ရှောလမုန်သီချင်း။ 1:2 - မြန်မာ့စံမီသမ္မာကျမ်း “အရှင်သည် အကျွန်ုပ်ကို နှုတ်ခမ်းအနမ်းဖြင့် နမ်းပါစေသော။ အရှင့်မေတ္တာသည် စပျစ်ဝိုင်ထက် ချိုမြိန်ပါ၏။ Common Language Bible ကိုယ်တော်၌ မွှေးကြိုင်းသော နံ့သာဆီကဲ့သို့၊ နာမတော်သည် သွန်းလောင်းသောနံ့သာဆီဖြစ်ပါ၏။ ထိုကြောင့်သတို့သမီးကညာတို့သည် ကိုယ်တော်ကိုချစ်ကြ ပါ၏။ Judson Bible သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကိုနမ်းပါစေ။ ကိုယ်တော်၏မေတ္တာသည် စပျစ်ရည်ထက် သာ၍ကောင်းပါ၏။ |
ယောသပ်သည် မိမိ၏အစ်ကိုအပေါင်းတို့ကိုလည်းနမ်း၍ ငိုကြွေးလေ၏။ ထို့နောက်မှ သူ၏ညီအစ်ကိုတို့သည် သူနှင့်စကားပြောကြ၏။
သားတော်ကိုနမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်သဖြင့် သင်တို့သည် လမ်း၌ပျက်စီးကြရလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်၏အမျက်တော်မီးသည် တစ်ခဏချင်းတွင်တောက်လောင်လိမ့်မည်။ ကိုယ်တော်ကိုခိုလှုံသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။
အို ဘုရားသခင်၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အဖိုးတန်လှပါ၏။ လူသားတို့သည် ကိုယ်တော်၏ အတောင်တော်အရိပ်အောက်၌ ခိုလှုံကြပါ၏။
အကျွန်ုပ်ကို ဆွဲခေါ်သွားပါ။ အကျွန်ုပ်တို့ ပြေးကြပါစို့။ ရှင်ဘုရင်သည် အကျွန်ုပ်ကို အတွင်းခန်းသို့ ခေါ်ဆောင်သွားပါ၏။” “အကျွန်ုပ်တို့ ရွှင်လန်းဝမ်းမြောက်ကြပါ၏။ စပျစ်ဝိုင်ထက် အရှင့်မေတ္တာအကြောင်းကို ချီးမွမ်းကြပါမည်။ အရှင့်ကို အမှန်တကယ်ချစ်ကြပါ၏။”
အရှင်သည် အကျွန်ုပ်ကို စားသောက်ပွဲကျင်းပရာအိမ်သို့ ခေါ်သွားပါ၏။ အကျွန်ုပ်ပေါ်၌ရှိသောအရှင်၏အောင်လံသည် မေတ္တာဖြစ်ပါ၏။
အို ငါ့နှမ၊ ငါ့သတို့သမီး၊ သင်၏ချစ်ခြင်းမေတ္တာသည် တင့်တယ်လှပါ၏။ သင်၏ချစ်ခြင်းမေတ္တာသည် စပျစ်ဝိုင်ထက်သာ၍ နှစ်သက်ဖွယ်ကောင်းပါ၏။ သင်၏နံ့သာဆီသည်လည်း အမွှေးနံ့သာတကာတို့ထက် သာ၍မွှေးပါ၏။
နှုတ်ချို၍ သူ့တစ်ကိုယ်လုံး နှစ်သက်မြတ်နိုးဖွယ်ဖြစ်၏။ အို ဂျေရုဆလင်သမီးပျိုတို့၊ ဤသူကား အကျွန်ုပ်၏ချစ်သူ၊ ဤသူသည် အကျွန်ုပ်မိတ်ဆွေ ဖြစ်၏။”
စောစောထ၍ စပျစ်ခြံသို့သွားကြစို့။ စပျစ်ပင်တို့ အညွန့်ထွက်မထွက်၊ အပွင့် ပွင့်မပွင့်၊ သလဲပင် ပွင့်မပွင့် သွားကြည့်ကြစို့။ ထိုနေရာတွင် အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို အရှင့်အား ပေးအပ်ပါမည်။
အို အချစ်လေး၊ သင်သည် အလွန်အဆင်းလှပါ၏။ အလွန်နှစ်သက်ဖွယ်ကောင်းပါ၏။ အလွန်စွဲမက်စရာကောင်းလှပါ၏။
သင့်နှုတ်သည် အကောင်းစားစပျစ်ဝိုင်ဖြစ်ပါစေ။” “အကျွန်ုပ်ချစ်သူအဖို့ ထိုစပျစ်ဝိုင်သည် နှုတ်ခမ်းနှင့် သွားများမှတစ်ဆင့် ချောမွေ့စွာစီးဆင်းပါ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် လူအပေါင်းတို့အတွက် အကောင်းဆုံးအစားအစာနှင့် နှစ်ချို့စပျစ်ဝိုင်စားသောက်ပွဲကို ဤတောင်ပေါ်၌ ပြင်ဆင်တော်မူမည်။ ထိုစားသောက်ပွဲတွင် အဆီအနှစ်နှင့်ပြည့်သောအကောင်းဆုံးအစားအစာများ၊ သန့်စင်ထားသောနှစ်ချို့စပျစ်ဝိုင်များဖြင့် တည်ခင်းတော်မူမည်။
ထို့နောက် သူတို့စားလျက်နေကြစဉ် ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အားပေးလျက်“ယူ၍စားကြလော့။ ဤမုန့်ကား ငါ၏ကိုယ်ခန္ဓာဖြစ်၏”ဟု မိန့်တော်မူ၏။
ထ၍ မိမိဖခင်ထံသို့ပြန်လာလေ၏။ သူသည် အဝေး၌ရှိနေစဉ်ပင် သူ၏ဖခင်သည် သူ့ကိုမြင်လျှင် ကြင်နာစိတ်ရှိသဖြင့် ပြေးလာ၍ သူ့ကိုဖက်လျက် နမ်းလေ၏။
ထို့နောက် ပတောလင်မြို့သို့ရောက်၍ တိုင်ရာမြို့မှ ငါတို့ထွက်လာသည့် ပင်လယ်ခရီးပြီးဆုံးလေ၏။ ငါတို့သည် ထိုမြို့၌ရှိသောညီအစ်ကိုများကိုနှုတ်ဆက်၍ သူတို့နှင့်အတူ တစ်ရက်နေကြ၏။
အချင်းချင်းမေတ္တာအနမ်းဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၌ရှိကြသော သင်တို့အားလုံး၌ ငြိမ်သက်ခြင်းရှိပါစေသော။