ရှင်ယောဟန် 8:31 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယေရှုသည် မိမိကိုယုံကြည်သော ဂျူးလူမျိုးတို့အား“သင်တို့သည် ငါ၏တရားစကား၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြပြီး Common Language Bible သခင်ယေရှုသည်ယုံကြည်သူတို့အား ``သင် တို့သည်ငါဟောပြောသွန်သင်သည်အတိုင်းပြု ကျင့်ကြလျှင် ငါ၏တပည့်အမှန်ဖြစ်ကြ၏။- Garrad Bible ထို့ကြောင့် ကိုယ်တော်ကိုယုံကြည်သောယုဒလူမျိုးတို့အား ယေရှုက သင်တို့သည်ငါ့တရား၌တည်လျှင် ငါ့တပည့်စစ်ဖြစ်၍၊ Judson Bible ထိုအခါယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက မိမိကို ယုံကြည်သောဂျူးလူမျိုးတို့အား “ငါ့သွန်သင်ချက်ကို လိုက်နာလျှင် သင်တို့သည် အမှန်ပင် ငါ့တပည့်ဖြစ်ကြ၏။ မြန်မာ ထိုအခါယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။- |
ယေရှုသည် မိမိထံသို့ နာသနေလလာနေသည်ကိုမြင်လျှင်“ကြည့်လော့။ စစ်မှန်သောအစ္စရေးအမျိုးသားပေတည်း။ သူ၌စဉ်းလဲခြင်းမရှိ”ဟု သူ့ကိုရည်ညွှန်း၍ မိန့်တော်မူ၏။
ယေရှုနှင့်တပည့်တော်တို့သည်လည်း ထိုမင်္ဂလာဆောင်ပွဲသို့ဖိတ်ခေါ်ခြင်းခံရကြ၏။
အကြောင်းမူကား ငါ၏အသားသည် စစ်မှန်သောစားစရာဖြစ်ပြီး ငါ၏သွေးသည် စစ်မှန်သောသောက်စရာဖြစ်၏။
ထို့ကြောင့် သားတော်သည် သင်တို့ကိုလွတ်မြောက်စေလျှင် သင်တို့သည် ဧကန်အမှန်လွတ်မြောက်ကြလိမ့်မည်။
ဝတ်ပြုစည်းဝေးကျောင်းဆင်းသောအခါ များစွာသောဂျူးလူမျိုးမှစ၍ ဘုရားသခင်ကိုကိုးကွယ်သည့် ဂျူးဘာသာဝင်ဖြစ်လာသူတို့သည် ပေါလုနှင့်ဗာနဗတို့နောက်သို့ လိုက်ကြ၏။ သူတို့နှစ်ဦးသည်လည်း ထိုသူတို့အား ဘုရားသခင်၏ကျေးဇူးတော်၌ ဆက်လက်တည်နေကြရန် အားပေးတိုက်တွန်းကြ၏။
တပည့်တော်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်း၌ ဆက်၍တည်နေကြရန် တိုက်တွန်းနှိုးဆော်ကာ “ငါတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် များစွာသောဆင်းရဲဒုက္ခကို ဖြတ်သန်းရမည်”ဟု ဆိုကြ၏။
သို့ရာတွင် အကျွန်ုပ်သည် ဘုရားသခင်၏မစခြင်းကျေးဇူးကိုခံစားရ၍ ယနေ့တိုင်အောင် ရပ်လျက် လူကြီးလူငယ်တို့အား သက်သေခံနေပါသည်။ ထိုသို့သက်သေခံရာ၌ နောင်တွင် ဖြစ်ပျက်မည်ဟု မောရှေနှင့်ပရောဖက်တို့ဟောပြောခဲ့သည့်အရာများမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မပြောဆိုခဲ့ပါ။
ထို့ကြောင့် ဘုရားသခင်၏ပြင်းထန်သောစီရင်တော်မူခြင်းနှင့်ကျေးဇူးပြုတော်မူခြင်းတို့ကို ကြည့်ကြလော့။ ပြင်းထန်သောစီရင်တော်မူခြင်းသည် လဲကျသောသူတို့ပေါ်၌ရှိ၍ ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းမူကား သင်သည် ထိုကျေးဇူးပြုတော်မူခြင်း၌ ဆက်၍တည်နေလျှင် သင့်အပေါ်၌ရှိ၏။ ဆက်၍မတည်လျှင် သင်သည်လည်း ခုတ်ဖြတ်ခြင်းခံရလိမ့်မည်။
