ကိုယ်တော်သည် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူစဉ် ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်နှင့်စကားပြောလို၍ အပြင်၌ ရပ်နေကြ၏။
ရှင်ယောဟန် 19:25 - မြန်မာ့စံမီသမ္မာကျမ်း ယေရှု၏လက်ဝါးကပ်တိုင်တော်အနီး၌ကား ယေရှု၏မယ်တော်၊ မယ်တော်၏ညီမ၊ ကလောဖ၏ဇနီး မာရိနှင့် မာဂဒလမြို့သူမာရိတို့သည် ရပ်နေကြ၏။ Common Language Bible ထိုအခါကိုယ်တော်၏မယ်တော်နှင့်မယ်တော် ၏ညီမသည်လည်းကောင်း၊ ကလောဖ၏ဇနီး ဖြစ်သူမာရိနှင့်မာဂဒလမြို့သူမာရိ သည်လည်းကောင်း သခင်ယေရှု၏လက်ဝါး ကပ်တိုင်အနီးတွင်ရပ်လျက်နေကြ၏။- Garrad Bible ထိုအခါ ယေရှု၏ကားတိုင်တော်အနီးတွင် မယ်တော်နှင့်ထွေးတော် ကလောဖ၏မယားမာရိနှင့် မာဂဒလမာရိတို့သည် ရပ်လျက်ရှိနေကြစဉ်၊ Judson Bible ယေရှု၏ လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့် မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယား မာရိနှင့် မာဂဒလမာရိတို့သည် ရပ်နေကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှု၏ မယ်တော်၊ မယ်တော်၏ညီမ၊ ကလောဖ၏ဇနီး မာရိနှင့် မာဂဒလမာရိတို့သည် လက်ဝါးကပ်တိုင်အနီးတွင် ရပ်လျက်နေကြ၏။ မြန်မာ ယေရှု၏ လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့် မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယား မာရိနှင့် မာဂဒလမာရိတို့သည် ရပ်နေကြ၏။- |
ကိုယ်တော်သည် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူစဉ် ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်နှင့်စကားပြောလို၍ အပြင်၌ ရပ်နေကြ၏။
[ယေရှုသည် ရက်သတ္တပတ်၏ပထမနေ့ နံနက်စောစောအချိန်တွင် ထမြောက်တော်မူပြီးနောက် မာဂဒလမြို့သူမာရိအား ပထမဦးစွာ ကိုယ်ထင်ရှားပြတော်မူ၏။ ထိုမာရိကား နတ်ဆိုးခုနစ်ကောင်ကို သူ့ထံမှ ကိုယ်တော်နှင်ထုတ်ပေးခဲ့သောသူဖြစ်၏။
ဤသည်ကား များစွာသောသူတို့၏စိတ်နှလုံးတွေးတောကြံစည်မှုများသည် ထင်ရှားလာမည့်အကြောင်းတည်း။ သင်၏နှလုံးကိုလည်း သန်လျက်သည်ထိုးဖောက်လိမ့်မည်”ဟု ဆိုလေ၏။
ကိုယ်တော်ကိုသိကျွမ်းသောသူအပေါင်းတို့မှစ၍ ဂါလိလဲနယ်မှ ကိုယ်တော်၏နောက်သို့လိုက်လာကြသော အမျိုးသမီးတို့သည် အဝေးမှရပ်လျက် ဤအခြင်းအရာများကိုကြည့်နေကြ၏။
ထို့နောက် ကလောဖအမည်ရှိသူက “သင်သည်ဂျေရုဆလင်မြို့၌ ဧည့်သည်အဖြစ်နေထိုင်လျက်ပင် ဤရက်များအတွင်း ထိုမြို့၌ဖြစ်ပျက်ခဲ့သောအရာများကို သင်တစ်ဦးတည်းသာမသိဘဲနေသလော”ဟု ဆို၏။
သူတို့အပြင်အနာရောဂါများနှင့် နတ်ဆိုးတို့ဘေးမှ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သော အမျိုးသမီးအချို့ဖြစ်ကြသည့် နတ်ဆိုးခုနစ်ကောင်ထွက်သွားခဲ့သော မာဂဒလမြို့သူဟုခေါ်သည့်မာရိ၊
ရက်သတ္တပတ်၏ပထမနေ့၌ မာဂဒလမြို့သူမာရိသည် မှောင်လျက်ရှိနေသေးသော နံနက်စောစောအချိန်တွင် သင်္ချိုင်းတော်သို့ရောက်လာရာ ကျောက်တုံးအား ဂူဝမှ ဖယ်ရှားထားပြီးဖြစ်သည်ကိုမြင်လေ၏။