အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်ယောဟန် 3:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဘုရားသခင်​သည် သား​တော်​ကို ဤ​လောက​သို့​စေလွှတ်​တော်မူ​သည်​မှာ လောကီသား​တို့​ကို ပြစ်ဒဏ်​စီရင်​ရန်​မ​ဟုတ်။ လောကီသား​တို့​သည် သား​တော်​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ရန်​အတွက်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သား​တော်​ကို​လော​က​သို့​စေ​လွှတ်​တော်​မူ​သည် မှာ လော​က​သား​တို့​အား​အ​ပြစ်​စီ​ရင်​ရန် မ​ဟုတ်။ လော​က​သား​တို့​ကို​ကယ်​တင်​ရန် ဖြစ်​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

သားတော်ကို ဤလောကသို့ဘုရားသခင်စေလွှတ်တော်မူသည်မှာ၊ ဤလောကသား တို့ကိုစီရင်ဆုံးဖြတ်စေရန်မဟုတ်။ ကယ်တင်တော်မူစေရန်တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

လော​ကီ​သား​တို့​အား အ​ပြစ်​စီ​ရင်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည်​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် ကိုယ်​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဘုရားသခင်​သည် မိမိ​၏ သားတော်​ကို လောက​သို့ စေလွှတ်တော်မူသည်​မှာ လောကီသားတို့​ကို အပြစ်စီရင်​ရန် မဟုတ်။ လောကီသားတို့​ကို သားတော်​အားဖြင့် ကယ်တင်​ရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။

မြန်မာ

လော​ကီ​သား​တို့​အား အ​ပြစ်​စီ​ရင်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည်​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် ကိုယ်​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။



ရှင်ယောဟန် 3:17
36 ပူးပေါင်းရင်းမြစ်များ  

အို ဇိအုန်​သမီးပျို​၊ အားရ​ရွှင်လန်း​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​လော့​။ ကြည့်ရှု​လော့​။ သင်​၏​ရှင်ဘုရင်​သည် သင့်​ထံသို့ ကြွလာ​ပြီ​။ သူ​သည် ဖြောင့်မတ်​သော​အရှင်​၊ ကယ်တင်​ပိုင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ နှိမ့်ချ​သော​အရှင်​လည်း​ဖြစ်​တော်မူ​၏​။ မြည်းမ​၏​သားငယ် မြည်းကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏​။


“ကြည့်ရှု​လော့။ အပျို​ကညာ​သည် သန္ဓေတည်​၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ ထို​သား​၏​အမည်​ကို ဧမာနွေလ​ဟု ခေါ်​ကြ​လိမ့်မည်”​ဟု ပရောဖက်​အားဖြင့် မိန့်​တော်မူ​သည့်​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ (ဧမာနွေလ​၏​အဓိပ္ပာယ်​မှာ “ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​သော​ဘုရားသခင်”​ဟူ၍ ဖြစ်​၏။)


ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မထီမဲ့မြင်​မ​ပြု​မိ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​ရှိ သူ​တို့​၏​ကောင်းကင်တမန်​တို့​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​မျက်နှာ​တော်​ကို အစဉ်မပြတ်​ဖူးမြင်​ရ​ကြ​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။


[အမှန်စင်စစ် လူ့သား​သည် ပျောက်ဆုံး​သော​သူ​တို့​ကို ကယ်တင်​ရန် ကြွလာ​၏။]


အမှန်စင်စစ် လူ့သား​သည် ပျောက်ဆုံး​သော​သူ​တို့​ကို​ရှာ​၍ ကယ်တင်​ရန်​ကြွလာ​၏”​ဟု မိန့်​တော်မူ​၏။


ထို့နောက် သူ​တို့​သည် အခြား​သော​ရွာ​သို့​သွား​ကြ​၏။


နောက်တစ်နေ့​၌ ယောဟန်​သည် မိမိ​ထံသို့ ယေရှု​ကြွလာ​တော်မူ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ ဤ​လောက​၏​အပြစ်​ကို​ယူဆောင်​သွား​သော ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း။


ခမည်းတော်​သည်​သန့်ရှင်း​စေ​လျက် ဤ​လောက​သို့​စေလွှတ်​တော်မူ​သော​သူ​က ‘ငါ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်’​ဟု ဆို​သောအခါ ‘ဘုရားသခင်​ကို​စော်ကား​သည်’​ဟု ထို​သူ​အား သင်​တို့​ဆို​ကြ​သလော။


