Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 3:17 - မြန်မာ

17 လော​ကီ​သား​တို့​အား အ​ပြစ်​စီ​ရင်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည်​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် ကိုယ်​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 သား​တော်​ကို​လော​က​သို့​စေ​လွှတ်​တော်​မူ​သည် မှာ လော​က​သား​တို့​အား​အ​ပြစ်​စီ​ရင်​ရန် မ​ဟုတ်။ လော​က​သား​တို့​ကို​ကယ်​တင်​ရန် ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 သားတော်ကို ဤလောကသို့ဘုရားသခင်စေလွှတ်တော်မူသည်မှာ၊ ဤလောကသား တို့ကိုစီရင်ဆုံးဖြတ်စေရန်မဟုတ်။ ကယ်တင်တော်မူစေရန်တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 လော​ကီ​သား​တို့​အား အ​ပြစ်​စီ​ရင်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည်​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် ကိုယ်​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ဘုရားသခင်​သည် သား​တော်​ကို ဤ​လောက​သို့​စေလွှတ်​တော်မူ​သည်​မှာ လောကီသား​တို့​ကို ပြစ်ဒဏ်​စီရင်​ရန်​မ​ဟုတ်။ လောကီသား​တို့​သည် သား​တော်​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ရန်​အတွက်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ဘုရားသခင်​သည် မိမိ​၏ သားတော်​ကို လောက​သို့ စေလွှတ်တော်မူသည်​မှာ လောကီသားတို့​ကို အပြစ်စီရင်​ရန် မဟုတ်။ လောကီသားတို့​ကို သားတော်​အားဖြင့် ကယ်တင်​ရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 3:17
36 ပူးပေါင်းရင်းမြစ်များ  

ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​ကြ​လ​တ္တံ့​ဟု လာ​သ​တည်း။ ဧ​မာ​နွေ​လ​အ​နက်​ကား ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ဟု ဆို​လို​သ​တည်း။-


သင်​တို့​သည် ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို မ​ထီ​မဲ့​မြင် မ​ပြု​မည်​အ​ကြောင်း သ​တိ​ရှိ​ကြ​လော့။ ငါ​ဆို​သည်​ကား၊ သူ​တို့၏ ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော ငါ့​အ​ဘ၏​မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ် ဖူး​မြင်​ကြ၏။-


ထို​မှ​တစ်​ပါး လူ​သား​သည် ပျောက်​သော​သူ​တို့​ကို ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း။


လူ​သား​သည် ပျောက်​သော​သူ​တို့​ကို​ရှာ၍ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း​ဟု ဇ​က္ခဲ​ကို မိန့်​တော်​မူ၏။


အ​ခြား​သော​ရွာ​သို့ ကြွ​တော်​မူ၏။


နက်​ဖြန်​နေ့၌ ယေ​ရှု​ကြွ​လာ​တော်​မူ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ ဤ​လော​က၏​အ​ပြစ်​ကို ဆောင်​သွား​သော ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို​ကြည့်​လော့။-


ခ​မည်း​တော်​သည်​သန့်​ရှင်း​စေ၍၊ ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သော​သူ​က၊ ငါ​သည်​ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​သည်​ဟု​ဆို​သော​ကြောင့်၊ သင်​သည် ဘု​ရား​သ​ခင်​ကို လွန်​ကျူး၍​ပြော​သည်​ဟု ထို​သူ​အား​ဆို​ရာ​သ​လော။-


ကိုယ်​တော်​သည် အ​ကျွန်ုပ်​စ​ကား​ကို အ​စဉ်​မ​ပြတ်​နား​ထောင်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ သို့​သော်​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ဝန်း​ရံ​လျက်​ရှိ​သော ဤ​လူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​စေ​ခြင်း​ငှာ သူ​တို့၏​အ​ကျိုး​ကို​ထောက်၍ ဤ​သို့ အ​ကျွန်ုပ်​လျှောက်​ပါ၏​ဟု မိန့်​မြွက်​တော်​မူ​ပြီး​မှ၊-


ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ အ​ကျွန်ုပ်​သည် ဤ​သူ​တို့​ကို စေ​လွှတ်​ပါ၏။-


ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​သည်​ကို လော​ကီ​သား​တို့​သည် ယုံ​ကြ​မည်​အ​ကြောင်း ထို​သူ​အ​ပေါင်း​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်၊ အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌​ရှိ​တော်​မူ၍ အ​ကျွန်ုပ်​သည်​လည်း ကိုယ်​တော်၌​ရှိ​သ​ကဲ့​သို့၊ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့၌ တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​ခြင်း​ငှာ ဆု​တောင်း​ပါ၏။-


