Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှောလမုန်သီချင်း။ 3:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ‘ငါ​ထ​ပြီး မြို့​ထဲ​သွား​မည်​။ လမ်း​တကာ​၊ လမ်းဆုံလမ်းခွ​တို့​တွင် ငါ​ချစ်မြတ်နိုး​သော​အရှင်​ကို ရှာ​ပါ​မည်’​ဟု ဆို​ပြီး ရှာ​သော်လည်း မ​တွေ့​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 မြို့ကိုလည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့ကြသော်၊ ငါ့ဝိညာဉ်ချစ်သော သူကိုမြင်ကြသလော ဟု ငါမေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ကျွန် မ က၊ မြို့ ကို လှည့် လည်၍၊ လမ်း မ လမ်း ကြား များ တွင်၊ နှစ် သက် မြတ် နိုး ရာ အ ရှင် ကို ရှာ ဘွေ မည် ဟု အောက် မေ့ လျက် ရှာ သော် လည်း မ တွေ့ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ငါ​ထ​မည်။ မြို့​လမ်း​တို့​တွင်​လည်​မည်။ ငါ့​ဝိ​ညာဉ်​ချစ်​သော​သူ​ကို လမ်း​မ​တို့​တွင် ရှာ​မည်​ဟု​ဆို​လျက် ရှာ​သော်​လည်း မ​တွေ့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှောလမုန်သီချင်း။ 3:2
18 ပူးပေါင်းရင်းမြစ်များ  

ငါ့​စကား​ကို​နားထောင်​၍ ငါ့​တံခါး​တို့​အနား​တွင် နေ့စဉ်နေ့တိုင်း​စောင့်ကြည့်​လျက် ငါ့​တံခါး​တိုင်​တို့​အနား​တွင် စောင့်မျှော်​လျက်​နေ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။


အကျွန်ုပ်​ချစ်မြတ်နိုး​ရ​သော​အရှင်​၊ သိုး​တို့​ကို အဘယ်မှာ ထိန်းကျောင်း​သနည်း​။ မွန်းတည့်​သောအခါ အဘယ်မှာ​လဲလျောင်း​နား​နေ​စေ​သနည်း​။ အကျွန်ုပ်​ကို ပြောပြ​ပါ​။ အဘယ်ကြောင့် အရှင့်​မိတ်ဆွေ​တို့​၏ သိုးအုပ်​များ​ကြားတွင် အကျွန်ုပ်​သည် ပုန်းလျှိုးကွယ်လျှိုး​နေ​ရ​ပါ​မည်နည်း​။”


မြို့​ထဲတွင် ကင်းလှည့်​နေ​သူ​တို့​သည် အကျွန်ုပ်​ကို​တွေ့​ကြ​၏​။ အကျွန်ုပ်​က ‘​အကျွန်ုပ်​ချစ်မြတ်နိုး​သော​အရှင်​ကို သင်​တို့​တွေ့​မိ​ပါ​သလား​’​ဟု မေး​ပါ​၏​။


အကျွန်ုပ်​ချစ်သူ​ကို တံခါး​ဖွင့်​ပေး​ဖို့ ထ​လိုက်​သောအခါ အကျွန်ုပ်​လက်​ကြား​မှ မုရန်​ဆီ​တို့​ယို​၍ လက်ချောင်း​များ​ကြား​မှ တံခါးလက်ကိုင်​ပေါ်သို့ စီးကျ​လာ​ပါ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထံမှ မျက်နှာ​တော်​ကို​လွှဲ​၍ ဒုစရိုက်​လက်​ထဲ၌ အကျွန်ုပ်​တို့​ကို နစ်မွန်း​စေ​သဖြင့် ကိုယ်တော်​၏​နာမ​တော်​ကို​ခေါ်​သော​သူ​၊ မိမိ​စိတ်​ကို နှိုးဆော်​၍ ကိုယ်တော်​ကို ဖက်တွယ်​သော​သူ​တစ်ယောက်မျှ​မ​ရှိ​။


ဂျေရုဆလင်​မြို့​ရှိ​လမ်း​များ​ပေါ်၌ ခေါက်တုံ့ခေါက်ပြန်​သွားလာ​လျက် ကြည့်ရှု​လော့​။ ဆင်ခြင်သုံးသပ်​လော့​။ ထို​မြို့​၏​လမ်းဆုံလမ်းခွ​များ​၌ ရှာဖွေ​လော့​။ တရားမျှတ​စွာ​ပြု​သော​သူ​၊ သစ္စာတရား​ကို​ရှာဖွေ​သော​သူ​တစ်ဦးတစ်ယောက်​တွေ့​လျှင်ပင် ထို​မြို့​ကို ငါ​ခွင့်လွှတ်​မည်​။


ဘုရားသခင်​ထံမှ​စေလွှတ်​ခြင်း​ခံရ​သော ယောဟန်​အမည်​ရှိ​သူ​တစ်​ဦး​ပေါ်ထွန်း​လာ​၏။


သင်​တို့​သည် အချိန်အခါ​ကို​သိ​ကြ​၏။ သင်​တို့​အိပ်ပျော်​ရာ​မှ နိုးထ​ရ​မည့်​အချိန်​နာရီ​ရောက်​လေ​ပြီ။ အဘယ်ကြောင့်​ဆိုသော် ယခု​အခါ ငါ​တို့​၏​ကယ်တင်​ခြင်း​သည် ငါ​တို့​စတင်​ယုံကြည်​ချိန်​က​ထက် ပို၍​နီးကပ်​လာ​ပြီ​ဖြစ်​၏။


အမြင်​မှန်​ရ​ကြ​လော့။ အပြစ်​ကို​မ​ပြု​ကြ​နှင့်။ အကြောင်းမူကား အချို့​သော​သူ​တို့​သည် ဘုရားသခင်​နှင့်​ပတ်သက်၍ အသိဉာဏ်​ကင်းမဲ့​ကြ​၏။ သင်​တို့​ကို​အရှက်​ရ​စေရန် ဤသို့​ငါ​ပြော​၏။


အကြောင်းမူကား ထင်ရှား​လာ​သော​အရာ​ရှိသမျှ​သည် အလင်း​ဖြစ်​၏။ သို့ဖြစ်၍ “အိပ်ပျော်​နေ​သော​သူ၊ နိုး​လော့။ သေ​သော​သူ​တို့​ထဲမှ ထမြောက်​လော့။ ထိုအခါ ခရစ်တော်​သည် သင့်​အား အလင်း​ကို​ပေး​တော်မူ​လိမ့်မည်”​ဟု ဆို​ထား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