ပျက်စီးခြင်း၏ရှေ့ပြေးသည် မာနကြီးခြင်းဖြစ်၏။ ပြိုလဲခြင်း၏ရှေ့ပြေးကား ဘဝင်မြင့်ခြင်းဖြစ်၏။
ရှင်ယောဟန် 13:38 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုက“ငါ့အတွက် သင်၏အသက်ကိုစွန့်မည်လော။ သင့်အား ငါအမှန်အကန်ဆိုမည်။ ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်။ Common Language Bible သခင်ယေရှုက ``သင်သည်ငါ့အတွက်အသက် စွန့်မည်လော။ အမှန်အကန်သင့်အားငါဆိုသည် ကား ကြက်မတွန်မီသင်သည်ငါ့ကိုမသိဟု သုံးကြိမ်တိုင်အောင်ငြင်းဆိုလိမ့်မည်'' ဟုမိန့် တော်မူ၏။ Garrad Bible ယေရှုက ငါ့အတွက်အသက်စွန့်မည်လော။ ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့ကိုသုံးကြိမ်တိုင် သင်မငြင်းဆိုမီ ကြက်တွန်မည်မဟုတ်။ Judson Bible ယေရှုက၊ ငါ့အဖို့ သင့်အသက်ကိုစွန့်မည်လော။ ငါအမှန်အကန်ဆိုသည်ကား၊ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ငါ့အတွက် အသက်စွန့်မည်လော။ သင့်အား ငါအမှန်ဆို၏။ ကြက်မတွန်မီ သင်သည် ငါ့ကို မသိဟု သုံးကြိမ်တိုင်အောင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုက၊ ငါ့အဖို့ သင့်အသက်ကိုစွန့်မည်လော။ ငါအမှန်အကန်ဆိုသည်ကား၊ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။ |
ပျက်စီးခြင်း၏ရှေ့ပြေးသည် မာနကြီးခြင်းဖြစ်၏။ ပြိုလဲခြင်း၏ရှေ့ပြေးကား ဘဝင်မြင့်ခြင်းဖြစ်၏။
မိမိစိတ်နှလုံးကို ကိုးစားသောသူသည် မိုက်မဲသောသူဖြစ်၏။ ဉာဏ်ပညာအားဖြင့်လျှောက်လှမ်းသောသူမူကား ဘေးလွတ်လိမ့်မည်။
လူ၏မာန်မာနသည် သူ့ကိုနိမ့်ကျစေတတ်၏။ စိတ်နှိမ့်ချသောသူမူကား ဂုဏ်သရေကိုရလိမ့်မည်။
ယေရှုကလည်း“သင့်အား ငါအမှန်ဆိုသည်ကား ဤညတွင်ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“သင့်အား ငါအမှန်ဆိုသည်ကား ယနေ့၊ ဤညတွင်ပင် ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ ပေတရုက “သခင်၊ အကျွန်ုပ်သည် ထောင်ထဲသို့ဖြစ်စေ၊ သေခြင်းအထိဖြစ်စေ ကိုယ်တော်နှင့်အတူလိုက်ရန် အသင့်ရှိပါသည်”ဟု လျှောက်လေ၏။
ကိုယ်တော်ကလည်း“ပေတရု၊ သင့်အား ငါဆိုမည်။ ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟု သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
တတိယအကြိမ်၌ ကိုယ်တော်က“ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါ၏သိုးတို့ကို ကျွေးမွေးလော့။
ဤသို့ သုံးကြိမ်တိုင်တိုင်ဖြစ်ပြီးနောက် ထိုအရာအားလုံးသည် ကောင်းကင်သို့ ပြန်လည်ရုပ်သိမ်းခြင်းခံရ၏။