အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက် သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
ရှင်ယောဟန် 4:10 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ပြောဆိုနေသူမှာ မည်သူဖြစ်သည်ကိုလည်းကောင်း သင်သိခဲ့လျှင် သင်ကသာ သူ့ကိုတောင်း၍ သူသည် သင့်အား အသက်ရေကိုပေးခဲ့လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``ဘုရားသခင်ပေးသနား တော်မူသောဆုကျေးဇူးတော်ကိုလည်းကောင်း၊ သင့်အားသောက်ရေတစ်ခွက်တောင်းနေသူသည် အဘယ်သူဖြစ်သည်ကိုလည်းကောင်းသင်သည် သိပါလျှင် ထိုသူ၏ထံမှအသက်ရေကို တောင်းလိမ့်မည်။ ထိုသူသည်လည်းသင့်အား ထိုရေကိုပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ယေရှုက သင်သည်ဘုရားသခင့်ဆုကျေးဇူးတော်ကိုလည်းကောင်း၊ သောက်ရန်ပေးပါဟုတောင်းဆိုသူ မည်သူမှန်းကိုလည်းကောင်းသိခဲ့လျှင် ထိုသူ့ထံတောင်းမည်။ သူလည်းအသက်ရေကိုပေးလေပြီဟု ပြန်၍မိန့်တော်မူသော်၊ Judson Bible ယေရှုကလည်း၊ ဘုရားသခင် ကျေးဇူးတော်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ဆိုသောသူကား အဘယ်သူဖြစ်သည်ကိုလည်းကောင်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည်ဟု ပြန်၍ မိန့်တော်မူသော်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သင့်အတွက် ဘုရားသခင်ပေးတော်မူမည့် လက်ဆောင်ကိုလည်းကောင်း၊ သင့်ထံမှ သောက်ရေကို တောင်းသောသူသည် မည်သူဖြစ်ကြောင်းကိုလည်းကောင်း သင်သိပါက သင်သည် ငါ့ထံမှ ရေကို တောင်းလိမ့်မည်။ ငါသည်လည်း အသက်ရေကို သင့်အား ပေးလိမ့်မည်” ဟု ဖြေတော်မူ၏။ မြန်မာ ယေရှုကလည်း၊ ဘုရားသခင် ကျေးဇူးတော်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ဆိုသောသူကား အဘယ်သူဖြစ်သည်ကိုလည်းကောင်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည်ဟု ပြန်၍ မိန့်တော်မူသော်၊- |
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက် သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
မြစ်တစ်မြစ်ရှိ၏။ ၎င်း၏ရေစီးကြောင်းတို့သည် အမြင့်ဆုံးသောအရှင်၏ သန့်ရှင်းသောကိန်းဝပ်တော်မူရာတဲတော် တည်းဟူသော ဘုရားသခင်၏မြို့တော်ကို ဝမ်းမြောက်စေ၏။
ကြည့်ရှုလော့။ ငါသည် ဟောရပ်တောင်ရှိကျောက်ဆောင်ပေါ်တွင် သင့်ရှေ့၌ ရပ်နေမည်။ သင်သည် ထိုကျောက်ဆောင်ကိုရိုက်လော့။ ထိုကျောက်ဆောင်မှ ရေထွက်လာသဖြင့် လူတို့သည် ရေသောက်ရလိမ့်မည်”ဟု မိန့်တော်မူ၏။ မောရှေသည်လည်း အစ္စရေးသက်ကြီးဝါကြီးတို့၏မျက်မှောက်၌ ထိုအတိုင်းပြုလေ၏။
ဥယျာဉ်ထဲမှစမ်းချောင်း၊ စမ်းရေတွင်း၊ လက်ဘနွန်တောင်မှ စီးဆင်းလာသောရေ ဖြစ်၏။”
သင်တို့သည် ကယ်တင်ခြင်းစမ်းရေတွင်းများမှရေကို ဝမ်းမြောက်စွာ ခပ်ယူကြလိမ့်မည်။
