ဧလိယကလည်း သူ့အား “မစိုးရိမ်နှင့်။ သင်ပြောသည့်အတိုင်း သွား၍ပြုပါ။ ပြီးလျှင် မုန့်သေးသေးလေးတစ်ချပ်ကိုဖုတ်ပြီး ငါ့ကို ဦးစွာလာပေးပါ။ နောက်မှ သင်နှင့်သင့်သားအတွက် ဖုတ်ပါ။
ရှင်ယောဟန် 2:7 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုက“ဤရေအိုးများကို ရေဖြည့်ကြလော့”ဟု အစေခံတို့အား မိန့်တော်မူလျှင် သူတို့သည် အိုးနှုတ်ခမ်းအထိဖြည့်ကြ၏။ Common Language Bible သခင်ယေရှုက ``ဤအိုးများတွင်ရေအပြည့် ထည့်ကြလော့'' ဟုအစေခံတို့အားမိန့်တော်မူ လျှင် သူတို့သည်အိုးနှုတ်ခမ်းအထိရေပြည့် အောင်ထည့်ကြ၏။- Garrad Bible ထိုအိုးများကိုရေဖြည့်ကြလော့ဟု ယေရှုမိန့်တော်မူသည့်အတိုင်း နှုတ်ခမ်းထိဖြည့်ကြပြီးနောက်၊ Judson Bible ယေရှုကလည်း၊ ဤရေအိုးတို့ကိုရေဖြည့်ကြဟု အစေခံတို့အား မိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံမတတ်ဖြည့်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ဤအိုးများကို ရေဖြည့်ကြလော့” ဟု အစေခံတို့အား မိန့်တော်မူ၏။ ထိုအခါ သူတို့သည် လျှံကျမတတ်ဖြည့်ကြ၏။ မြန်မာ ယေရှုကလည်း၊ ဤရေအိုးတို့ကိုရေဖြည့်ကြဟု အစေခံတို့အား မိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံမတတ်ဖြည့်ကြ၏။- |
ဧလိယကလည်း သူ့အား “မစိုးရိမ်နှင့်။ သင်ပြောသည့်အတိုင်း သွား၍ပြုပါ။ ပြီးလျှင် မုန့်သေးသေးလေးတစ်ချပ်ကိုဖုတ်ပြီး ငါ့ကို ဦးစွာလာပေးပါ။ နောက်မှ သင်နှင့်သင့်သားအတွက် ဖုတ်ပါ။
စပျစ်ဝိုင်ကုန်သောအခါ ယေရှု၏မယ်တော်က “သူတို့တွင် စပျစ်ဝိုင်မရှိတော့ပါ”ဟု ပြောကြား၏။
ထိုနေရာ၌ ဂျူးလူမျိုးတို့၏စင်ကြယ်ခြင်းဝတ်အတွက် ဂါလံနှစ်ဆယ်၊ သုံးဆယ်ခန့်စီဆန့်သော ကျောက်ရေအိုးခြောက်လုံးထားလျက်ရှိ၏။
တစ်ဖန်“ယခုခပ်၍ ပွဲအုပ်ထံသို့ယူသွားကြလော့”ဟု မိန့်တော်မူသည့်အတိုင်း သူတို့သည်ယူသွားကြရာ