Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 2:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို​နေရာ​၌ ဂျူး​လူမျိုး​တို့​၏​စင်ကြယ်​ခြင်း​ဝတ်​အတွက် ဂါလံ​နှစ်ဆယ်၊ သုံးဆယ်​ခန့်​စီ​ဆန့်​သော ကျောက်​ရေအိုး​ခြောက်​လုံး​ထား​လျက်​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ထို​နေ​ရာ​တွင် ရေ​နှစ်​ထမ်း​သုံး​ထမ်း​ခန့်​စီ​ဝင်​သော ကျောက်​အိုး​ကြီး​ခြောက်​လုံး​ရှိ​၏။ ယု​ဒ​မျိုး​သား တို့​၏​ဘာ​သာ​ဋ္ဌ​လေ့​အ​ရ သန့်​စင်​မှု​ကို​ပြု​ရန် ထို​အိုး​များ​ကို​ထား​ရှိ​ခြင်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ထိုအိမ်တွင် ယုဒလူမျိုးတို့သန့်စေခြင်းထုံးနည်းအတိုင်း ခွက်ခုနစ်ဆယ်ဝင် ကျောက်ရေအိုးခြောက်လုံး တည်ထားလျက်ရှိသည်နှင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ယု​ဒ​ဘာ​သာ​အ​လျောက် စင်​ကြယ်​ခြင်း​အ​ဖို့​အ​လို​ငှာ၊ ထို​အ​ရပ်၌ နှစ်​တင်း​သုံး​တင်း​ခန့်​ဝင်​သော ကျောက်​အိုး​စ​ရည်း​ခြောက်​လုံး ထား​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ထို​နေရာ​၌ ဂျူးဘာသာဝင်တို့​ဓလေ့ထုံးတမ်း​အရ ဆေးကြောသန့်စင်ခြင်း​ကို​ပြုလုပ်​ရန် ထားသော ဂါလန်​နှစ်ဆယ်၊ သို့မဟုတ် သုံးဆယ်​စီ ဝင်ဆံ့သည့် ကျောက်ရေအိုး​ခြောက်လုံး​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

6 ယု​ဒ​ဘာ​သာ​အ​လျောက် စင်​ကြယ်​ခြင်း​အ​ဖို့​အ​လို​ငှာ၊ ထို​အ​ရပ်၌ နှစ်​တင်း​သုံး​တင်း​ခန့်​ဝင်​သော ကျောက်​အိုး​စ​ရည်း​ခြောက်​လုံး ထား​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 2:6
9 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​က ‘ဆီ​အပုံး​တစ်ရာ​ရှိ​ပါ​သည်’​ဟု ပြန်​ပြော​လျှင် ဘဏ္ဍာစိုး​က ‘သင်​၏​စာရင်း​ကို​ယူ​၍ ထိုင်​ပြီး ပုံး​ငါးဆယ်​ဟူ၍ အမြန်​ရေး​လော့’​ဟု ဆို​၏။


ယေရှု​က“ဤ​ရေအိုး​များ​ကို ရေ​ဖြည့်​ကြ​လော့”​ဟု အစေခံ​တို့​အား မိန့်​တော်မူ​လျှင် သူ​တို့​သည် အိုး​နှုတ်ခမ်း​အထိ​ဖြည့်​ကြ​၏။


ထိုအခါ ယောဟန်​၏​တပည့်​တို့​သည် စင်ကြယ်​ခြင်း​ဝတ်​နှင့်​ပတ်သက်၍ ဂျူး​လူမျိုး​တစ်​ဦး​နှင့်​ငြင်းခုံ​ဆွေးနွေး​ကြ​၏။


ခရစ်တော်​သည် ထိုသို့​ပြု​ခြင်း​မှာ ရေ​နှင့်ဆိုင်သော​ဆေးကြော​ခြင်း​အားဖြင့် နှုတ်ကပတ်တော်​၌ အသင်းတော်​ကို သန့်ရှင်း​စင်ကြယ်​စေ​ရန်​နှင့်


ငါ​တို့​၏​စိတ်နှလုံး​ကို ဆိုးညစ်​သော​အသိစိတ်​နှင့်​ကင်းစင်​စေရန် ပက်ဖျန်း​ခြင်း​ခံယူ​လျက် ကိုယ်ခန္ဓာ​ကို​လည်း စင်ကြယ်​သော​ရေ​ဖြင့်​ဆေးကြော​ကာ ယုံကြည်​ခြင်း​နှင့်ဆိုင်သော​စိတ်ချမှု​အပြည့်အဝ​နှင့် ဖြောင့်မှန်​သော​စိတ်နှလုံး​တို့​ဖြင့် အထံ​တော်​သို့ တိုးဝင်​ချဉ်းကပ်​ကြ​ကုန်စို့။


ဗတ္တိဇံ​နှင့်ဆိုင်သော​သွန်သင်​ခြင်း၊ လက်​တင်​ခြင်း၊ သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း၊ ထာဝရ​ပြစ်ဒဏ်​စီရင်​ခြင်း စသည့်​အကြောင်းအရာ​များ​၌ ထပ်၍​အခြေ​မ​ပြု​ဘဲ​နေ​ကြ​ကုန်စို့။


ထို​အရာ​တို့​သည် စားစရာ၊ သောက်​စရာ​နှင့် အထူးထူး​အပြားပြား​သော​ဆေးကြော​ခြင်း​ဝတ်​များ​နှင့်ဆိုင်​၍ အသစ်​ပြုပြင်​ရာ​ကာလ​တိုင်အောင် ထုံးဖွဲ့​ထား​သော ကိုယ်ကာယ​နှင့်ဆိုင်သည့် ပြဋ္ဌာန်း​ချက်​များ​သာ​ဖြစ်​ကြ​၏။


အကြောင်းမူကား မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​ပါ​သမျှ​သော​ပညတ်​ချက်​တို့​ကို လူ​အပေါင်း​တို့​အား​ကြေညာ​ပြီးလျှင် ရေ​နှင့်​ရောနှော​သော နွားသငယ်​နှင့်​ဆိတ်​တို့​၏​သွေး​ကို​ယူ​၍ ထို​ကျမ်း​မှစ၍ လူ​အပေါင်း​တို့​ကို နီမြန်း​သော​သိုးမွေး​နှင့်​ဟုဿုပ်​ညွန့်​ဖြင့် ပက်ဖျန်း​လျက်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