ခြေမသန်သူတို့သည် သမင်ကဲ့သို့ခုန်ပေါက်ကြလိမ့်မည်။ ဆွံ့အသောလျှာသည် ရွှင်လန်းစွာသီချင်းဆိုလိမ့်မည်။ တောကန္တာရ၌ရေပန်းထွက်၍ သဲကန္တာရ၌စမ်းချောင်းစီးလိမ့်မည်။
ငါသည် ဖြောင့်မတ်ခြင်းအတွက် သင့်ကိုခေါ်သော ထာဝရဘုရားဖြစ်၏။ သင့်ကို ငါခေါ်မည်။ သင့်လက်ကို ငါကိုင်ဆွဲထားမည်။ သင့်ကို ငါစောင့်ရှောက်မည်။ လူမျိုးတော်အတွက် ပဋိညာဉ်အဖြစ်လည်းကောင်း၊ လူမျိုးတကာအတွက် အလင်းအဖြစ်လည်းကောင်း သင့်ကို ငါခန့်ထားမည်။
ငါရွေးချယ်သော ငါ့လူမျိုးတို့သောက်ဖို့ရန် တောကန္တာရ၌ရေများကိုလည်းကောင်း၊ သဲကန္တာရ၌ မြစ်တို့ကိုလည်းကောင်း ငါပေးသောကြောင့် ခွေးအများ၊ ငှက်ကုလားအုတ်များနှင့် တောရိုင်းတိရစ္ဆာန်တို့သည် ငါ့ကို ဂုဏ်ပြုချီးမွမ်းကြလိမ့်မည်။
အကြောင်းမူကား ငါသည် ရေငတ်နေသောပြည်အပေါ် ရေကိုသွန်းလောင်းမည်။ ခြောက်သွေ့သောမြေပေါ်တွင် စမ်းရေစီးစေမည်။ သင်၏သားစဉ်မြေးဆက်အပေါ် ငါ့ဝိညာဉ်ကို သွန်းလောင်းမည်။ သင်၏သားမြေးတို့အပေါ် ငါ့ကောင်းချီးမင်္ဂလာကို သွန်းလောင်းမည်။
သူတို့သည် ဆာလောင်မည်မဟုတ်၊ ရေငတ်မည်မဟုတ်။ အပူဒဏ်၊ နေဒဏ်ကိုလည်း မခံရ။ အကြောင်းမူကား သူတို့ကိုသနားသောသူသည် သူတို့ကိုဦးဆောင်ပေးလိမ့်မည်။ စမ်းရေတွင်းသို့ လမ်းပြပေးလိမ့်မည်။
အကြောင်းမူကား သူငယ်သည် ငါတို့အဖို့ ဖွားမြင်တော်မူပြီ။ ငါတို့အား သားကိုပေးတော်မူပြီ။ သူ၏ပခုံးပေါ်၌ အာဏာစက်ရှိလိမ့်မည်။ နာမတော်ကို အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။
“အကယ်စင်စစ် ငါ့လူမျိုးတော်သည် မကောင်းမှုနှစ်မျိုးကို ပြုကြပြီ။ သက်စမ်းရေတွင်းဖြစ်သည့် ငါ့ကိုစွန့်ပယ်ကြပြီ။ ရေကန်များကိုတူးကြပြီ။ ထိုရေကန်တို့သည် ကွဲအက်သဖြင့် ရေလှောင်၍မရ။
ထိုနေ့ရက်တွင် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့ အပြစ်နှင့်မစင်ကြယ်မှုများကို ဆေးကြောရန် စမ်းရေတွင်းတစ်ခု ပေါ်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်တွင် ဂျေရုဆလင်မြို့မှ အသက်စမ်းရေ စီးထွက်လိမ့်မည်။ ထိုရေသည် နွေရာသီဖြစ်စေ၊ ဆောင်းရာသီဖြစ်စေ အရှေ့ပင်လယ်သို့ တစ်ဝက်၊ အနောက်ပင်လယ်သို့ တစ်ဝက် စီးဆင်းလိမ့်မည်။
သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောလက်ဆောင်များပေးရမည်ကိုသိကြလျှင် ကောင်းကင်ဘုံရှင်အဖသည် မိမိထံတောင်းလျှောက်သောသူများအား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပင် ပေးတော်မူလိမ့်မည်မဟုတ်လော”ဟု မိန့်တော်မူ၏။
သူတို့သည် ခမည်းတော်ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။
ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကိုလည်းကောင်း သိကျွမ်းခြင်းပင်ဖြစ်ပါ၏။
ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏။
