အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်ယောဟန် 8:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယေရှု​က​လည်း“သင်​တို့​သည် အောက်​အရပ်​နှင့်ဆိုင်​၏။ ငါ​မူကား အထက်​အရပ်​နှင့်ဆိုင်​၏။ သင်​တို့​သည် ဤ​လောက​နှင့်ဆိုင်​၏။ ငါ​မူကား ဤ​လောက​နှင့်​မ​ဆိုင်။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​က ``သင်​တို့​သည်​အောက်​ဘုံ​သား​များ ဖြစ်​ကြ​၏။ ငါ​မူ​ကား​အ​ထက်​ဘုံ​မှ​လာ​၏။ သင်​တို့​သည်​ဤ​လော​က​သား​များ​ဖြစ်​ကြ​၏။ ငါ​မူ​ကား​ဤ​လော​က​သား​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ကိုယ်တော်က သင်တို့သည်အောက်ဘုံမှဖြစ်ကြ၏။ ငါမှာအထက်ဘုံမှဖြစ်၏။ သင်တို့သည်ဤလောကမှဖြစ်ကြ၏။ ငါမှာဤလောကမှဖြစ်သည်မဟုတ်။

အခန်းကိုကြည့်ပါ။

Judson Bible

ယေ​ရှု​က​လည်း၊ သင်​တို့​သည် အောက်​သား​ဖြစ်​ကြ၏။ ငါ​မူ​ကား အ​ထက်​သား​ဖြစ်​ကြ၏။ သင်​တို့​သည် လော​ကီ​သား ဖြစ်​ကြ၏။ ငါ​မူ​ကား လော​ကီ​သား​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ယေရှု​က “သင်တို့​သည် အောက်အရပ်​က ဖြစ်ကြ၏။ ငါ​သည် အထက်အရပ်​က ဖြစ်၏။ သင်တို့​သည် လောကီသားများ​ဖြစ်ကြ၏။ ငါ​သည် လောကီသား​မဟုတ်။

အခန်းကိုကြည့်ပါ။

မြန်မာ

ယေ​ရှု​က​လည်း၊ သင်​တို့​သည် အောက်​သား​ဖြစ်​ကြ၏။ ငါ​မူ​ကား အ​ထက်​သား​ဖြစ်​ကြ၏။ သင်​တို့​သည် လော​ကီ​သား ဖြစ်​ကြ၏။ ငါ​မူ​ကား လော​ကီ​သား​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။



ရှင်ယောဟန် 8:23
15 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​၏​လုပ်ဆောင်မှု​များ​နှင့်​ပတ်သက်၍​မူကား ကြမ်းကြုတ်​သော​လမ်း​များ​ကို ကိုယ်တော်​၏​နှုတ်​တော်​ထွက်​စကား​အားဖြင့် အကျွန်ုပ်​ရှောင်ကြဉ်​ခဲ့​ပါ​၏​။


နှုတ်ကပတ်တော်​သည် လူသား​အဖြစ်​ကို​ခံယူ​၍ အကျွန်ုပ်​တို့​တွင်​စံမြန်း​တော်မူ​သဖြင့် အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို ဖူးမြင်​ရ​ကြ​၏။ ထို​ဘုန်း​တော်​ကား ခမည်းတော်​ထံပါး​၌ တစ်ပါးတည်း​သော​သား​တော်​အဖြစ်​ရှိ​သော​ဘုန်း​တော်​ဖြစ်​လျက် ကျေးဇူး​တော်​နှင့်​လည်းကောင်း၊ သမ္မာတရား​နှင့်​လည်းကောင်း ပြည့်စုံ​၏။


အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်​တရား​ကို သူ​တို့​အား​ပေးအပ်​ခဲ့​ပါ​ပြီ။ သို့ရာတွင် အကျွန်ုပ်​သည် ဤ​လောက​နှင့်​မ​ဆိုင်​သကဲ့သို့ သူ​တို့​သည်​လည်း ဤ​လောက​နှင့်​မ​ဆိုင်​ကြ​သောကြောင့် လောကီသား​တို့​သည် သူ​တို့​ကို​မုန်း​ကြ​ပါ​၏။


အကျွန်ုပ်​သည် ဤ​လောက​နှင့်​မ​ဆိုင်​သကဲ့သို့ သူ​တို့​သည်​လည်း ဤ​လောက​နှင့်​မ​ဆိုင်​ကြ​ပါ။


ကောင်းကင်​မှ​ဆင်းသက်​သော​လူ့သား​မှတစ်ပါး ကောင်းကင်​သို့​တက်​သွား​ခဲ့​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။


အထက်​မှ​ကြွလာ​သော​အရှင်​သည် အလုံးစုံ​တို့​၏​အထွတ်​ဖြစ်​၏။ မြေကြီး​မှ​ဖြစ်​သော​သူ​သည် မြေကြီး​နှင့်ဆိုင်​၍ မြေကြီး​နှင့်ဆိုင်သော​အရာ​ကို​ပြောဆို​တတ်​၏။ ကောင်းကင်​မှ​ကြွလာ​သော​အရှင်​သည် အလုံးစုံ​တို့​၏​အထွတ်​ဖြစ်​၏။


ဖောက်ပြန်​သော​သူ​တို့၊ လောက​နှင့်​မိတ်ဖွဲ့​ခြင်း​သည် ဘုရားသခင်​ကို​ရန်ဘက်​ပြု​ခြင်း​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ ထို့ကြောင့် လောက​၏​မိတ်ဆွေ​ဖြစ်​လို​သော​သူ​သည် ဘုရားသခင်​၏​ရန်သူ​ဖြစ်​၏။