ထို့နောက်တွင် အဗရှလုံသည် စစ်ရထားတစ်စီး၊ မြင်းများနှင့် ရှေ့တော်ပြေးတပ်သားအယောက် ငါးဆယ်ကို ပြင်ဆင်ထား၏။
ရှင်ယောဟန် 12:15 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား “ဇိအုန်သမီး၊ မကြောက်နှင့်။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏”ဟု ရေးထားသည့်အတိုင်းဖြစ်၏။ Judson Bible အို ဇိအုန်သတို့သမီး၊ မစိုးရိမ်နှင့်။ သင်၏အရှင်မင်းကြီးသည် မြည်းကလေးကိုစီး၍ သင်ရှိရာသို့ ကြွတော်မူသည်ကို ကြည့်ရှုလော့ဟု ရေးထားသည်နှင့်အညီ၊ ယေရှုသည်မြည်းကလေးကိုတွေ့၍ စီးတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုဟောပြောချက်မှာ “အို ဇိအုန်မြို့သူမြို့သားတို့… မကြောက်ကြနှင့်။ ကြည့်လော့။ သင်တို့၏ ရှင်ဘုရင်သည် မြည်းကလေးပေါ်တွင် စီး၍ ကြွလာတော်မူပြီ” ဟူ၍ ဖြစ်၏။ မြန်မာ အို ဇိအုန်သတို့သမီး၊ မစိုးရိမ်နှင့်။ သင်၏အရှင်မင်းကြီးသည် မြည်းကလေးကိုစီး၍ သင်ရှိရာသို့ ကြွတော်မူသည်ကို ကြည့်ရှုလော့ဟု ရေးထားသည်နှင့်အညီ၊ ယေရှုသည်မြည်းကလေးကိုတွေ့၍ စီးတော်မူ၏။- |
ထို့နောက်တွင် အဗရှလုံသည် စစ်ရထားတစ်စီး၊ မြင်းများနှင့် ရှေ့တော်ပြေးတပ်သားအယောက် ငါးဆယ်ကို ပြင်ဆင်ထား၏။
ရှင်ဘုရင်က ဇိဘအား “ဤအရာများကား အဘယ်အတွက်နည်း”ဟု မေးတော်မူလျှင် ဇိဘက “မြည်းများကား အရှင်မင်းကြီးနှင့် အိမ်သူအိမ်သားတို့ စီးဖို့၊ မုန့်နှင့် နွေရာသီသီးနှံများကား ငယ်သားတို့စားဖို့၊ စပျစ်ဝိုင်ကား ကန္တာရတွင် မောပန်းသူတို့ သောက်ဖို့ ဖြစ်ပါ၏”ဟု လျှောက်တင်၏။
ထိုအခါ ရှင်ဘုရင်က သူတို့အား “သင်တို့နှင့်အတူ သင်တို့သခင်၏အမှုထမ်းတို့ကိုခေါ်ပြီး သားတော်ရှောလမုန်ကို ငါစီးသောလားကိုစီးစေ၍ သူ့ကို ဂိဟုန်မြို့သို့ ခေါ်ဆောင်သွားလော့။
“အို ပိုးကောင်ယာကုပ်၊ အို အစ္စရေးလူမျိုးတို့၊ မကြောက်နှင့်။ သင့်ကို ငါကူညီမစမည်”ဟု ထာဝရဘုရား မိန့်တော်မူ၏။ သင့်ကိုရွေးနုတ်သောသူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ဖြစ်တော်မူ၏။
ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် ကြားသိစေတော်မူပြီ။ ဇိအုန်သမီးပျိုအား “ကြည့်ရှုလော့။ သင့်ကိုကယ်တင်သောအရှင် လာနေပြီ။ ဆုလာဘ်သည် ကိုယ်တော်နှင့်အတူရှိ၏။ အဖိုးအခသည် ကိုယ်တော်၏ရှေ့တော်၌ရှိ၏”ဟု ပြောကြားလော့။
အို ဧဒါမျှော်စင် ဇိအုန်သမီးပျိုနေရာတောင်ကုန်း၊ အုပ်စိုးမှုအာဏာသည် ယခင်ကကဲ့သို့ပင် သင့်ထံပြန်လာလိမ့်မည်။ ဂျေရုဆလင်သမီးပျိုထံသို့ နိုင်ငံတော်ပြန်ရောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
ထိုဘုရင်သည် မိမိအတွက် မြင်းတို့ကို မစုဆောင်းရ။ မြင်းများကိုစုဆောင်းရရှိရန် လူတို့ကိုအီဂျစ်ပြည်သို့ ထပ်၍ပြန်မသွားစေနှင့်။ အကြောင်းမူကား ထာဝရဘုရားက ‘သင်တို့သည် ထိုလမ်းသို့ နောက်တစ်ဖန် လုံးဝပြန်မသွားရ’ဟု သင်တို့အားမိန့်တော်မူခဲ့၏။
ထိုသူ၌ မြည်းအကောင်ခုနစ်ဆယ်ကို ကိုယ်စီစီးခွင့်ရှိသော သားအယောက်လေးဆယ်၊ မြေးအယောက်သုံးဆယ် ရှိ၏။ သူသည် အစ္စရေးလူမျိုးတို့ကို ရှစ်နှစ်စီရင်အုပ်ချုပ်၏။
သားရေကုန်းနှီးပေါ်ထိုင်၍ မြည်းဖြူကိုစီးသောသူတို့နှင့် လမ်း၌သွားလာသောသူတို့၊ စဉ်းစားဆင်ခြင်ကြလော့။