Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 7:33 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 ထိုအခါ ယေရှု​က“ငါ​သည် သင်​တို့​နှင့်အတူ နောက်ထပ် ခဏ​နေ​ပြီးလျှင် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ထံသို့ သွား​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 သ​ခင်​ယေ​ရှု​က​လူ​တို့​အား ``ငါ​သည်​သင်​တို့ နှင့်​အ​တူ​ခေတ္တ​ခ​ဏ​သာ​နေ​ပြီး​လျှင်​ငါ့​ကို စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ထံ​သို့​ငါ​သွား ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ယေရှုက ငါသည်သင်တို့နှင့်ခဏမျှဆက်လက်နေပြီးလျှင် စေလွှတ်တော်မူလိုက်သောအရှင့်ထံသွားတော့မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 ယေ​ရှု​က​လည်း၊ ငါ​သည် သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ပြီး​လျှင်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ​ထံ​သို့ သွား​ရ​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 သို့သော် ယေရှု​က “ငါ​သည် သင်တို့​နှင့်အတူ ခဏ​သာ နေရ​လိမ့်မည်။ ထို့နောက် ငါ့​ကို စေလွှတ်တော်မူသော​အရှင်​ထံသို့ ပြန်ရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

33 ယေ​ရှု​က​လည်း၊ ငါ​သည် သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ပြီး​လျှင်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ​ထံ​သို့ သွား​ရ​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 7:33
16 ပူးပေါင်းရင်းမြစ်များ  

သခင်​ယေရှု​သည် သူ​တို့​အား ထိုသို့​မိန့်​တော်မူ​ပြီးနောက် ကောင်းကင်​သို့​ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​၍ ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ထိုင်​တော်မူ​၏။


ပသခါ​ပွဲတော်​မတိုင်မီ​၌ ယေရှု​သည် ဤ​လောက​မှ​ထွက်ခွာ​ပြီး ခမည်းတော်​ထံသို့​သွား​ရ​မည့် မိမိ​အချိန်​ရောက်လာ​သည်​ကို သိ​တော်မူ​၍ ဤ​လောက​၌​ရှိ​သော မိမိ​လူ​တို့​ကို​ချစ်​တော်မူ​လျက် အဆုံး​တိုင်အောင်​ချစ်​တော်မူ​၏။


ယေရှု​သည် အရာ​ခပ်သိမ်း​တို့​ကို မိမိ​လက်​သို့ ခမည်းတော်​ပေးအပ်​တော်မူ​သည်​ကို​လည်းကောင်း၊ မိမိ​သည် ဘုရားသခင်​ထံမှ​ကြွလာ​ပြီး ဘုရားသခင်​ထံသို့​ပြန်​သွား​တော့မည်​ကို​လည်းကောင်း သိ​တော်မူ​သဖြင့်


ချစ်​သား​တို့၊ ငါ​သည် သင်​တို့​နှင့်အတူ ခဏတာ​မျှသာ နေ​ရ​တော့မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်မည်။ သို့ရာတွင် ‘ငါ​သွား​ရာ​အရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ’​ဟု ဂျူး​လူမျိုး​တို့​အား ငါ​ပြော​သကဲ့သို့ ယခု သင်​တို့​ကို​လည်း ငါ​ပြော​၏။


သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ့​ကို​ယုံကြည်​သော​သူ​သည် ငါ​ပြု​သော​အမှု​တို့​ကို​ပြု​လိမ့်မည်။ ထို​ထက် ပို၍​ကြီးမြတ်​သော​အမှု​တို့​ကို​လည်း ပြု​လိမ့်မည်။ အကြောင်းမူကား ငါ​သည် ခမည်းတော်​ထံသို့​သွား​မည်​ဖြစ်​၏။


နောက်ထပ် ခဏ​ကြာ​လျှင် ဤ​လောက​သည် ငါ့​ကို​မြင်​ရ​တော့မည်​မ​ဟုတ်။ သင်​တို့​မူကား ငါ့​ကို​မြင်​ရ​ကြ​လိမ့်မည်။ ငါ​သည်​အသက်ရှင်​သောကြောင့် သင်​တို့​သည်​လည်း အသက်ရှင်​ရ​ကြ​လိမ့်မည်။


