အကျွန်ုပ်၏ဘုရားသခင်၊ နေ့အချိန်၌အကျွန်ုပ်ခေါ်သော်လည်း ကိုယ်တော်သည် ထူးတော်မမူပါ။ ညအချိန်၌လည်း အကျွန်ုပ်တွင် ငြိမ်သက်ချမ်းသာမှုမရှိပါ။
ရှောလမုန်သီချင်း။ 3:1 - မြန်မာ့စံမီသမ္မာကျမ်း ညအချိန်များ၌ အိပ်ရာပေါ်တွင် အကျွန်ုပ်ချစ်မြတ်နိုးသောအရှင်ကို ရှာဖွေမိပါ၏။ ရှာသော်လည်း မတွေ့ပါ။ Common Language Bible ငါထမည်။ မြို့လမ်းတို့တွင် လည်မည်။ ငါ့ ဝိညာဉ်ချစ်သောသူကို လမ်းမတို့တွင်ရှာမည်ဟုဆိုလျက် ရှာသော်လည်း မတွေ့။ Garrad Bible ကျွန် မ သည် ညဉ့် အ ခါ စက် ရာ ပေါ် တွင်၊ နှစ် သက် မြတ် နိုး ရာ အ ရှင် ကို ရှာ စမ်း၍ မ တွေ့ လျှင်၊ Judson Bible ငါ့ဝိညာဉ်ချစ်သောသူကို ညအခါ အိပ်ရာပေါ်မှာ ငါရှာ၏။ ရှာသော်လည်း မတွေ့။ |
အကျွန်ုပ်၏ဘုရားသခင်၊ နေ့အချိန်၌အကျွန်ုပ်ခေါ်သော်လည်း ကိုယ်တော်သည် ထူးတော်မမူပါ။ ညအချိန်၌လည်း အကျွန်ုပ်တွင် ငြိမ်သက်ချမ်းသာမှုမရှိပါ။
အမျက်ထွက်သော်လည်း အပြစ်မပြုကြနှင့်။ သင်တို့အိပ်ရာပေါ်တွင် သင်တို့စိတ်နှလုံး၌စဉ်းစားဆင်ခြင်လျက် တိတ်ဆိတ်စွာနေကြလော့။(စေလာ)
အကျွန်ုပ်သည် ညည်းတွားရသဖြင့်ပင်ပန်းလှပါ၏။ ညစဉ်ညတိုင်း အကျွန်ုပ်၏မျက်ရည်များဖြင့် အကျွန်ုပ်၏ညောင်စောင်းသည် အိုင်ထွန်း၍ အကျွန်ုပ်၏ခုတင်သည် စိုရွှဲလျက်ရှိပါ၏။
အကျွန်ုပ်ချစ်မြတ်နိုးရသောအရှင်၊ သိုးတို့ကို အဘယ်မှာ ထိန်းကျောင်းသနည်း။ မွန်းတည့်သောအခါ အဘယ်မှာလဲလျောင်းနားနေစေသနည်း။ အကျွန်ုပ်ကို ပြောပြပါ။ အဘယ်ကြောင့် အရှင့်မိတ်ဆွေတို့၏ သိုးအုပ်များကြားတွင် အကျွန်ုပ်သည် ပုန်းလျှိုးကွယ်လျှိုးနေရပါမည်နည်း။”
အကျွန်ုပ်ချစ်သူကို တံခါးဖွင့်ပေးသော်လည်း ချစ်သူမှာ ထွက်သွားနှင့်လေပြီ။ သူစကားပြောသောအခါ အကျွန်ုပ်ရင်ခုန်လွန်းလှပါ၏။ သူ့ကိုရှာသော်လည်း မတွေ့ပါ။ ခေါ်သော်လည်း မထူးပါ။
အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်ချစ်သူကိုတွေ့လျှင် အကျွန်ုပ်အချစ်နာကျနေသည်ကို သူ့အားပြောပြပေးပါမည်ဟု ကျိန်ဆိုကြပါလော့။”
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ညအချိန်၌ ကိုယ်တော်ကို တောင့်တပါ၏။ အကျွန်ုပ်အထဲရှိ ဝိညာဉ်သည်လည်း ကိုယ်တော့်ကို ကြိုးစားရှာပါ၏။ ကမ္ဘာမြေကြီးကို ကိုယ်တော်တရားစီရင်တော်မူသောအခါ လောကသားတို့သည် ဖြောင့်မတ်ခြင်းတရားကို သင်ယူကြပါ၏။
တွေ့နိုင်သည့်ကာလတွင် ထာဝရဘုရားကိုရှာကြလော့။ အနီး၌ရှိတော်မူသည့်ကာလတွင် ကိုယ်တော့်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။
“ကျဉ်းသောတံခါးမှဝင်ရန် ကြိုးစားကြလော့။ အကြောင်းမူကား လူများစွာတို့သည် ဝင်ရန်ရှာကြံကြသော်လည်း မဝင်နိုင်ကြဟု သင်တို့အား ငါဆို၏။
တတိယအကြိမ်၌ ကိုယ်တော်က“ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါ၏သိုးတို့ကို ကျွေးမွေးလော့။
သင်တို့သည် ထိုသခင်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ထိုသခင်ကို ယခုမမြင်သော်လည်း ယုံကြည်ကြပြီး ပြော၍မမီနိုင်သောဝမ်းမြောက်ခြင်းဖြင့် ရွှင်မြူးလျက် ဘုန်းတော်ကိုချီးမွမ်းကြ၏။