူ တို့ သည်၊ မေ တ္တာ နှင့် ချယ် လှယ် ကြ ပြီ။ Judson Bible ကွန်းစင်တိုင်တို့ကို ငွေဖြင့်လည်းကောင်း၊ အောက်ပိုင်းကို ရွှေဖြင့်လည်းကောင်း၊ ထိုင်ရန်ဖုံကို နီမောင်းသော ကမ္ဗလာဖြင့်လည်းကောင်း ပြီးစေတော်မူ၏။ အတွင်းကိုမူကား၊ ယေရုရှလင်မြို့သမီးတို့သည် မေတ္တာနှင့် ချယ်လှယ်ကြပြီ။ |
အို ဘုရားသခင်၏မြို့တော်၊ သင်နှင့်ပတ်သက်သည့် ဂုဏ်ပြုချီးမွမ်းဖွယ်ရာများကို မြွက်ဆိုလျက်ရှိ၏။(စေလာ)
“အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်သည် အသားမည်းသော်လည်း ချစ်စရာကောင်းပါ၏။ ကေဒါတဲများ၊ ရှောလမုန်မင်းကြီး၏ရွက်ထည်များနှင့် တူပါ၏။
ရှောလမုန်မင်းကြီးသည် ကိုယ့်အဖို့ ထိုဝေါယာဉ်ကို လက်ဘနွန်သစ်သားများဖြင့် ပြုလုပ်ထား၏။
သို့သော် ငါတို့သည် အပြစ်သားများဖြစ်ကြစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်သည် ငါတို့အပေါ်ထားရှိသော မိမိ၏ချစ်ခြင်းမေတ္တာတော်ကို ထင်ရှားစေတော်မူ၏။
သစ္စာရှိသောသက်သေ၊ သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူ၊ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့ကိုအုပ်ချုပ်သူ ဖြစ်တော်မူသော ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်တော်မူ၍ မိမိ၏သွေးတော်အားဖြင့် ငါတို့အပြစ်များမှ ငါတို့ကိုဖြေလွှတ်ကာ
ငါသည် အောင်မြင်သောသူအား ငါ့ဘုရားသခင်၏ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ အပြင်သို့ထွက်ခွာသွားရတော့မည်မဟုတ်။ ငါသည် ငါ့ဘုရားသခင်၏နာမတော်ကိုလည်းကောင်း၊ ငါ့ဘုရားသခင်၏မြို့တော်တည်းဟူသော ဘုရားသခင်အထံတော်ကောင်းကင်မှဆင်းသက်လာသည့် ဂျေရုဆလင်မြို့သစ်၏နာမကိုလည်းကောင်း၊ ငါ၏နာမအသစ်ကိုလည်းကောင်း သူ့အပေါ်၌ရေးထားမည်။