ထို့ကြောင့် ယာကုပ်သည် မိမိ၏အိမ်သူအိမ်သားတို့မှစ၍ မိမိနှင့်အတူရှိသောသူအပေါင်းတို့အား “သင်တို့၌ရှိသောတိုင်းတစ်ပါးသား၏ဘုရားများကို ဖယ်ရှားကြလော့။ သင်တို့ကိုယ်သင်တို့ စင်ကြယ်စေ၍ သင်တို့၏အဝတ်အစားများကို လဲကြလော့။
ရှင်ယောဟန် 11:55 - မြန်မာ့စံမီသမ္မာကျမ်း ဂျူးလူမျိုးတို့၏ပသခါပွဲတော်နီးကပ်လာပြီဖြစ်၍ များစွာသောသူတို့သည် မိမိတို့ကိုယ်ကိုသန့်ရှင်းစင်ကြယ်စေရန် ပသခါပွဲတော်မတိုင်မီ ကျေးလက်ဒေသမှ ဂျေရုဆလင်မြို့သို့ တက်လာကြ၏။ Common Language Bible ယုဒအမျိုးသားတို့၏ပသခါပွဲတော်အခါ နီးကပ်လာပြီဖြစ်၍ ကျေးလက်တောရွာများ မှလူအများပင်သန့်စင်ခြင်းဝတ်ကိုပြုရန် ပွဲတော်မစမီယေရုရှလင်မြို့သို့တက်လာ ကြ၏။- Garrad Bible ထိုအခါ ယုဒလူမျိုး၏ပသခါပွဲတိုင်လုနီးသည်ဖြစ်၍ အများတို့သည်ကျေးတောမှ ယေရုရှလင်မြို့သို့ သန့်စေခြင်းဝတ်ကိုပြုရန် ပွဲမတိုင်မီရောက်ကြရာ၊ ယေရှုကိုရှာ၍ ဗိမာန်တော်တွင်ရှိနေကြစဉ်၊ Judson Bible ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည် မိမိတို့ကိုသန့်ရှင်းစေခြင်းငှာ ပွဲမခံမီ အရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျူးလူမျိုးတို့၏ ပသခါပွဲတော် နီးလာသဖြင့် ကျေးရွာအသီးသီးမှ လူများစွာတို့သည် သန့်ရှင်းစင်ကြယ်ခြင်းအမှုကို ပြုရန် ပွဲတော်မစမီ ဂျေရုဆလင်မြို့သို့ ကြိုတင်ရောက်လာကြ၏။ မြန်မာ ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည် မိမိတို့ကိုသန့်ရှင်းစေခြင်းငှာ ပွဲမခံမီ အရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။- |
ထို့ကြောင့် ယာကုပ်သည် မိမိ၏အိမ်သူအိမ်သားတို့မှစ၍ မိမိနှင့်အတူရှိသောသူအပေါင်းတို့အား “သင်တို့၌ရှိသောတိုင်းတစ်ပါးသား၏ဘုရားများကို ဖယ်ရှားကြလော့။ သင်တို့ကိုယ်သင်တို့ စင်ကြယ်စေ၍ သင်တို့၏အဝတ်အစားများကို လဲကြလော့။
စားသောက်ပွဲအလှည့်ကျကျင်းပသောနေ့များပြီးသောအခါတွင်လည်း ယောဘက “ငါ့သားသမီးတို့စိတ်ထဲတွင် ဘုရားသခင်ကို ကျိန်ဆဲ၍ အပြစ်ပြုမိကောင်းပြုမိကြလိမ့်မည်”ဟု တွေး၍ သူတို့ကို ခေါ်ပြီး ကိုယ်ကိုသန့်ရှင်းစေလျက် နံနက်စောစောထ၍ သူတို့အားလုံးအရေအတွက်အတိုင်း မီးရှို့ရာယဇ်ကို ပူဇော်၏။ ယောဘသည် ထိုသို့ အမြဲပြုလေ့ရှိ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် အပြစ်ကင်းခြင်းထဲ၌ အကျွန်ုပ်၏လက်ကိုဆေးကြော၍ ကိုယ်တော်၏ယဇ်ပလ္လင်ကိုလှည့်ပတ်ကာ
တစ်ဖန် ထာဝရဘုရားက မောရှေအား “လူတို့ထံသို့သွား၍ ယနေ့နှင့်မနက်ဖြန်တွင် သူတို့ကို သန့်ရှင်းစေလော့။ သူတို့၏အဝတ်အစားများကိုလည်း လျှော်စေလော့။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သင်တို့ဖြစ်စေ၊ သင်တို့၏မျိုးဆက်ဖြစ်စေ တစ်စုံတစ်ယောက်သည် လူသေအလောင်းကြောင့် မစင်မကြယ်ဖြစ်နေလျှင်လည်းကောင်း၊ ခရီးလွန်နေလျှင်လည်းကောင်း ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပခွင့်ရှိ၏။
သို့သော် ထိုနေ့၌ လူအချို့တို့သည် လူသေအလောင်းကြောင့် မစင်ကြယ်သည်ဖြစ်၍ ပသခါပွဲတော်ကို ကျင်းပခွင့်မရကြ။ ထို့ကြောင့် ထိုနေ့၌ သူတို့သည် မောရှေနှင့်အာရုန်ထံသို့လာ၍
ယေရှုသည် ဤတရားစကားအားလုံးတို့ကို မိန့်တော်မူပြီးသောအခါ တပည့်တော်တို့အား
