ထာဝရဘုရား၏ပြဋ္ဌာန်းချက်ကို ငါပြောကြားမည်။ ကိုယ်တော်က “သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကိုငါဖွားမြင်စေပြီ။
ရှင်ယောဟန် 6:27 - မြန်မာ့စံမီသမ္မာကျမ်း ပျက်စီးတတ်သောအစားအစာအတွက်မဟုတ်ဘဲ လူ့သားသည် သင်တို့ကိုပေးမည့် ထာဝရအသက်တိုင်အောင်တည်မြဲသောအစားအစာအတွက် လုပ်ဆောင်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် ထိုလူ့သားကို တံဆိပ်ခတ်နှိပ်တော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။ Common Language Bible ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။ Garrad Bible ပျက်စီးတတ်သောအစာအတွက် မလုပ်ဆောင်ကြနှင့်။ ခမည်းတော်ဘုရားသခင်တံဆိပ်ခတ်တော်မူပြီးသော လူ့သားပေးမည့်ထာဝရအသက်ကို တည်မြဲစေသောအစာအတွက်လုပ်ဆောင်ကြလော့ဟု မိန့်တော်မူ၏။ Judson Bible မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကို ရခြင်းငှာ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကို ရခြင်းငှာ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။ မြန်မာ မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကို ရခြင်းငှာ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကို ရခြင်းငှာ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။ |
ထာဝရဘုရား၏ပြဋ္ဌာန်းချက်ကို ငါပြောကြားမည်။ ကိုယ်တော်က “သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကိုငါဖွားမြင်စေပြီ။
ထိုအခါ အကျွန်ုပ်က “ကျမ်းစာလိပ်၌ အကျွန်ုပ်ကိုရည်ညွှန်း၍ရေးထားသည့်အတိုင်း အကျွန်ုပ်လာပါပြီ။
လူ၏ကြိုးပမ်းအားထုတ်မှုအားလုံးသည် မိမိပါးစပ်အတွက်ဖြစ်၏။ သို့သော် သူ၏အာသာသည် မည်သည့်အခါမျှမပြေနိုင်။
ဤသူကား ငါထောက်မသော ငါ့အစေအပါး၊ ငါရွေးကောက်သော၊ ငါနှစ်သက်မြတ်နိုးသောသူပင်တည်း။ ငါ့ဝိညာဉ်ကို သူ့အပေါ် တည်စေပြီ။ သူသည် တရားမျှတမှုကို လူမျိုးတကာတို့ထံသို့ ယူဆောင်လာမည်။
အစားအစာမဟုတ်သောအရာအတွက် သင်တို့ငွေကိုလည်းကောင်း၊ ရောင့်ရဲမှုမပေးသောအရာအတွက် သင်တို့ချွေးနှဲစာကိုလည်းကောင်း အဘယ်ကြောင့် သင်တို့အသုံးပြုကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လော့။ ကောင်းသောအစားအစာကို စားကြလော့။ သင်တို့၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်ပြည့်သောအစာနှင့် ဝအီလိမ့်မည်။
ကိုယ်တော်၏နှုတ်ကပတ်တော်ကို တွေ့ရှိပါပြီ၊ မှီဝဲပါပြီ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေပါ၏။ အို ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူဖြစ်ပါ၏။
ကြည့်ရှုလော့။ လူတို့သည် မီးစာဖြစ်သွားမည့်အရာအတွက် ကြိုးစားအားထုတ်လုပ်ကိုင်ကြပြီ။ လူမျိုးတို့သည် အချည်းနှီးသောအရာအတွက် အပင်ပန်းခံကြပြီ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဤသို့ဖြစ်စေပြီမဟုတ်လော။