ကိုယ်တော်​သည် အကျွန်ုပ်​၏​ဆုတောင်း​သံ​ကို အစဉ်​နားညောင်း​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ပါ​၏။ သို့ရာတွင် ဤသို့​တောင်းလျှောက်​ခြင်း​မှာ ဝိုင်းရံ​လျက်​ရှိ​သော​လူထု​ပရိသတ်​အတွက်​ဖြစ်​ပြီး အကျွန်ုပ်​ကို​ကိုယ်တော်​စေလွှတ်​တော်မူ​ကြောင်း သူ​တို့​ယုံကြည်​ကြ​စေရန်​အတွက်​ဖြစ်​ပါ​၏”​ဟု မြွက်ဆို​တော်မူ​၏။


ကိုယ်တော်​သည် အကျွန်ုပ်​ကို ဤ​လောက​ထဲသို့ စေလွှတ်​တော်မူ​သကဲ့သို့ အကျွန်ုပ်​သည် သူ​တို့​ကို ဤ​လောက​ထဲသို့ စေလွှတ်​ပါ​၏။


အို အဖ၊ ကိုယ်တော်​သည် အကျွန်ုပ်​၌​ရှိ​တော်မူ​၍ အကျွန်ုပ်​သည် ကိုယ်တော်​၌​ရှိ​သကဲ့သို့ ထို​သူ​အပေါင်း​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​လျက် သူ​တို့​သည်​လည်း အကျွန်ုပ်​တို့​၌​ရှိ​ကြ​မည့်​အကြောင်း တောင်းလျှောက်​ပါ​၏။ ဤသည်ကား ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း လောကီသား​တို့​ယုံကြည်​ကြ​ရန်​အတွက်​ဖြစ်​၏။


အကျွန်ုပ်​သည် သူ​တို့​၌​ရှိ​၍ ကိုယ်တော်​သည် အကျွန်ုပ်​၌​ရှိ​ပါ​၏။ ဤသည်ကား သူ​တို့​ကို တစ်လုံးတစ်ဝတည်း​၌​ပြီးပြည့်စုံ​စေရန်​ဖြစ်​ပြီး ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း​နှင့် အကျွန်ုပ်​ကို ကိုယ်တော်​ချစ်​သကဲ့သို့ သူ​တို့​ကို​လည်း ချစ်​တော်မူ​ကြောင်း​ကို လောကီသား​တို့​သိ​ကြ​စေရန်​ဖြစ်​ပါ​၏။


ဖြောင့်မတ်​တော်မူ​သော​အဖ၊ ဤ​လောက​သည် ကိုယ်တော်​ကို​မ​သိ​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​ကို​သိ​ပါ​၏။ ဤ​သူ​တို့​သည်​လည်း အကျွန်ုပ်​ကို ကိုယ်တော်​စေလွှတ်​တော်မူ​ကြောင်း​သိ​ကြ​ပါ​ပြီ။


ထာဝရ​အသက်​ဟူသည်မှာ တစ်ဆူတည်း​သော စစ်မှန်​သည့်​ဘုရား​ဖြစ်​တော်မူ​သော ကိုယ်တော်​ကို​လည်းကောင်း၊ ကိုယ်တော်​စေလွှတ်​တော်မူ​သော ယေရှု​ခရစ်တော်​ကို​လည်းကောင်း သိကျွမ်း​ခြင်း​ပင်​ဖြစ်​ပါ​၏။


အကြောင်းမူကား အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​နှုတ်ကပတ်​တရား​တို့​ကို အကျွန်ုပ်​သည် သူ​တို့​အား ပေးအပ်​သဖြင့် သူ​တို့​သည် ခံယူ​ကြ​ကာ ကိုယ်တော်​ထံမှ အကျွန်ုပ်​ကြွလာ​ခဲ့​ကြောင်း​ကို အမှန်ပင်​သိရှိ​လျက် ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း​ကို​လည်း ယုံကြည်​ကြ​ပါ​ပြီ။


တစ်ဖန် ယေရှု​က“သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ။ ခမည်းတော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​သကဲ့သို့ ငါ​သည်​လည်း သင်​တို့​ကို​စေလွှတ်​၏”​ဟု မိန့်​တော်မူ​၏။


ဘုရားသခင်​စေလွှတ်​တော်မူ​သော​သူ​သည် ဘုရားသခင်​၏​စကား​တော်​များ​ကို​မြွက်ဆို​တတ်​၏။ အကြောင်းမူကား ဘုရားသခင်​သည် ဝိညာဉ်​တော်​ကို အတိုင်းအဆ​မ​ရှိ​ပေး​တော်မူ​၏။