ကိုယ်​တော်​သည်​လည်း၊ အ​ကျွန်ုပ်၌ ရှိ​တော်​မူ​သော​အား​ဖြင့် သူ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ တစ်​လုံး​တစ်​ဝ​တည်း၌ စုံ​လင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ကြောင်း​နှင့် အ​ကျွန်ုပ်​ကို ချစ်​တော်​မူ​သ​ကဲ့​သို့ သူ​တို့​ကို​လည်း ချစ်​တော်​မူ​ကြောင်း​ကို လော​ကီ​သား​တို့​သည် သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား​ပေး​တော်​မူ​သော ဘုန်း​အ​သ​ရေ​ကို အ​ကျွန်ုပ်​သည်​သူ​တို့​အား ပေး​ပါ​ပြီ။-


တ​ရား​တော်​မူ​သော​အ​ဘ၊ လော​ကီ​သား​တို့​သည် ကိုယ်​တော်​ကို​မ​သိ​သော်​လည်း အ​ကျွန်ုပ်​သိ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် သိ​ကြ​ပါ၏။-


ထာ​ဝ​ရ​အ​သက်​ဟူ​မူ​ကား၊ မှန်​သော​ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ဖြစ်​တော်​မူ​သော ကိုယ်​တော်​ကို​လည်း​ကောင်း၊ စေ​လွှတ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို​လည်း​ကောင်း၊ သိ​ကျွမ်း​ခြင်း​တည်း။-


အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို သူ​တို့​အား​အ​ကျွန်ုပ်​ပေး၍ သူ​တို့​သည် ခံ​ယူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် အ​ထံ​တော်​မှ​ကြွ​လာ​သည်​ကို အ​တပ်​သိ​ကြ​သည်​နှင့် ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ယုံ​ကြ​ပါ၏။-


တစ်​ဖန် ယေ​ရှု​က၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​ကို ငါ​စေ​လွှတ်​သည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-


ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​သည် ဘု​ရား​သ​ခင်၏​စ​ကား​တော်​ကို ပြော​ဆို​တတ်၏။ ထို​သူ​အား ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​ကို အ​တိုင်း​အ​ရှည်​မ​ရှိ​ဘဲ ပေး​တော်​မူ၏။-


ယော​ဟန်၏​သက်​သေ​ထက် သာ၍​ကြီး​သော​သက်​သေ​သည် ငါ၌​ရှိ၏။ အ​ကြင်​အ​မှု​တို့​ကို ငါ​ပြီး​စီး​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် ငါ့​လက်​သို့ အပ်​ပေး​တော်​မူ၍၊ ငါ​ပြု​သော ထို​အ​မှု​တို့​သည်​လည်း ငါ့​ဘက်၌​နေ၍၊ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။-


နှုတ်​က​ပတ်​တော်​သည်​လည်း သင်​တို့၌​မ​တည်။ အ​ကြောင်း​မူ​ကား၊ စေ​လွှတ်​တော်​မူ​သော​သူ​ကို သင်​တို့​သည် မ​ယုံ​ကြည်​ဘဲ​နေ​ကြ၏။


ခ​မည်း​တော်​ရှေ့၌ ငါ​သည် သင်​တို့​ကို​အ​ပြစ်​တင်​မည်​ဟု မ​ထင်​ကြ​နှင့်။ သင်​တို့​ကို အ​ပြစ်​တင်​သော​သူ တစ်​ပါး​ရှိ​သေး၏။ ထို​သူ​ကား သင်​တို့​ကိုး​စား​သော မော​ရှေ​ပေ​တည်း။-


ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​ခြင်း​အ​ကျင့်​ကား၊ အ​လို​တော်​နှင့် ညီ​သော​အ​ကျင့်​တည်း​ဟု မိန့်​တော်​မူ၏။-


အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​လိုက်​ခြင်း​ငှာ ကောင်း​ကင်​မှ​ဆင်း​သက်​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​သို့​လိုက်​ခြင်း​ငှာ ဆင်း​သက်၏။-


သား​တော်​ကို ကြည့်​မြင်၍ ယုံ​ကြည်​သော​သူ​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​တော်​ရှိ၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့၌ ထို​သူ​တို့​ကို ထ​မြောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။


အ​သက်​ရှင်​တော်​မူ​သော ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၍၊ ငါ​သည်​ခ​မည်း​တော်​အား​ဖြင့် အ​သက်​ရှင်​သည်​နည်း​တူ၊ ငါ့​ကို​စား​သော​သူ​သည် ငါ့​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။-


ငါ​မူ​ကား​သိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ၏​အ​ထံ​တော်​မှ ငါ​လာ၏။ သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ၏​ဟု ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ်​တွင် ကြွေး​ကြော်၍ မိန့်​တော်​မူ​လျှင်၊-


ထို​မိန်း​မ​က​လည်း၊ အ​ဘယ်​သူ​မျှ မ​စီ​ရင်​ပါ​သ​ခင်​ဟု လျှောက်၏။ ငါ​သည်​လည်း သင်၏​အ​မှု​ကို မ​စီ​ရင်။ သွား​လော့။ နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။


ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့​အ​ဘ​မှန်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ထွက်​ကြွ​ရောက်​လာ၏။ ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