အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်ယောဟန် 13:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဤ​အရာ​များ​ကို သင်​တို့​သိမှတ်​၍ ထို​အတိုင်း​ကျင့်သုံး​လျှင် သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ဤ​သစ္စာ​စ​ကား​ကို​သင်​တို့​ယ​ခု သိ​ကြ​လေ ပြီ။ ယင်း​သို့​သိ​သည့်​အ​တိုင်း​ကျင့်​သုံး​ကြ​ပါ လျှင်​မင်္ဂ​လာ​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

သင်တို့သည် ဤအခြင်းအရာများကိုသိ၍ပြုကျင့်လျှင် မင်္ဂလာရှိ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ဤ​အ​ရာ​များ​ကို သင်​တို့​သိ၍ သိ​သည်​အ​တိုင်း​ကျင့်​လျှင် မင်္ဂ​လာ​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဤ​အရာများ​ကို သင်တို့ ယခု​သိကြပြီ။ သိသည့်​အတိုင်း ကျင့်သုံး​လျှင် မင်္ဂလာ​ရှိကြ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ဤ​အ​ရာ​များ​ကို သင်​တို့​သိ၍ သိ​သည်​အ​တိုင်း​ကျင့်​လျှင် မင်္ဂ​လာ​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။



ရှင်ယောဟန် 13:17
21 ပူးပေါင်းရင်းမြစ်များ  

နောဧ​သည် ထိုသို့​ပြု​၏​။ မိမိ​အား​ဘုရားသခင်​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပြု​လေ​၏​။


၎င်း​တို့​အားဖြင့် ကိုယ်တော်​၏​အစေအပါး​သည် သတိပေး​ခြင်း​ကို​ခံရ​ပါ​၏​။ ၎င်း​တို့​ကို​စောင့်ထိန်း​ခြင်း​အကျိုး​သည် ကြီးမား​လှ​ပါ​၏​။


မောရှေ​သည် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တစ်သဝေမတိမ်း ပြု​လေ​၏​။


ဗျာဒိတ်နိမိတ်​မ​ရှိ​လျှင် လူ​တို့​သည် စည်းလွတ်ဝါးလွတ်​ပြုမူ​တတ်​ကြ​၏​။ ပညတ်တရား​ကို​စောင့်ထိန်း​သော​သူ​မူကား မင်္ဂလာ​ရှိ​၏​။


ထာဝရဘုရား​က ငါ့​အား “​ဤ​စကား​အလုံးစုံ​တို့​ကို ယုဒ​မြို့​များ​၊ ဂျေရုဆလင်​မြို့​လမ်း​များ​ပေါ်၌ ကြွေးကြော်​လော့​။ ‘​သင်​တို့​သည် ဤ​ပဋိညာဉ်​ပါ​စကား​တို့​ကို နားထောင်​ရ​မည်​၊ လိုက်လျှောက်​ရ​မည်​။


ငါ့​ဝိညာဉ်​ကို​လည်း သင်​တို့​အထဲ​သို့ သွင်းပေး​၍ ငါ​၏​တရားလမ်း​များ​သို့ လိုက်လျှောက်​စေ​မည်​။ ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​စေ​မည်​။


အကြောင်းမူကား ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​အလို​တော်​ကို​ဆောင်ရွက်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှမ၊ ငါ့​အမိ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


သို့ရာတွင် ကိုယ်တော်​က“စင်စစ်ကား ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​ကြား​၍ စောင့်ထိန်း​သော​သူ​သည် မင်္ဂလာရှိ​၏”​ဟု မိန့်​တော်မူ​၏။


သင်​တို့​အား ငါ​ပညတ်​သည့်​အရာ​တို့​ကို သင်​တို့​ကျင့်သုံး​လျှင် သင်​တို့​သည် ငါ​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​၏။


အကြောင်းမူကား ပညတ်​တရား​ကို​ကြားနာ​သော​သူ​တို့​သည် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​ကြ​သည်​မ​ဟုတ်။ ပညတ်​တရား​ကို​လိုက်နာ​ကျင့်သုံး​သော​သူ​တို့​သာလျှင် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြ​၏။


ခရစ်တော်​ယေရှု​၌​မူကား အရေဖျား​လှီး​ခြင်း​ဖြစ်စေ၊ အရေဖျား​မ​လှီး​ခြင်း​ဖြစ်စေ မည်သည့်​အရာ​ကို​မျှ မ​စွမ်းဆောင်​နိုင်။ မေတ္တာ​အားဖြင့်​လုပ်ဆောင်​သော ယုံကြည်​ခြင်း​က​သာ စွမ်းဆောင်​နိုင်​၏။


သို့သော် လွတ်လပ်​ခြင်း​နှင့်ဆိုင်သော​စုံလင်​သည့်​တရား​တော်​ကို သေချာ​စွာ​ကြည့်ရှု​လျက် စောင့်ထိန်း​သော​သူ​သည် ကြားနာ​၍​မေ့လျော့​တတ်​သူ​မ​ဟုတ်​ဘဲ လက်တွေ့​လိုက်နာ​ကျင့်သုံး​သော​သူ​ဖြစ်​၏။ ထို​သူ​သည် မိမိ​ပြု​သော​အမှု​၌ ကောင်းချီး​မင်္ဂလာ​ကို​ခံစား​ရ​လိမ့်မည်။


သို့ဖြစ်၍ မည်သူမဆို ကောင်း​သော​အမှု​ကို​လုပ်ဆောင်​ရန် သိ​လျက်​နှင့်​မ​လုပ်​ဘဲ​နေ​လျှင် သူ့​အတွက်​အပြစ်​ဖြစ်​၏။


မိမိ​တို့​၏​ဝတ်လုံ​များ​ကို​လျှော်ဖွပ်​၍ အသက်​ပင်​နှင့်​သက်ဆိုင်​ရ​သော​အခွင့်​ကို​ရရှိ​ကာ တံခါး​များ​မှ မြို့​ထဲသို့​ဝင်​ခွင့်​ကို​ရရှိ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။