ထိုသို့ ပေတရုလျှောက်ထားစဉ် တောက်ပသောမိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှအသံတော်က “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏။ သူ့စကားကို နားထောင်ကြလော့”ဟု မိန့်တော်မူ၏။
ထိုအခါ ဤသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့ သွားကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့ သွားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ကောင်းကင်မှလည်း “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။
ပိုးမွှားနှင့်သံချေးဖျက်ဆီးတတ်၍ သူခိုးများဖောက်ထွင်းခိုးယူနိုင်ရာ မြေကြီးပေါ်၌ ဥစ္စာဘဏ္ဍာများကို သင်တို့အတွက် သိုမှီးမထားကြနှင့်။
ယေရှုကလည်း“မြေခွေးတို့၌ တွင်းရှိကြ၏။ မိုးကောင်းကင်ငှက်တို့၌လည်း အသိုက်ရှိကြ၏။ လူ့သား၌မူကား ခေါင်းချစရာနေရာမရှိ”ဟု မိန့်တော်မူ၏။
ကောင်းကင်မှလည်း “သင်သည် ငါ၏ချစ်သားပေတည်း။ သင့်ကိုငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။
ထိုအခါ မိုးတိမ်သည်ပေါ်လာ၍ သူတို့ကိုဖုံးလွှမ်းပြီးလျှင် “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့စကားကိုနားထောင်ကြလော့”ဟု မိုးတိမ်ထဲမှ အသံတော်ထွက်ပေါ်လာ၏။
သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့သောအဆင်းသဏ္ဌာန်ဖြင့် ကိုယ်တော်အပေါ်သို့ ဆင်းသက်တော်မူ၏။ ကောင်းကင်မှလည်း “သင်သည် ငါ၏ချစ်သားပေတည်း။ သင့်ကို ငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။
ထိုအခါ မိုးတိမ်ထဲမှ အသံတော်ထွက်ပေါ်လာ၍ “ဤသူကား ငါရွေးကောက်သော ငါ၏သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့”ဟု မိန့်တော်မူ၏။
ငါသည် သူတို့အား ထာဝရအသက်ကိုပေး၍ သူတို့သည် ကာလအစဉ်အဆက် မည်သည့်အခါမျှ မပျက်စီးရ။ မည်သူမျှ သူတို့ကို ငါ့လက်ထဲမှလုယူ၍မရနိုင်။
ကိုယ်တော်သည် အကျွန်ုပ်၏ဆုတောင်းသံကို အစဉ်နားညောင်းတော်မူကြောင်း အကျွန်ုပ်သိပါ၏။ သို့ရာတွင် ဤသို့တောင်းလျှောက်ခြင်းမှာ ဝိုင်းရံလျက်ရှိသောလူထုပရိသတ်အတွက်ဖြစ်ပြီး အကျွန်ုပ်ကိုကိုယ်တော်စေလွှတ်တော်မူကြောင်း သူတို့ယုံကြည်ကြစေရန်အတွက်ဖြစ်ပါ၏”ဟု မြွက်ဆိုတော်မူ၏။
ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။
အခြားမည်သူမျှ မပြုဖူးသောအမှုများကို သူတို့ရှေ့၌ ငါမပြုခဲ့လျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား သူတို့သည် ထိုအမှုတို့ကိုမြင်ရလျက်နှင့်ပင် ငါနှင့်ငါ့ခမည်းတော်ကို မုန်းကြ၏။
အကြောင်းမှာ ကိုယ်တော်သည် သားတော်အား လူသားအားလုံးကို အုပ်စိုးရသောအခွင့်ကို ပေးတော်မူပြီ။ ဤသည်ကား သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကိုပေးနိုင်ရန်အတွက်ဖြစ်ပါ၏။
