အိမ်တော်ပတ်ပတ်လည်တွင် အမြင့်ငါးတောင်ရှိသောအခန်းငယ်များ ဆောက်လုပ်ထားပြီး ထိုအခန်းများကို သစ်ကတိုးသားရက်မများဖြင့် အိမ်တော်နှင့်တွဲဆက်ထား၏။
ရှောလမုန်သီချင်း။ 1:17 - မြန်မာ့စံမီသမ္မာကျမ်း သစ်ကတိုးများသည် အကျွန်ုပ်တို့၏အိမ်ရက်မ၊ ထင်းရှူးများသည် အကျွန်ုပ်တို့၏အိမ်ဒိုင်း ဖြစ်ပါ၏။ Common Language BibleGarrad Bible အ ကျွန်ုပ် တို့၏ အိမ် တိုင် ထုပ် လျောက် များ သည်၊ သစ် က တိုး၊ ဒိုင်း ကျား များ လည်း၊ ထင်း ရူး ဖြစ် သ တည်း။ Judson Bible ငါတို့ဗိမာန်တိုင်တို့သည် အာရဇ်ပင်၊ အမိုးသည် ထင်းရှူးပင်ဖြင့် ပြီးသတည်း။ |
အိမ်တော်ပတ်ပတ်လည်တွင် အမြင့်ငါးတောင်ရှိသောအခန်းငယ်များ ဆောက်လုပ်ထားပြီး ထိုအခန်းများကို သစ်ကတိုးသားရက်မများဖြင့် အိမ်တော်နှင့်တွဲဆက်ထား၏။
ဤသို့ အိမ်တော်ကိုတည်ဆောက်ပြီးစီးပြီးမှ အိမ်တော်အမိုးမျက်နှာကြက်ကို သစ်ကတိုးသား ထုပ်တန်းများ၊ ပျဉ်ချပ်များဖြင့် ပြုလုပ်၏။
ပင်မဆောင်ကို ထင်းရှူးသားဖြင့်ကာပြီး ရွှေစင်နှင့်မွမ်းမံထား၏။ နံရံပေါ်တွင် စွန်ပလွံပင်ပုံများ၊ ကြိုးများနှင့် အလှဆင်ထား၏။
ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍ လက်ဘနွန်တောင်မှ သစ်ကတိုးပင်ကဲ့သို့ကြီးထွားလိမ့်မည်။
သင့်ဦးခေါင်းသည် ကရမေလတောင်နှင့်တူပြီး ဦးခေါင်းရှိဆံနွယ်များသည် ပိတုန်းရောင်သန်းလျက်ရှိပါ၏။ ထိုဆံနွယ်စုများသည် ရှင်ဘုရင်ကို ရစ်ပတ်နှောင်တွယ်ထားလေပြီ။
သူသည် မြို့ရိုးဖြစ်လျှင် ထိုအပေါ်တွင် ငွေပြအိုးကိုတည်မည်။ သူသည် တံခါးဖြစ်လျှင် သူ့ကိုသစ်ကတိုးသားဖြင့် ဆောက်လုပ်မည်။”
‘ငါ့အတွက် ကြီးမားသောနန်းတော်၊ ကျယ်ဝန်းသောဘုံဗိမာန်များကို တည်ဆောက်မည်။ ပြတင်းပေါက်များကိုဖောက်၍ သစ်ကတိုးနှင့်အကွက်ဖော်ပြီးလျှင် အနီရောင်သုတ်မည်’ဟု ဆိုသောသူသည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
တံခါးခုံများ၊ ရာဇမတ်ကွက်ပြတင်းပေါက်ငယ်များနှင့် တံခါးခုံရှေ့ရှိ သုံးဘက်သုံးတန်မှလျှောက်လမ်းများကို သစ်သားဖြင့် အလှဆင်ထား၏။ ကြမ်းပြင်မှပြတင်းပေါက်အထိနံရံများ၊ ပြတင်းပေါက်များကိုလည်း သစ်သားဖြင့် အလှဆင်ထား၏။
အတွင်းဝင်းရှိ အတောင်နှစ်ဆယ်ကျယ်သောမြေကွက်လပ်နားရှိ သုံးထပ်ဆောင်နှင့် အပြင်ဝင်းရှိ ကျောက်ခင်းစင်္ကြံနှင့်မျက်နှာချင်းဆိုင် သုံးထပ်ဆောင်တို့၏လျှောက်လမ်းတို့သည် မျက်နှာချင်းဆိုင်လျက်ရှိ၏။
အကြောင်းမူကား သူသည် ဘုရားသခင်ရေးဆွဲစီမံ၍ တည်ဆောက်တော်မူသော ခိုင်ခံ့သည့်အုတ်မြစ်ရှိသောမြို့ကို မျှော်လင့်နေ၏။