ငါပေးမည့်ရေကိုသောက်သောသူမူကား ကာလအစဉ်အဆက် မည်သည့်အခါမျှ ရေငတ်မည်မဟုတ်။ ထိုထက်မက ငါပေးမည့်ရေသည် ထိုသူ၌ ထာဝရအသက်တိုင်အောင် ရေပန်းထွက်ရာ စမ်းရေပေါက်ဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ယေရှုကလည်း“ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် မည်သည့်အခါမျှ ဆာလောင်မည်မဟုတ်။ ငါ့ကိုယုံကြည်သောသူသည်လည်း မည်သည့်အခါမျှရေငတ်တော့မည်မဟုတ်။
ငါသည် ကောင်းကင်မှဆင်းသက်သည့် အသက်ရှင်သောမုန့်ဖြစ်၏။ မည်သူမဆို ဤမုန့်ကိုစားလျှင် ကာလအစဉ်အဆက်အသက်ရှင်မည်။ လောကီသားတို့၏အသက်အတွက် ငါပေးမည့်မုန့်ကား ငါ၏အသားပေတည်း”ဟု မိန့်တော်မူ၏။
သခင်ဘုရားကလည်း“သင်သည်ထ၍ လမ်းဖြောင့်ဟုခေါ်သော လမ်းကြားတစ်ခုသို့သွားပြီးလျှင် ရှောလုအမည်ရှိသော တာရှုမြို့သားကို ယုဒ၏အိမ်၌ မေးမြန်းရှာဖွေလော့။ အကြောင်းမူကား သူသည် ဆုတောင်းလျက်နေ၍
မိမိသားတော်ရင်းကိုပင် ချန်လှပ်မထားဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသောအရှင်သည် သားတော်နှင့်တကွ အရာခပ်သိမ်းတို့ကိုလည်း ငါတို့အားမပေးဘဲနေတော်မူမည်လော။
သင်တို့သည် ဘုရားသခင်အားဖြင့် ခရစ်တော်ယေရှု၌တည်နေကြ၏။ ခရစ်တော်သည် ငါတို့အတွက် ဘုရားသခင်ထံမှလာသော ဉာဏ်ပညာဖြစ်တော်မူပြီး ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ရွေးနုတ်ခြင်းဖြစ်တော်မူ၏။
အားလုံးသည် တစ်မျိုးတည်းသော ဝိညာဉ်ရေးဆိုင်ရာရေကို သောက်ခဲ့ကြ၏။ တစ်နည်းဆိုသော် သူတို့နှင့်အတူလိုက်ပါလာသော ဝိညာဉ်ရေးဆိုင်ရာကျောက်မှ ရေကိုသောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ပင်ဖြစ်၏။
ပြော၍မကုန်နိုင်သော ကိုယ်တော်၏ကောင်းချီးလက်ဆောင်အတွက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။
အကြောင်းမူကား သင်တို့သည် ကျေးဇူးတော်ကြောင့် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ ၎င်းသည် သင်တို့ကိုယ်တိုင်ကြောင့်မဟုတ်ဘဲ ဘုရားသခင်ပေးတော်မူသောလက်ဆောင်ဖြစ်၏။
အလင်းသို့တစ်ခါရောက်၍ ကောင်းကင်နှင့်ဆိုင်သောကောင်းချီးလက်ဆောင်ကို မြည်းစမ်းရလျက် သန့်ရှင်းသောဝိညာဉ်တော်နှင့်စပ်ဆိုင်သူဖြစ်လာကာ
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။
တစ်ဖန် “အမှုပြီးမြောက်ပြီ။ ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏။ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အခမဲ့ငါပေးမည်။
ဝိညာဉ်တော်နှင့်သတို့သမီးတို့က “ကြွလာတော်မူပါ”ဟု ဆိုကြ၏။ ကြားနာသောသူကလည်း “ကြွလာတော်မူပါ”ဟု ဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ယူပါစေ။
အကြောင်းမူကား ပလ္လင်တော်အလယ်တွင်ရှိသောသိုးသငယ်တော်သည် သူတို့ကိုအုပ်ထိန်း၍ အသက်ရေထွက်ရာစမ်းရေတွင်းသို့ သူတို့ကိုလမ်းပြပို့ဆောင်တော်မူလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်”ဟု ဆို၏။