ကိုယ်တော်၏သက်သေခံချက်ကို လက်ခံသောသူကား ဘုရားသခင်သည်ဖြောင့်မှန်တော်မူကြောင်း တံဆိပ်ခတ်နှိပ်၏။
အမှန်စင်စစ် ငါ့ခမည်းတော်၏အလိုတော်မှာ သားတော်ကိုမြင်၍ယုံကြည်သောသူတိုင်း ထာဝရအသက်ကိုရရှိရန်ဖြစ်၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကိုထမြောက်စေမည်”ဟု မိန့်တော်မူ၏။
ငါသည် ကောင်းကင်မှဆင်းသက်သည့် အသက်ရှင်သောမုန့်ဖြစ်၏။ မည်သူမဆို ဤမုန့်ကိုစားလျှင် ကာလအစဉ်အဆက်အသက်ရှင်မည်။ လောကီသားတို့၏အသက်အတွက် ငါပေးမည့်မုန့်ကား ငါ၏အသားပေတည်း”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“သင်တို့အား ငါအမှန်အကန်ဆိုမည်။ လူ့သား၏အသားကိုမစား၊ သူ၏သွေးကိုမသောက်လျှင် သင်တို့၌အသက်မရှိ။
ငါ၏အသားကိုစား၍ ငါ၏သွေးကိုသောက်သောသူသည် ထာဝရအသက်ကိုရရှိ၏။ ငါသည် ထိုသူကို နောက်ဆုံးသောနေ့၌ ထမြောက်စေမည်။
ဤမုန့်ကား ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများစားပြီး သေဆုံးသွားရသည့်မုန့်မျိုးမဟုတ်။ ဤမုန့်ကိုစားသောသူသည် ကာလအစဉ်အဆက်အသက်ရှင်မည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်လျှင် လူ့သားသည် ယခင်နေခဲ့ရာအရပ်သို့တက်သွားသည်ကို သင်တို့မြင်ရပါမူ မည်သို့ဖြစ်မည်နည်း။
ရှိမုန်ပေတရုက “သခင်ဘုရား၊ အကျွန်ုပ်တို့သည် မည်သူ့ထံသို့သွားရမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သောစကားတို့သည် ကိုယ်တော်၌သာရှိပါ၏။
ငါသည် ကိုယ့်အကြောင်းကိုသက်သေခံသောသူဖြစ်၏။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။
အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။
ဤသို့ဖြင့် အာဗြဟံသည် အရေဖျားမလှီးမီ ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်း၏တံဆိပ်အဖြစ် အရေဖျားလှီးခြင်း၏အမှတ်လက္ခဏာကိုခံယူ၏။ ဤသည်ကား အာဗြဟံအား အရေဖျားမလှီးဘဲယုံကြည်သောသူအပေါင်းတို့၏အဖဖြစ်စေရန်နှင့် ထိုသူတို့သည်လည်း ဖြောင့်မတ်ခြင်းကိုရရှိကြစေရန်အတွက်ဖြစ်၏။
အကြောင်းမှာ အပြစ်၏အခသည် သေခြင်းဖြစ်၏။ ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးမူကား ငါတို့၏သခင်ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက်ဖြစ်၏။
အစာသည် ဝမ်းအတွက်ဖြစ်၏။ ဝမ်းသည်လည်း အစာအတွက်ဖြစ်၏။ သို့သော် ဘုရားသခင်သည် ထိုအရာနှစ်မျိုးစလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် တရားနှင့်မညီမေထုန်ပြုရန်အတွက်မဟုတ်ဘဲ သခင်ဘုရားအတွက်ဖြစ်၏။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအတွက်ဖြစ်တော်မူ၏။
အခြားသောသူတို့အတွက် ငါသည် တမန်တော်မဖြစ်ခဲ့လျှင်ပင် သင်တို့အတွက်မူကား ငါသည် တမန်တော်ဖြစ်၏။ အကြောင်းမူကား သင်တို့သည် သခင်ဘုရား၌ ငါ၏တမန်တော်ဖြစ်ခြင်း၏တံဆိပ်ဖြစ်ကြ၏။
ထို့ကြောင့် ငါတို့သည် မြင်ရသောအရာတို့ကို အာရုံမစိုက်ဘဲ မမြင်ရသောအရာတို့ကို အာရုံစိုက်ကြ၏။ အကြောင်းမူကား မြင်ရသောအရာတို့သည် ခဏသာတည်၍ မမြင်ရသောအရာတို့သည် ထာဝရတည်၏။
