ထိုအခါ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့က “ဤသူသည် အပြစ်သားများကိုလက်ခံ၍ သူတို့နှင့်အတူစားသောက်ပါသည်တကား”ဟု ဝေဖန်ပြစ်တင်ကြ၏။
ရှင်ယောဟန် 6:41 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုက“ငါသည် ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏”ဟု မိန့်တော်မူသောကြောင့် ဂျူးလူမျိုးတို့က Common Language Bible ကိုယ်တော်က ``ငါသည်ကောင်းကင်ဘုံမှဆင်း သက်သောအစာအာဟာရဖြစ်၏'' ဟုမိန့်တော် မူသဖြင့် လူတို့သည်ညည်းညူကြ၏။- Garrad Bible ငါသည် ကောင်းကင်ဘုံထဲမှ ဆင်းသက်သောအစာဖြစ်သည်ဟု မိန့်တော်မူသောကြောင့် ယုဒလူမျိုးတို့က ဤသူသည်ယောသပ်၏သားယေရှုမဟုတ်လော။ သူ့မိဘကိုငါတို့သိကြသည်မဟုတ်လော။ ကောင်းကင်ဘုံထဲမှ ငါဆင်းသက်ခဲ့သည်ဟူ၍ မည်သို့ယခုပြောသနည်းဟု ကိုယ်တော်နှင့်စပ်၍နှီးနှောပြောဆိုကြသော်၊ Judson Bible ငါသည် ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏ဟု မိန့်တော်မူသည်ကို ယုဒလူတို့က၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ယေရှုက “ငါသည် ကောင်းကင်မှ ဆင်းသက်လာသောမုန့် ဖြစ်၏” ဟု မိန့်တော်မူသောကြောင့် ဂျူးလူမျိုးတို့က မြန်မာ ငါသည် ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏ဟု မိန့်တော်မူသည်ကို ယုဒလူတို့က၊- |
ထိုအခါ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့က “ဤသူသည် အပြစ်သားများကိုလက်ခံ၍ သူတို့နှင့်အတူစားသောက်ပါသည်တကား”ဟု ဝေဖန်ပြစ်တင်ကြ၏။
ဤအခြင်းအရာကို မြင်သောသူအပေါင်းတို့က “ကိုယ်တော်သည် အပြစ်သား၏အိမ်သို့ဝင်၍တည်းခိုပါသည်တကား”ဟု ဝေဖန်ပြစ်တင်ကြ၏။
ထိုအခါ ဖာရိရှဲတို့နှင့် သူတို့ထဲမှကျမ်းပြုဆရာတို့က “သင်တို့သည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်ကြသနည်း”ဟု တပည့်တော်တို့အား မကျေမနပ်ပြောဆိုကြ၏။
ဂျူးလူမျိုးတို့သည် ယောဟန်ထံသို့ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များကို ဂျေရုဆလင်မြို့မှစေလွှတ်၍ “သင်သည်မည်သူနည်း”ဟု မေးမြန်းစေကြသောအခါ ယောဟန်၏သက်သေခံချက်မှာ ဤသို့ဖြစ်၏။
အကြောင်းမူကား ဘုရားသခင်၏မုန့်သည် ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောသူဖြစ်၏”ဟု မိန့်တော်မူ၏။
ဤမုန့်ကား ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများစားပြီး သေဆုံးသွားရသည့်မုန့်မျိုးမဟုတ်။ ဤမုန့်ကိုစားသောသူသည် ကာလအစဉ်အဆက်အသက်ရှင်မည်”ဟု မိန့်တော်မူ၏။
တပည့်တော်တို့ထဲမှအများစုသည် ကြားလျှင် “ဤစကားသည် ပြင်းထန်လှ၏။ မည်သူနားထောင်နိုင်မည်နည်း”ဟု ဆိုကြ၏။
ထိုအချိန်မှစ၍ တပည့်တော်တို့ထဲမှအများစုသည် ဆုတ်ခွာသွားပြီး ကိုယ်တော်နှင့်အတူမလိုက်မပါတော့ဘဲနေကြ၏။
လူထုပရိသတ်တို့ထဲတွင် ကိုယ်တော်နှင့်ပတ်သက်၍ အမျိုးမျိုးတီးတိုးပြောဆိုနေကြ၏။ လူအချို့တို့က “သူသည် သူတော်ကောင်းဖြစ်သည်”ဟု ဆိုကြ၏။ အခြားသောသူတို့ကမူ “မဟုတ်ပါ။ သူသည် လူထုပရိသတ်ကိုလှည့်ဖြားနေသည်”ဟု ဆိုကြ၏။
သူတို့ထဲမှ အချို့တို့သည် ညည်းညူသကဲ့သို့ သင်တို့သည် မညည်းညူကြနှင့်။ ထိုသို့ညည်းညူသောသူတို့သည် ဖျက်ဆီးသောတမန်အားဖြင့် ဖျက်ဆီးခြင်းခံရကြ၏။
သူတို့သည် ညည်းညူတတ်သောသူ၊ သူတစ်ပါး၏အပြစ်ကိုရှာတတ်သောသူဖြစ်ကြပြီး မိမိတို့၏တပ်မက်ခြင်းအတိုင်း လျှောက်လှမ်းနေကြ၏။ သူတို့၏နှုတ်သည်လည်း ချဲ့ထွင်ဝါကြွားပြောဆိုတတ်၍ ကိုယ်ကျိုးအတွက် လူတို့ကိုမြှောက်ပင့်တတ်ကြ၏။