ငါ​၌​မူကား ယောဟန်​ထက် ကြီးမြတ်​သော​သက်သေခံ​ချက်​ရှိ​၏။ ငါ​ပြီးမြောက်​အောင်​ဆောင်ရွက်​ရန် ငါ့​အား​ခမည်းတော်​ပေးအပ်​တော်မူ​သော​အမှု​များ​ဖြစ်​သည့် ယခု​ငါ​ပြု​နေ​သော​အမှု​များ​က​ပင် ခမည်းတော်​သည် ငါ့​အား​စေလွှတ်​တော်မူ​ကြောင်း​ကို သက်သေခံ​ကြ​၏။


သူ​၏​နှုတ်ကပတ်​တော်​သည်​လည်း သင်​တို့​၌​မ​တည်​မ​ရှိ။ အဘယ်ကြောင့်​ဆိုသော် ခမည်းတော်​စေလွှတ်​တော်မူ​သော​သူ​ကို သင်​တို့​မ​ယုံကြည်​ကြ​သောကြောင့်​ဖြစ်​၏။


ငါ​သည် ခမည်းတော်​ရှေ့၌ သင်​တို့​ကို​စွပ်စွဲ​မည်​ဟု​မ​ထင်​ကြ​နှင့်။ သင်​တို့​ကို​စွပ်စွဲ​သူ​မှာ သင်​တို့​မျှော်လင့်​အားထား​သော​မောရှေ​ပင်​ဖြစ်​၏။


ယေရှု​က“ဘုရားသခင်​၏​အမှု​တော်​မှာ ဘုရားသခင်​စေလွှတ်​တော်မူ​သော​သူ​ကို ယုံကြည်​ခြင်း​ပင်​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


အကြောင်းမူကား ငါ​သည် မိမိ​အလို​ကို ဆောင်ရွက်​ရန်​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အလို​တော်​ကို ဆောင်ရွက်​ရန် ကောင်းကင်​မှ​ဆင်းသက်​၏။


အမှန်စင်စစ် ငါ့​ခမည်းတော်​၏​အလို​တော်​မှာ သား​တော်​ကို​မြင်​၍​ယုံကြည်​သော​သူ​တိုင်း ထာဝရ​အသက်​ကို​ရရှိ​ရန်​ဖြစ်​၏။ ငါ​သည်​လည်း နောက်ဆုံး​သော​နေ့​၌ ထို​သူ​တို့​ကို​ထမြောက်​စေ​မည်”​ဟု မိန့်​တော်မူ​၏။


အသက်ရှင်​တော်မူ​သော​ခမည်းတော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၍ ငါ​သည် ခမည်းတော်​အားဖြင့် အသက်ရှင်​သကဲ့သို့ ငါ့​ကို​စား​သော​သူ​သည်​လည်း ငါ့​အားဖြင့် အသက်ရှင်​မည်။


ငါ​မူကား သိ​၏။ အကြောင်းမူကား ငါ​သည် ထို​အရှင်​ထံမှ​လာ​၍ ထို​အရှင်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏”​ဟု ကြွေးကြော်​တော်မူ​၏။


ထို​မိန်းမ​က “တစ်ယောက်မျှ​မ​ရှိ​ပါ သခင်​ဘုရား”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ငါ​သည်​လည်း သင့်​ကို​ပြစ်ဒဏ်​မ​စီရင်။ သွား​လော့။ ယခု​မှစ၍ နောက်တစ်ဖန်​အပြစ်​မ​ပြု​နှင့်”​ဟု မိန့်​တော်မူ​၏။]


ယေရှု​က“ငါ​သည် ဘုရားသခင်​ထံမှ​ကြွလာ​ပြီး ယခု​ရောက်​ရှိ​နေ​ပြီ​ဖြစ်၍ ဘုရားသခင်​သည် သင်​တို့​၏​အဖ​ဖြစ်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ခဲ့​ကြ​ပေ​လိမ့်မည်။ အကြောင်းမူကား ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​လာ​သည်​မ​ဟုတ်။ ဘုရားသခင်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏။


ထို​အရှင်​သည် ငါ​တို့​အပြစ်​များ​အတွက် အသနားခံ​ခြင်း​ပူဇော်သက္ကာ​ဖြစ်​တော်မူ​၏။ ငါ​တို့​အပြစ်​များ​အတွက်​သာမက လောကီသား​အပေါင်း​တို့​၏​အပြစ်​များ​အတွက်​လည်း ဖြစ်​တော်မူ​၏။


ခမည်းတော်​သည် သား​တော်​ကို လောက​၏​ကယ်တင်ရှင်​အဖြစ် စေလွှတ်​တော်မူ​ခဲ့​သည်​ကို ငါ​တို့​မြင်​၍ သက်သေခံ​ကြ​၏။