သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
ရှင်ယောဟန် 9:4 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အမှုတော်များကို နေ့အချိန်ရှိစဉ် လုပ်ဆောင်ရမည်။ မည်သူမျှအလုပ်မလုပ်နိုင်သော ညအချိန်ရောက်လာလိမ့်မည်။ Common Language Bible ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အမှု တော်မြတ်ကိုနေ့အချိန်၌ငါတို့လုပ်ဆောင် ကြရမည်။ အဘယ်သူမျှမလုပ်ဆောင်နိုင် သည့်ညဥ့်အချိန်ကျရောက်လာလိမ့်မည်။- Garrad Bible မည်သူမျှလုပ်ဆောင်ခွင့်မရသော ညဉ့်အချိန်ရောက်တော့မည့်အလျောက် ငါ့ကိုစေလွှတ်တော်မူလိုက်သော အရှင့်အမှုတော်များကို နေ့အချိန်ရှိစဉ်ငါတို့ဆောင်ရွက်ရကြမည်။ Judson Bible ငါ့ကို စေလွှတ်တော်မူသောသူ၏အမှုကို နေ့အချိန်၌ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှ အမှုမပြုနိုင်သော အချိန်တည်းဟူသော ညအချိန်လာသေး၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ကို စေလွှတ်တော်မူသောအရှင်၏ အမှုကိစ္စတို့ကို နေ့အချိန်၌ လုပ်ဆောင်ကြရမည်။ မည်သူမျှ မလုပ်ဆောင်နိုင်သောညအချိန် ရောက်လာလိမ့်မည်။ မြန်မာ ငါ့ကို စေလွှတ်တော်မူသောသူ၏အမှုကို နေ့အချိန်၌ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှ အမှုမပြုနိုင်သော အချိန်တည်းဟူသော ညအချိန်လာသေး၏။- |
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
ထိုသူတို့ကလည်း ‘မည်သူမျှ အကျွန်ုပ်တို့ကို မငှားသောကြောင့်ဖြစ်ပါသည်’ဟု ဖြေကြလျှင် ခြံပိုင်ရှင်က ‘သင်တို့သည်လည်း စပျစ်ခြံသို့သွားကြလော့’ဟု ဆိုလေ၏။
ကိုယ်တော်ကလည်း လက်တစ်ဖက်သေသောသူအား“အားလုံးရှေ့၌မတ်တတ်ရပ်လော့”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“ငါသည် ခမည်းတော်ထံမှ ကောင်းသောအမှုများစွာတို့ကို သင်တို့အားပြသခဲ့၏။ ၎င်းတို့ထဲမှ မည်သည့်အမှုကြောင့် ငါ့ကိုခဲနှင့်ပေါက်သတ်ကြမည်နည်း”ဟု သူတို့အားမေးတော်မူလျှင်
ငါသည် ငါ့ခမည်းတော်၏အမှုတော်များကို မဆောင်ရွက်လျှင် ငါ့ကိုမယုံကြည်ကြနှင့်။
ယေရှုကလည်း“အလင်းသည် သင်တို့တွင် နောက်ထပ် ခဏရှိဦးမည်။ သင်တို့အား မှောင်မိုက်မလွှမ်းမိုးစေရန် အလင်းရှိခိုက် သွားလာကြလော့။ မှောင်မိုက်၌သွားလာသောသူသည် မိမိမည်သည့်အရပ်သို့သွားသည်ကိုမသိ။
အကျွန်ုပ်ဆောင်ရွက်ရန် ကိုယ်တော်ပေးအပ်တော်မူသောအမှုတော်ကို အကျွန်ုပ်သည် ပြီးမြောက်စေ၍ ကိုယ်တော်၏ဘုန်းတော်ကို မြေကြီးပေါ်၌ထင်ရှားစေပါပြီ။
ယေရှုကလည်း“ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်ကို ဆောင်ရွက်၍ သူ၏အမှုတော်ကိုပြီးမြောက်စေခြင်းသည် ငါ၏အစားအစာဖြစ်၏။
ထိုအခါ ယေရှုက“သင်တို့အား ငါအမှန်အကန်ဆိုမည်။ သားတော်သည် ခမည်းတော်ပြုတော်မူသောအရာကိုမြင်၍ ပြုခြင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မိမိဆန္ဒအလျောက်မပြုနိုင်။ အကြောင်းမူကား ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။
ငါ၌မူကား ယောဟန်ထက် ကြီးမြတ်သောသက်သေခံချက်ရှိ၏။ ငါပြီးမြောက်အောင်ဆောင်ရွက်ရန် ငါ့အားခမည်းတော်ပေးအပ်တော်မူသောအမှုများဖြစ်သည့် ယခုငါပြုနေသောအမှုများကပင် ခမည်းတော်သည် ငါ့အားစေလွှတ်တော်မူကြောင်းကို သက်သေခံကြ၏။
ထိုအခါ ယေရှုက“ငါသည် သင်တို့နှင့်အတူ နောက်ထပ် ခဏနေပြီးလျှင် ငါ့ကိုစေလွှတ်တော်မူသောအရှင်ထံသို့ သွားမည်။
အကျွန်ုပ်တို့သည် မိမိတို့ကြားရ၊ မြင်ရသောအရာတို့ကို မဟောပြောဘဲမနေနိုင်”ဟု သူတို့အား ပြန်ပြောကြ၏။
ထို့ကြောင့် ငါတို့သည် အခါအခွင့်ရသောအခါ လူအပေါင်းတို့အပေါ် အထူးသဖြင့် ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အပေါ် ကောင်းသောအမှုကို ပြုကြကုန်စို့။
အပြင်လူတို့ရှေ့တွင် ဉာဏ်ပညာရှိစွာအသက်ရှင်လျှောက်လှမ်း၍ အချိန်အခါကို ကောင်းစွာအသုံးချကြလော့။