ငါ​သည် သွား​သော်လည်း သင်​တို့​ထံသို့​ပြန်လာ​ဦး​မည်​ဟု ငါ​ပြော​ခဲ့​သည်​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လျှင် ခမည်းတော်​ထံသို့ ငါ​သွား​သည့်​အတွက် ဝမ်းမြောက်​ကြ​လိမ့်မည်။ အကြောင်းမူကား ခမည်းတော်​သည် ငါ့​ထက် ကြီးမြတ်​တော်မူ​၏။


ငါ​သည် ခမည်းတော်​ထံသို့​သွား​၍ သင်​တို့​သည် ငါ့​ကို​တွေ့မြင်​ရ​တော့မည်​မ​ဟုတ်​သောကြောင့် ဖြောင့်မတ်​ခြင်း​အကြောင်း​ကို​လည်းကောင်း၊


ငါ​သည် ခမည်းတော်​ထံမှ ကြွလာ​၍ ဤ​လောက​သို့ ရောက်​ခဲ့​၏။ တစ်ဖန် ဤ​လောက​မှ ထွက်ခွာ​၍ ခမည်းတော်​ထံသို့ သွား​တော့​မည်”​ဟု မိန့်​တော်မူ​၏။


ယခု​မူကား ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ထံသို့ ငါ​သွား​တော့မည်။ သို့သော် သင်​တို့​ထဲမှ မည်သူ​က​မျှ ‘ကိုယ်တော်​သည် မည်သည့်​အရပ်​သို့ သွား​မည်နည်း’​ဟု ငါ့​အား မ​မေး​ကြ။


အကျွန်ုပ်​သည် ဤ​လောက​၌​ရှိ​တော့မည်​မ​ဟုတ်​ပါ။ သူ​တို့​မူကား ဤ​လောက​၌​ရှိ​ကြ​ပါ​မည်။ အကျွန်ုပ်​သည် ကိုယ်တော်​ထံသို့​လာ​ပါ​၏။ သန့်ရှင်း​တော်မူ​သော​အဖ၊ သူ​တို့​သည် အကျွန်ုပ်​တို့​နည်းတူ တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​ရန် အကျွန်ုပ်​ထံ​ပေးအပ်​တော်မူ​သော ဤ​သူ​တို့​ကို ကိုယ်တော်​၏​နာမ​တော်​၌ စောင့်ရှောက်​တော်မူ​ပါ။


ယခု ကိုယ်တော်​ထံသို့ အကျွန်ုပ်​လာ​ပါ​၏။ သူ​တို့​သည် အကျွန်ုပ်​၏​ဝမ်းမြောက်​ခြင်း​ကို မိမိ​တို့​၌ အပြည့်အဝ​ခံစား​ရ​မည့်​အကြောင်း ဤ​လောက​၌​နေ​စဉ် ဤ​အရာ​များ​ကို အကျွန်ုပ်​ပြော​ပါ​၏။


ယေရှု​က​လည်း“ငါ​သည် ခမည်းတော်​ထံသို့ မ​တက်​သွား​ရ​သေး​သဖြင့် ငါ့​ကို​မ​ထိ​နှင့်​ဦး။ ငါ့​ညီအစ်ကို​တို့​ထံသို့​သွား​၍ ‘ငါ့​ခမည်းတော်​တည်းဟူသော သင်​တို့​၏​ခမည်းတော်၊ ငါ့​ဘုရားသခင်​တည်းဟူသော သင်​တို့​၏​ဘုရားသခင်​ထံသို့ ငါ​တက်​သွား​တော့မည်’​ဟူ၍ ပြောကြား​လော့”​ဟု မိန့်​တော်မူ​၏။


ငါ​တို့​သည် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အမှု​တော်​များ​ကို နေ့​အချိန်​ရှိ​စဉ် လုပ်ဆောင်​ရ​မည်။ မည်သူမျှ​အလုပ်​မ​လုပ်​နိုင်​သော ည​အချိန်​ရောက်​လာ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