အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်ယောဟန် 5:35 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယောဟန်​သည် တောက်လောင်​၍​ထွန်းလင်း​သော​ဆီမီး​ဖြစ်​၏။ သင်​တို့​သည် သူ​၏​အလင်း​၌ ခေတ္တ​ခဏ​ရွှင်မြူး​လို​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ယော​ဟန်​သည်​အ​လျှံ​ထ​၍​ထွန်း​လင်း​နေ​သော ဆီ​မီး​ခွက်​သ​ဖွယ်​ဖြစ်​သ​ဖြင့် သင်​တို့​သည်​သူ ၏​အ​လင်း​ရောင်​တွင်​ခ​ဏ​မျှ​သာ​ပျော်​မွေ့​လို ကြ​၏။-

အခန်းကိုကြည့်ပါ။

Judson Bible

ယော​ဟန်​သည် ညှိ​ထွန်း၍​လင်း​သော ဆီ​မီး​ဖြစ်၏။ သင်​တို့​သည် သူ၏​အ​လင်း၌ ခ​ဏ​သာ​မွေ့​လျော်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ယောဟန်​သည် မီးစာ​ဖြင့် ထွန်းညှိထား​၍ လင်းထိန်နေသော ဆီမီးခွက်​သဖွယ်​ဖြစ်ပြီး သင်တို့​သည် သူ​၏ သတင်းစကား​ကြောင့် ခဏတာ​စိတ်အားထက်သန်ကြ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ယော​ဟန်​သည် ညှိ​ထွန်း၍​လင်း​သော ဆီ​မီး​ဖြစ်၏။ သင်​တို့​သည် သူ၏​အ​လင်း၌ ခ​ဏ​သာ​မွေ့​လျော်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။



ရှင်ယောဟန် 5:35
18 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဇေရုယာ​၏​သား အဘိရှဲ​သည် ဒါဝိဒ်​မင်းကြီး​ကို​လာကူ​ပြီး ထို​ဖိလိတ္တိ​သူရဲ​ကို တိုက်ခိုက်​သတ်ဖြတ်​လိုက်​လေ​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​၏​စစ်သည်​တို့​က သူ့​အား “​အစ္စရေး​လူမျိုး​၏​ဆီမီး ငြိမ်း​မ​သွား​စေရန် နောက်နောင် အကျွန်ုပ်​တို့​နှင့်အတူ စစ်ပွဲ​ရှိ​ရာ​သို့ မ​လိုက်​ပါ​နှင့်​တော့​”​ဟု ဆို​လျက် ဒါဝိဒ်​မင်းကြီး​အား ကျိန်ဆို​စေ​၏​။


မောရှေ​၏​မျက်နှာ​ထွန်းပ​နေ​သည်​ကို အစ္စရေး​အမျိုးသား​တို့​မြင်​ရ​၏​။ ထို့ကြောင့် မောရှေ​သည် ကိုယ်တော့်​ထံ​ဝင်​၍ ကိုယ်တော်​နှင့်​စကား​မ​ပြော​မီ​အချိန်​အထိ မိမိ​မျက်နှာ​ကို မျက်နှာဖုံး​ဖြင့် ပြန်၍​ဖုံးအုပ်​ထား​၏​။


သူ​တို့​သည် ငါ့​လူမျိုး​တော်​ကဲ့သို့ သင့်​ထံ​လာ​၍ သင့်​ရှေ့​တွင်​ထိုင်​လျက် သင့်​စကား​ကို နားထောင်​ကြ​သော်လည်း မ​လိုက်နာ​ဘဲ​နေ​၏​။ သူ​တို့​၏​နှုတ်​သည် ချစ်​ဖွယ်​စကား​ကို ပြောဆို​ကြ​၏​။ သူ​တို့​၏​စိတ်​မူကား မတရား​သော​အကျိုး​စီးပွား​ကို စွဲလမ်း​ကြ​၏​။


