ရှင်ယောဟန် 20:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ဆိုပြီးမှ နောက်သို့လှည့်ကြည့်လိုက်ရာ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်ကြောင်းကိုမသိ။ Common Language Bible ဤသို့ဆိုပြီးလျှင်နောက်သို့လှည့်၍ကြည့်ရာ သခင်ယေရှုရပ်လျက်နေတော်မူသည်ကိုမြင် သော်လည်းသခင်ယေရှုဖြစ်သည်ကိုမသိ။- Garrad Bible နောက်သို့လှည့်၍ ယေရှုရပ်နေတော်မူသည်ကိုမြင်သော်လည်း ယေရှုမှန်းမသိချေ။ Judson Bible ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်တော်မူသည်ကို မသိ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ဖြေပြီးမှ နောက်သို့ လှည့်ကြည့်ရာ ယေရှုရပ်တော်မူလျက်ရှိသည်ကို မြင်လေ၏။ သို့သော်လည်း ယေရှုဖြစ်တော်မူသည်ကို မာရိမသိချေ။ မြန်မာ ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်တော်မူသည်ကို မသိ။- |
ထိုအခါ ယေရှုသည် သူတို့နှင့်တွေ့ဆုံလျက်“မင်္ဂလာပါ”ဟု မိန့်တော်မူ၏။ သူတို့သည် ချဉ်းကပ်၍ ကိုယ်တော်၏ခြေတော်ကို ဖက်ထားကာ ကိုယ်တော်ကိုရှိခိုးကြ၏။
ထို့နောက် သူတို့ထဲမှနှစ်ဦးသည် တောရွာသို့လမ်းလျှောက်၍ ခရီးသွားကြစဉ် ကိုယ်တော်သည် ခြားနားသောအသွင်သဏ္ဌာန်ဖြင့် ကိုယ်ထင်ရှားပြတော်မူ၏။
[ယေရှုသည် ရက်သတ္တပတ်၏ပထမနေ့ နံနက်စောစောအချိန်တွင် ထမြောက်တော်မူပြီးနောက် မာဂဒလမြို့သူမာရိအား ပထမဦးစွာ ကိုယ်ထင်ရှားပြတော်မူ၏။ ထိုမာရိကား နတ်ဆိုးခုနစ်ကောင်ကို သူ့ထံမှ ကိုယ်တော်နှင်ထုတ်ပေးခဲ့သောသူဖြစ်၏။
သို့သော် သူတို့၏မျက်စိသည် ကာဆီးထားခြင်းခံရသဖြင့် သူတို့သည် ကိုယ်တော်ကိုမမှတ်မိကြချေ။
ထိုစဉ် သူတို့၏မျက်စိသည်ပွင့်လာ၍ ကိုယ်တော်ဖြစ်ကြောင်းသိကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။
မိုးလင်းချိန်ရောက်သောအခါ ယေရှုသည် ကမ်းစပ်တွင်ရပ်နေတော်မူ၏။ သို့ရာတွင် တပည့်တော်တို့သည် ယေရှုဖြစ်ကြောင်းကိုမသိကြ။
ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုပေါက်ရန် ကျောက်ခဲတို့ကိုကောက်ယူကြ၏။ သို့သော် ယေရှုသည် တိမ်းရှောင်၍ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ၏။