ကောင်းသောအမှုကို ဇွဲလုံ့လဖြင့်ပြုလျက် ဘုန်းတော်၊ ဂုဏ်တော်နှင့် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာတို့ကိုရှာဖွေသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။
သို့သော် အမျိုးသမီးတို့သည် ဣန္ဒြေစောင့်ခြင်းနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် သန့်ရှင်းခြင်းတို့၌တည်လျှင် သားဖွားခြင်းအမှုအားဖြင့် ကယ်တင်ခြင်းခံရလိမ့်မည်။
သင့်ကိုယ်သင်သော်လည်းကောင်း၊ သင်၏သွန်သင်ချက်ကိုသော်လည်းကောင်း ဂရုစိုက်၍ ထိုသွန်သင်ချက်တို့၌ အမြဲတည်နေလော့။ အကြောင်းမူကား သင်သည် ထိုသို့ပြုခြင်းဖြင့် သင့်ကိုယ်သင်နှင့် သင့်ကိုနားထောင်သောသူတို့ကို ကယ်တင်လိမ့်မည်။
သင်မူကား မိမိသင်ယူ၍ အခိုင်အမာယုံကြည်သည့်အရာများ၌ တည်နေလော့။ အဘယ်ကြောင့်ဆိုသော် သင်သည် ထိုအရာတို့ကို မည်သူတို့ထံမှ သင်ယူခဲ့သည်ကိုလည်းကောင်း၊
အကြောင်းမူကား ငါတို့သည် အစ၌ရှိသောစိတ်ချမှုကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ခရစ်တော်နှင့်စပ်ဆိုင်သောသူများဖြစ်ကြ၏။
ထိုပဋိညာဉ်သည် သူတို့ဘိုးဘေးများ၏လက်ကိုဆွဲ၍ အီဂျစ်ပြည်မှထုတ်ဆောင်လာစဉ်က သူတို့နှင့် ငါပြုခဲ့သောပဋိညာဉ်နှင့်တူလိမ့်မည်မဟုတ်။ သူတို့သည် ငါ၏ပဋိညာဉ်၌မတည်သောကြောင့် ငါသည်လည်း သူတို့ကိုလျစ်လျူရှုထား၏”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သို့သော် လွတ်လပ်ခြင်းနှင့်ဆိုင်သောစုံလင်သည့်တရားတော်ကို သေချာစွာကြည့်ရှုလျက် စောင့်ထိန်းသောသူသည် ကြားနာ၍မေ့လျော့တတ်သူမဟုတ်ဘဲ လက်တွေ့လိုက်နာကျင့်သုံးသောသူဖြစ်၏။ ထိုသူသည် မိမိပြုသောအမှု၌ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။
အစအဦးကပင် သင်တို့ကြားနာခဲ့သောအရာကို သင်တို့၌တည်စေကြလော့။ ထိုသို့ အစအဦးကပင် သင်တို့ကြားနာခဲ့သောအရာသည် သင်တို့၌တည်လျှင် သင်တို့သည်လည်း သားတော်၌လည်းကောင်း၊ ခမည်းတော်၌လည်းကောင်း တည်ကြလိမ့်မည်။
ခရစ်တော်၏သွန်သင်ချက်၌မတည်ဘဲ ၎င်းကိုကျော်လွန်သောသူတိုင်းသည် ဘုရားသခင်ကိုမရရှိပေ။ ထိုသွန်သင်ချက်၌တည်သောသူသည် ခမည်းတော်နှင့်သားတော်ကိုရရှိ၏။
သင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ အမှုတော်ကိုထမ်းဆောင်လျက် စကားတော်ကိုနာခံပြီး ထာဝရဘုရား၏အမိန့်တော်ကို မဖီဆန်လျှင်၊ သင်တို့နှင့်တကွ သင်တို့ကိုအုပ်စိုးသောရှင်ဘုရင်သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားနောက်တော်သို့လိုက်လျှင် ချမ်းသာရာရကြလိမ့်မည်။