“ပသခါပွဲတော်ကျရောက်ရန် နှစ်ရက်သာလိုတော့သည်ကို သင်တို့သိကြ၏။ ထိုအခါ လူ့သားကို လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ပသခါပွဲတော်နှင့် တဆေးမဲ့မုန့်ပွဲတော်များကျရောက်ရန် နှစ်ရက်သာလိုတော့၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများသည် ယေရှုကို ပရိယာယ်အားဖြင့် မည်ကဲ့သို့ဖမ်းဆီးသတ်ဖြတ်ရမည်ကို ရှာကြံနေကြ၏။
ပသခါပွဲတော်မတိုင်မီ ခြောက်ရက်အလိုတွင် ယေရှုသည် ဗေသနိရွာသို့ကြွတော်မူ၏။ ထိုရွာသည် သေသောသူတို့ထဲမှ ယေရှုထမြောက်စေခဲ့သော လာဇရုနေထိုင်ရာအရပ်ဖြစ်၏။
ပသခါပွဲတော်မတိုင်မီ၌ ယေရှုသည် ဤလောကမှထွက်ခွာပြီး ခမည်းတော်ထံသို့သွားရမည့် မိမိအချိန်ရောက်လာသည်ကို သိတော်မူ၍ ဤလောက၌ရှိသော မိမိလူတို့ကိုချစ်တော်မူလျက် အဆုံးတိုင်အောင်ချစ်တော်မူ၏။
ထို့နောက် သူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ အချိန်ကား နံနက်စောစောအချိန်ဖြစ်၏။ သူတို့သည် ညစ်ညူးခြင်းနှင့်ကင်းလွတ်၍ ပသခါပွဲတော်ကိုစားနိုင်ရန် ရုံးတော်ထဲသို့မဝင်ဘဲနေကြ၏။
ဂျူးလူမျိုးတို့၏ပသခါပွဲတော်နီးကပ်လာပြီဖြစ်သဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့ကြွတော်မူ၏။
ထိုနေရာ၌ ဂျူးလူမျိုးတို့၏စင်ကြယ်ခြင်းဝတ်အတွက် ဂါလံနှစ်ဆယ်၊ သုံးဆယ်ခန့်စီဆန့်သော ကျောက်ရေအိုးခြောက်လုံးထားလျက်ရှိ၏။
ထို့နောက် ဂျူးလူမျိုးတို့၏ပွဲတော်ရှိသဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့တက်သွားတော်မူ၏။
ထိုအချိန်သည် ဂျူးလူမျိုးတို့၏ပွဲတော်တည်းဟူသော ပသခါပွဲတော်နီးကပ်သည့်အချိန်ဖြစ်၏။
ထိုသူတို့ကို ခေါ်သွား၍ သူတို့နှင့်အတူ သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူလျက် သူတို့ခေါင်းကို ခေါင်းတုံးရိတ်ရန် သူတို့အတွက် စရိတ်ခံပေးပါလော့။ သို့ပြုလျှင် သင်နှင့်ပတ်သက်၍ သူတို့ကြားသိထားသောသတင်းသည် မဟုတ်မမှန်ဘဲ သင်ကိုယ်တိုင် ပညတ်တရားကိုစောင့်ထိန်းလျက် လိုက်လျှောက်နေကြောင်း သူတို့အားလုံးသိကြလိမ့်မည်။
ထိုအခါ ပေါလုသည် ထိုလူလေးဦးတို့ကိုခေါ်၍ နောက်တစ်နေ့၌ သူတို့နှင့်အတူ သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူလျက် ဗိမာန်တော်ထဲသို့ဝင်ကာ သူတို့တစ်ဦးစီအတွက် ပူဇော်သက္ကာဆက်သမည့်အချိန်ဖြစ်သည့် သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူသည့် နေ့ရက်များပြီးဆုံးမည့်အချိန်ကို အသိပေးလေ၏။
ဗိမာန်တော်၌ သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူပြီးသောအကျွန်ုပ်ကို သူတို့တွေ့မြင်သည့်အချိန်တွင် လူအစုအဝေးမရှိ၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းလည်း မရှိခဲ့ပါ။
ထို့ကြောင့် လူတိုင်း ကိုယ့်ကိုယ်ကိုယ်စစ်ဆေးပြီးမှ မုန့်ကိုစားစေ။ ထိုနည်းတူ ခွက်ကိုလည်းသောက်စေ။
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။
ရှမွေလကလည်း “ထာဝရဘုရားထံ ယဇ်ပူဇော်ဖို့ ငြိမ်းချမ်းရေးအတွက် လာပါ၏။ ကိုယ်ကို စင်ကြယ်စေကြပြီး ငါနှင့်အတူ ယဇ်ပူဇော်ပွဲသို့ လာကြလော့”ဟု သူတို့အား ဆို၏။ ယေရှဲနှင့် သူ့သားများကိုလည်း စင်ကြယ်အောင်ပြုပြီးမှ ယဇ်ပူဇော်ပွဲသို့လာရန် ဖိတ်ခေါ်၏။