Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

ရှောလမုန်သီချင်း။ 1 - Judson Bible


သီ​ချင်း​တ​ကာ​တို့​တွင် အ​ထွဋ်​ဖြစ်​သော ရှော​လ​မုန်​သီ​ချင်း

1 သီ​ချင်း​တ​ကာ​တို့​တွင် အထွတ်​ဖြစ်​သော ရှော​လ​မုန်​သီ​ချင်း။


သ​တို့​သ​မီး​နှင့်​မိတ်​ဆွေ​များ

2 သ​ခင်​နှုတ်​ဆက်​သော နမ်း​ခြင်း​ဖြင့် ကျွန်​မ​ကို​နမ်း​ပါ​စေ။ ကိုယ်​တော်၏​မေ​တ္တာ​သည် စ​ပျစ်​ရည်​ထက် သာ၍​ကောင်း​ပါ၏။

3 ကိုယ်​တော်၌ မွှေး​ကြိုင်​သော နံ့​သာ​ဆီ​ကဲ့​သို့၊ နာ​မ​တော်​သည် သွန်း​လောင်း​သော နံ့​သာ​ဆီ​ဖြစ်​ပါ၏။ ထို​ကြောင့် သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို ချစ်​ကြ​ပါ၏။

4 ကျွန်​မ​ကို သွေး​ဆောင်​တော်​မူ​ပါ။ ကျွန်​မ​တို့​သည် နောက်​တော်​သို့ ပြေး၍​လိုက်​ကြ​ပါ​မည်။ အ​ရှင်​မင်း​ကြီး​သည် အိမ်​တော်​အ​တွင်း​ခန်း​ထဲ​သို့ ကျွန်​မ​ကို ဆောင်​ခဲ့​တော်​မူ​ပြီ။ ကျွန်​မ​တို့​သည် ကိုယ်​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​မည်။ မေ​တ္တာ​တော်​ကို စ​ပျစ်​ရည်​ထက် သာ၍​ချီး​မွမ်း​ကြ​မည်။ သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို မှန်​ကန်​စွာ ချစ်​ကြ​ပါ၏။

5 အို​ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​သည် ကေ​ဒ​တဲ​ကဲ့​သို့ မည်း​သော​အ​ဆင်း​ရှိ​သော်​လည်း၊ ရှော​လ​မုန်​မင်း၏​ကု​လား​ကာ​ကဲ့​သို့ တင့်​တယ်​သေး၏။

6 ငါ​သည် နေ​ပူ​ကို​ခံ၍ မည်း​သော​အ​ဆင်း​ရှိ​သော​ကြောင့်၊ ငါ့​ကို မ​ကြည့်​ရှု​ကြ​ပါ​နှင့်။ ငါ့​မိ​ခင်၏​သား​သ​မီး​တို့​သည် ငါ့​ကို မ​နာ​လို​သော​စိတ်​ရှိ၍၊ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို စောင့်​စေ​ကြ၏။ ကိုယ်​ဥ​ယျာဉ်​ကို မ​စောင့်​ရ​ပါ။

7 ကျွန်​မ နှစ်​သက်​နှစ်​လို​ရာ​အ​ရှင်၊ ကိုယ်​တော်​သည် သိုး​များ​ကို အ​ဘယ်​မှာ ထိန်း​တော်​မူ​သည်​ကို​လည်း​ကောင်း၊ မွန်း​တည့်​ချိန်၌ အ​ဘယ်​မှာ အ​ရိပ်​ခို​စေ​တော်​မူ​သည်​ကို​လည်း​ကောင်း ပြ​တော်​မူ​ပါ။ ကျွန်​မ​သည် အ​ခြား​တစ်​ပါး​သော သိုး​ထိန်း​နောက်​သို့ အ​ဘယ်​ကြောင့် လမ်း​လွဲ၍​လိုက်​ရ​ပါ​အံ့​နည်း။

8 မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​သည်​မ​သိ​လျှင်၊ သိုး​များ​ခြေ​ရာ​သို့ လိုက်​သွား၍၊ သိုး​ထိန်း​တဲ​များ​အ​နား​မှာ သင်၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​ပါ​လော့။


သ​တို့​သား​နှင့်​သ​တို့​သ​မီး

9 ငါ​ချစ်​သော​နှ​မ၊ သင့်​ကို ဖာ​ရော​မင်း​ရ​ထား၌ က​သော​မြင်း​နှင့် ငါ​ပုံ​ပြ​မည်။

10 သင်၏​ပါး​သွယ်၌ မုတ်​ပု​တီး တန်​ဆာ​ဆင်​လျက်၊ လည်​ပင်း၌ ပု​လဲ​အ​သွယ်​သွယ်​ဆွဲ​လျက်၊ သင်​သည် တင့်​တယ်​လှ၏။

11 ငွေ​နှင့် အ​ပြောက်​ချယ်​သော ရွှေ​ပု​တီး​အ​သွယ်​သွယ်​ကို​လည်း လုပ်၍​ပေး​ဦး​မည်။

12 အ​ရှင်​မင်း​ကြီး​သည် စား​ပွဲ​တော်​နား​မှာ​ထိုင်​နေ​စဉ်၊ ငါ​ထုံ​သော နာ​ဒု​ဆီ​မွှေး​အ​နံ့​သည် တ​ပျံ့​ပျံ့​တ​လှိုင်​လှိုင် ဖြစ်​လေ၏။

13 ငါ​ချစ်​ရာ​သ​ခင်​သည် ငါ၌ မု​ရန်​နံ့​သာ​ပုံ​ဖြစ်၍၊ ငါ့​ရင်​အုံ​ကြား​မှာ တစ်​ည​လုံး အိပ်​ရ​မည်။

14 ငါ​ချစ်​ရာ​သ​ခင်​သည် အင်္ဂေ​ဒိ​ဥ​ယျာဉ်​မှ ဖြစ်​သော ဟင်္နာ​ခက်​ရွက်​စည်း​ကဲ့​သို့ ဖြစ်​ပါ၏။

15 ငါ​ချစ်​သော​နှ​မ၊ သင်​သည် အ​ဆင်း​လှ​ပေ၏။ အ​လွန်​လှ​ပေ၏။ ချိုး​မျက်​စိ​နှင့် ပြည့်​စုံ၏။

16 ငါ​ချစ်​ရာ​သ​ခင်​သည် အ​ဆင်း​လှ၍၊ ချစ်​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​တော်​မူ၏။ ငါ​တို့​အိပ်​ရာ​ခင်း​သည် စိမ်း​သော​အ​ဆင်း​ရှိ၏။

17 ငါ​တို့​ဗိ​မာန်​တိုင်​တို့​သည် အာ​ရဇ်​ပင်၊ အ​မိုး​သည် ထင်း​ရှူး​ပင်​ဖြင့် ပြီး​သ​တည်း။

Judson Bible Revision © Bible Society of Myanmar, 2021.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