ပညာသတိ​ရှိ​သော​သူ​တို့​သည် မိုးမျက်နှာကြက်​ကဲ့သို့ ထွန်းလင်းတောက်ပ​ကြ​လိမ့်မည်​။ လူ​များစွာ​ကို​ဖြောင့်မတ်​ရာ​သို့​ပို့ဆောင်​ပေး​သော​သူ​တို့​သည် ကြယ်​များ​ကဲ့သို့ အစဉ်​ထွန်းလင်း​တောက်ပ​နေ​လိမ့်မည်​။


သင်​တို့​အား ငါ​အမှန်​ဆို​မည်။ မိန်းမ​တို့​မှ မွေးဖွား​လာ​သော​သူ​တို့​တွင် ဗတ္တိဇံ​ဆရာ​ယောဟန်​ထက် ကြီးမြတ်​သော​သူ​တစ်ယောက်မျှ မ​ပေါ်ထွန်း​ခဲ့​ဖူး​ပေ။ သို့သော် ကောင်းကင်​နိုင်ငံ​တော်​၌ အငယ်ဆုံး​သော​သူ​သည် သူ့​ထက်​ကြီးမြတ်​၏။


‘လူ​တို့​ထံမှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း လူထု​ပရိသတ်​ကို​ကြောက်​ရ​၏။ အကြောင်းမူကား သူ​တို့​အားလုံး​သည် ယောဟန်​ကို ပရောဖက်​တစ်​ပါး​အဖြစ် မှတ်ယူ​ကြ​၏”​ဟု ပြောဆို​ကြ​၏။


ထိုအခါ ယုဒ​နယ်​တစ်​နယ်​လုံး​မှ​လူ​များ​နှင့် ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် ယောဟန်​ထံသို့​သွား​၍ မိမိ​တို့​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် ဂျော်ဒန်​မြစ်​တွင် သူ့​ထံ၌​ဗတ္တိဇံ​ခံ​ကြ​၏။


အကြောင်းမူကား ယောဟန်​သည် ဖြောင့်မတ်​သန့်ရှင်း​သူ​ဖြစ်​ကြောင်း ဟေရုဒ်​သည်​သိ​၍ သူ့​ကို​ကြောက်ရွံ့​ရိုသေ​လျက် စောင့်ရှောက်​ထား​သည့်အပြင် ယောဟန်​၏​စကား​ကို​ကြား​ရ​သည့်အခါ အလွန်​စိတ်အနှောင့်အယှက်​ဖြစ်​တတ်​သော်လည်း ဝမ်းမြောက်​စွာ​နားထောင်​လေ့​ရှိ​သောကြောင့်​ဖြစ်​၏။


သင်​တို့​အား ငါ​ဆို​မည်။ မိန်းမ​တို့​မှ​မွေးဖွား​လာ​သော​သူ​တို့​တွင် ယောဟန်​ထက် ကြီးမြတ်​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ။ သို့သော် ဘုရားသခင်​၏​နိုင်ငံ​တော်​၌ အငယ်ဆုံး​သော​သူ​သည် သူ့​ထက် ကြီးမြတ်​၏။”


ထို​အချိန်​မှစ၍ တပည့်​တော်​တို့​ထဲမှ​အများစု​သည် ဆုတ်ခွာ​သွား​ပြီး ကိုယ်တော်​နှင့်အတူ​မ​လိုက်​မ​ပါ​တော့​ဘဲ​နေ​ကြ​၏။


ထို့ပြင် ငါ​တို့​၌ ပို၍​ခိုင်လုံ​သော ပရောဖက်​တို့​၏​စကား​လည်း​ရှိ​၏။ သင်​တို့​၏​စိတ်နှလုံး​ထဲ၌ အရုဏ်တက်​၍ မိုးသောက်ကြယ်​ပေါ်ထွက်​လာ​သည့်​တိုင်အောင် သင်​တို့​သည် ထို​စကား​ကို မှောင်​သော​အရပ်​၌​ထွန်းလင်း​နေ​သည့်​ဆီမီး​သဖွယ် ကောင်းစွာ​အာရုံစိုက်​သင့်​၏။