ခရစ်တော်ယေရှု၌မူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်။ မေတ္တာအားဖြင့်လုပ်ဆောင်သော ယုံကြည်ခြင်းကသာ စွမ်းဆောင်နိုင်၏။
‘အကျွန်ုပ်တို့ လိုက်နာနိုင်မည့်အကြောင်း မည်သူသည် ပင်လယ်တစ်ဖက်သို့ကူးပြီး အကျွန်ုပ်တို့ထံ ယူဆောင်လာ၍ ပြောကြားပေးမည်နည်း’ဟု သင်တို့ဆိုရအောင် ပင်လယ်တစ်ဖက်ကမ်း၌ ရှိသည်မဟုတ်။
အကြောင်းမူကား စေတနာတော်အတိုင်း ဆန္ဒရှိကြစေရန်နှင့် လုပ်ဆောင်ကြစေရန် သင်တို့အထဲ၌လုပ်ဆောင်တော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
ငါသည်လည်း တန်ခိုးတော်အားဖြင့် ငါ့အထဲ၌လုပ်ဆောင်နေသည့် ကိုယ်တော်၏လုပ်ဆောင်မှုအတိုင်း ထိုအမှုအတွက် ကြိုးစားအားထုတ်နေ၏။
ထိုအရာအားလုံးတို့သည် လူတို့၏ပညတ်ချက်နှင့်သွန်သင်ချက်များဖြစ်ကြသည်နှင့်အညီ အသုံးပြုရင်း ပျက်စီးသွားမည့်အရာများဖြစ်ကြ၏။
မြေကြီးပေါ်၌ရှိသောအရာတို့ကို မစွဲလမ်းဘဲ အထက်အရပ်၌ရှိသောအရာတို့ကို စွဲလမ်းကြလော့။
သင်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သောလုပ်ဆောင်မှု၊ မေတ္တာဖြင့်ကြိုးပမ်းအားထုတ်မှုနှင့် ငါတို့သခင်ယေရှုခရစ်တော်ကို မျှော်လင့်ခြင်းအားဖြင့်ဖြစ်ပေါ်သောသည်းခံမှုတို့ကို ငါတို့အဖဖြစ်တော်မူသောဘုရားသခင်ရှေ့တော်၌ အမြဲမပြတ်အောက်မေ့ကြ၏။
သို့ရာတွင် ဘုရားသခင်၏ခိုင်ခံ့သောအုတ်မြစ်သည် တည်မြဲလျက်ရှိ၍ ထိုအုတ်မြစ်ပေါ်၌ “ထာဝရဘုရားသည် မိမိလူတို့ကို သိတော်မူ၏”ဟူ၍လည်းကောင်း၊ “ထာဝရဘုရား၏နာမတော်ကို တိုင်တည်ခေါ်ဆိုသောသူတိုင်း မတရားမှုမှဖယ်ခွာကြလော့”ဟူ၍လည်းကောင်း တံဆိပ်ခတ်နှိပ်ထား၏။
တရားနှင့်မညီမေထုန်ပြုသူ၊ သို့မဟုတ် အစားတစ်နပ်အတွက် မိမိ၏သားဦးအရိုက်အရာကိုရောင်းသည့် ဧသောကဲ့သို့ ဘုရားတရားကိုမထီမဲ့မြင်ပြုသောသူ တစ်စုံတစ်ဦးမျှမရှိစေရန် သတိပြုကြလော့။
ထို့ကြောင့် သူတို့၏မနာခံမှုပုံစံကိုလိုက်၍ ပြိုလဲမည့်သူတစ်စုံတစ်ဦးမျှမရှိဘဲ ထိုငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်နိုင်မည့်အကြောင်း ငါတို့ကြိုးစားအားထုတ်ကြကုန်စို့။
နေသည် အပူရှိန်နှင့်တကွထွက်လာသောအခါ မြက်ပင်ကို ညှိုးနွမ်းခြောက်သွေ့စေတတ်၏။ ထိုအခါ မြက်ပွင့်သည်ကြွေ၍ ၎င်း၏တင့်တယ်သောအဆင်းသည်ပျက်စီးသွား၏။ ထိုနည်းတူ ချမ်းသာသောသူသည်လည်း မိမိ၏စီးပွားရှာဖွေမှုအလယ်၌ပင် မှေးမှိန်ကွယ်ပျောက်သွားလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဘုန်းအသရေရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွား၍ အပွင့်သည်လည်း ကြွေတတ်၏။
အကြောင်းမူကား ခမည်းတော်ဘုရားသခင်ထံမှ ဂုဏ်တော်နှင့်ဘုန်းတော်ကို ကိုယ်တော်ခံယူတော်မူစဉ် ကြီးမြတ်သောဘုန်းအသရေထဲမှ “ဤသူကား ငါချစ်သော ငါ့သားပေတည်း။ သူ့ကို ငါနှစ်သက်၏”ဟူသောအသံတော်သည် ကိုယ်တော်ထံသို့ရောက်ရှိလာ၏။