Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန် 19:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ယေရှု​၏ မယ်တော်၊ မယ်တော်​၏​ညီမ၊ ကလောဖ​၏​ဇနီး မာရိ​နှင့် မာဂဒလမာရိတို့​သည် လက်ဝါးကပ်တိုင်​အနီး​တွင် ရပ်​လျက်​နေကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ထို​အ​ခါ​ကိုယ်​တော်​၏​မယ်​တော်​နှင့်​မယ်​တော် ၏​ညီ​မ​သည်​လည်း​ကောင်း၊ က​လော​ဖ​၏​ဇ​နီး ဖြစ်​သူ​မာ​ရိ​နှင့်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ သည်​လည်း​ကောင်း သ​ခင်​ယေ​ရှု​၏​လက်​ဝါး ကပ်​တိုင်​အ​နီး​တွင်​ရပ်​လျက်​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ထိုအခါ ယေရှု၏ကားတိုင်တော်အနီးတွင် မယ်တော်နှင့်ထွေးတော် ကလောဖ၏မယားမာရိနှင့် မာဂဒလမာရိတို့သည် ရပ်လျက်ရှိနေကြစဉ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ယေ​ရှု၏ လက်​ဝါး​ကပ်​တိုင်​တော်​နား​မှာ မယ်​တော်​နှင့် မယ်​တော်၏​ညီ​မ​ဖြစ်​သော က​လော​ဖ၏​မ​ယား မာ​ရိ​နှင့် မာ​ဂ​ဒ​လ​မာ​ရိ​တို့​သည် ရပ်​နေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ယေရှု​၏​လက်ဝါးကပ်တိုင်​တော်​အနီး​၌​ကား ယေရှု​၏​မယ်တော်၊ မယ်တော်​၏​ညီမ၊ ကလောဖ​၏​ဇနီး မာရိ​နှင့် မာဂဒလ​မြို့သူ​မာရိ​တို့​သည် ရပ်​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

25 ယေ​ရှု၏ လက်​ဝါး​ကပ်​တိုင်​တော်​နား​မှာ မယ်​တော်​နှင့် မယ်​တော်၏​ညီ​မ​ဖြစ်​သော က​လော​ဖ၏​မ​ယား မာ​ရိ​နှင့် မာ​ဂ​ဒ​လ​မာ​ရိ​တို့​သည် ရပ်​နေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 19:25
10 ပူးပေါင်းရင်းမြစ်များ  

ဂါလိလဲပြည်​မှ နောက်တော်​သို့ လိုက်ခဲ့ကြသော​အမျိုးသမီးများ​မှစ၍ ယေရှု​၏​အသိ​မိတ်ဆွေ​အပေါင်းတို့​သည် ဤ​အရာများ​ကို အဝေး​က ရပ်​လျက် စောင့်ကြည့်နေကြ၏။


တနင်္ဂနွေနေ့​နံနက်​စောစော မှောင်​လျက် ရှိနေသေးချိန်​တွင် မာဂဒလမာရိ​သည် သင်္ချိုင်းဂူ​သို့ ရောက်လာရာ ဂူဝ​၌ ပိတ်ထားသော​ကျောက်တုံးကြီး​မှာ ဘေးဘက်​သို့ လှိမ့်ဖယ်ထားပြီး​ဖြစ်သည်​ကို မြင်လေ၏။


သူတို့​ထဲမှ ကလောဖ​အမည်ရှိသော​သူ​က “ဂျေရုဆလင်မြို့​သို့ ဧည့်သည်​အဖြစ် လာသော​သူများ​အနက် ဤ​ရက်များ​အတောအတွင်း ဖြစ်ပျက်ခဲ့သော​အကြောင်းအရာများ​ကို မသိသူ​မှာ သင်​တစ်ဦးတည်း​သာ ဖြစ်သလော” ဟု ဆိုလေ၏။


နတ်ဆိုးပူးခြင်း​ဘေး​နှင့် အနာရောဂါ​ဘေးတို့​မှ သက်သာ​ပျောက်ကင်းသွားသော အမျိုးသမီး​တချို့​သည်လည်း လိုက်ကြ၏။ ထို​အမျိုးသမီးများ​အနက် နတ်ဆိုး​ခုနစ်ကောင်​ထွက်သွားသော မာဂဒလမြို့သူ​ဟု ခေါ်သည့်​မာရိ၊


သို့ဖြစ်၍ သူ​သည် လူ​များစွာတို့​၏​စိတ်နှလုံး​တွေးတော​ကြံစည်မှုများ​ကို ပေါ်လွင်စေမည်။ သင့်​စိတ်နှလုံး​သည်လည်း ဓား​ဖြင့် ထိုး​ခံရ​သကဲ့သို့ ဖြစ်​လိမ့်မည်” ဟု ဆိုလေ၏။


တနင်္ဂနွေနေ့​နံနက်​စောစော​အချိန်​၌ ယေရှု​သည် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​ပြီးနောက် ဦးစွာ မာဂဒလမာရိ​ကို ကိုယ်ထင်ပြတော်မူ၏။ ထို​မာရိ​မှာ ယေရှု နတ်ဆိုး​ခုနစ်ကောင် နှင်ထုတ်ပေးတော်မူ​ခဲ့ဖူးသည့်သူ​ဖြစ်၏။


ထိုသို့ လူထု​အား ဟောပြောနေ​စဉ် မယ်တော်​နှင့် ညီတော်တို့​သည် ယေရှု​ကို စကား​ပြောလို​၍ အပြင်​တွင် ရပ်​စောင့်လျက်​နေကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