သူနှင့်မျက်နှာချင်းဆိုင်တွင် လူမိုက်နှစ်ယောက်ကိုထိုင်စေ၍ ‘သင်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲလေပြီ’ဟု သက်သေခံစေပြီးလျှင် သူ့ကိုဆွဲထုတ်၍ ကျောက်ခဲနှင့်ပေါက်သတ်စေ”ဟု ရေးထား၏။
ရှင်ယောဟန် 8:17 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ပညတ်တရားကျမ်း၌လည်း ‘သက်သေနှစ်ဦးထွက်ဆိုသည့်သက်သေခံချက်သည် အမှန်ဖြစ်၏’ဟု ရေးထား၏။ Common Language Bible သင်တို့၏ပညတ်ကျမ်းတွင် ``သက်သေနှစ်ဦး ထွက်ဆိုလျှင်အမှန်ဖြစ်၏'' ဟုဖော်ပြပါ ရှိ၏။- Garrad Bible သက်သေခံနှစ်ဦးထွက်ဆိုချက်တည်သည်ဟု သင်တို့၏ပညတ်တရားတွင်ရေးထားသည်နှင့်အညီ၊ Judson Bible သက်သေခံနှစ်ဦးတို့၏ စကားသည် တည်ရ၏ဟု သင်တို့ ပညတ္တိကျမ်းစာ၌လာ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏ ပညတ်ကျမ်းတွင်လည်း လူနှစ်ဦးထွက်ဆိုသော သက်သေသည် ညီလျှင် ထိုသက်သေ ခိုင်လုံကြောင်း ရေးသားထား၏။ မြန်မာ သက်သေခံနှစ်ဦးတို့၏ စကားသည် တည်ရ၏ဟု သင်တို့ ပညတ္တိကျမ်းစာ၌လာ၏။- |
သူနှင့်မျက်နှာချင်းဆိုင်တွင် လူမိုက်နှစ်ယောက်ကိုထိုင်စေ၍ ‘သင်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲလေပြီ’ဟု သက်သေခံစေပြီးလျှင် သူ့ကိုဆွဲထုတ်၍ ကျောက်ခဲနှင့်ပေါက်သတ်စေ”ဟု ရေးထား၏။
လူကိုသတ်သော လူသတ်သမားတိုင်း သက်သေ၏ထွက်ဆိုချက်အတိုင်း အသတ်ခံရမည်။ သို့ရာတွင် ထိုသူသည် သက်သေတစ်ဦးတည်း၏ထွက်ဆိုချက်ဖြင့် သေဒဏ်မခံရ။
နားမထောင်လျှင်မူကား သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏ထွက်ဆိုချက်အားဖြင့် စကားအားလုံးကိုအတည်ပြုစေရန်အခြားတစ်ဦး၊ သို့မဟုတ် နှစ်ဦးကို သင်နှင့်အတူခေါ်သွားလော့။
ယေရှုက“သင်တို့၏ပညတ်တရားကျမ်းတွင် ‘ငါဆိုသည်ကား သင်တို့သည် ဘုရားများဖြစ်ကြ၏’ဟူ၍ ရေးထားသည်မဟုတ်လော။
ဤသို့ဖြစ်ခြင်းမှာ သူတို့၏ပညတ်တရားကျမ်း၌ ‘ထိုသူတို့သည် အကြောင်းမဲ့ ငါ့ကိုမုန်းကြ၏’ဟု ရေးထားသောစကား ပြည့်စုံစေရန်ဖြစ်၏။
ယခု တတိယအကြိမ် သင်တို့ထံသို့ ငါလာခဲ့မည်။ သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏ထွက်ဆိုချက်အားဖြင့် စကားအားလုံးသည် အတည်ပြုခြင်းခံရလိမ့်မည်။
ထို့ကြောင့် ပညတ်တရားသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုငါတို့အသိအမှတ်ပြုခြင်းခံရရန် ငါတို့ကို ခရစ်တော်ထံသို့ပို့ဆောင်သော ငါတို့၏အုပ်ထိန်းသူဖြစ်၏။
ပညတ်တရားအောက်၌နေလိုသောသူတို့၊ ငါ့ကိုပြောပြကြလော့။ ပညတ်တရားက မည်သို့မိန့်ဆိုထားသည်ကို သင်တို့မကြားကြသလော။
သေဒဏ်ခံရမည့်သူသည် သက်သေထွက်ဆိုသူနှစ်ဦးသုံးဦးရှိလျှင် သေဒဏ်ခံရမည်။ သက်သေထွက်ဆိုသူတစ်ဦးတည်းသာရှိလျှင် သေဒဏ်မခံရ။
တစ်စုံတစ်ယောက် ပြုမိသောဒုစရိုက်၊ ကျူးလွန်မိသောအပြစ် တစ်ခုခုအတွက် သက်သေထွက်ဆိုသူတစ်ဦးတည်းသာရှိလျှင် သူ၏စကား အတည်မဖြစ်ရ။ မည်သည့်ပြစ်မှုမဆို သက်သေနှစ်ဦးသုံးဦး၏ထွက်ဆိုသောစကားအားဖြင့်သာ အတည်ဖြစ်ရမည်။
မောရှေ၏ပညတ်တရားကိုငြင်းပယ်သောသူသည် သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏သက်သေခံချက်အားဖြင့် သက်ညှာခြင်းမရှိဘဲ သေဒဏ်ခံရ၏။
ငါတို့သည် လူ၏သက်သေခံချက်ကို လက်ခံကြသည်ဆိုလျှင် ဘုရားသခင်၏သက်သေခံတော်မူချက်သည် ပို၍ကြီးမြတ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏သက်သေခံတော်မူချက်သည် မိမိ၏သားတော်နှင့်ပတ်သက်၍ပေးထားသောသက်သေခံတော်မူချက်ဖြစ်၏။
ထိုအခါ ငါသည် ငါ၏သက်သေနှစ်ပါးတို့အား အခွင့်ပေးသဖြင့် သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ်တိုင်တိုင် ပရောဖက်ပြုဟောပြောကြလိမ့်မည်”ဟု ဆို၏။