ကိုယ်တော်၏ခြေတော်ရင်း၌ပျပ်ဝပ်၍ ကိုယ်တော်ကိုကျေးဇူးတင်၏။ ထိုသူသည် ရှမာရိနယ်သားဖြစ်၏။
ရှင်ယောဟန် 11:32 - မြန်မာ့စံမီသမ္မာကျမ်း မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်သောအခါ ခြေတော်ရင်း၌ပျပ်ဝပ်လျက် “သခင်ဘုရား၊ ဤနေရာ၌ ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင်သေဆုံးခဲ့မည်မဟုတ်ပါ”ဟု လျှောက်လေ၏။ Common Language Bible မာရိသည်သခင်ယေရှုရှိရာအရပ်သို့ရောက် သောအခါ ကိုယ်တော်ကိုမြင်သဖြင့်ခြေတော် ရင်းမှာပျပ်ဝပ်လျက် ``အရှင်ဘုရား၊ အရှင် သာဤအရပ်မှာရှိတော်မူခဲ့ပါလျှင်ကျွန်မ မောင်သည်သေမည်မဟုတ်ပါ'' ဟုလျှောက် ထား၏။ Garrad Bible မာရိသည် ယေရှုထံသို့ရောက်၍ ကိုယ်တော်ကိုမြင်သည့်ကာလ၊ ခြေတော်ရင်းတွင်ပျပ်ဝပ်လျက် အရှင်ဘုရား၊ ကိုယ်တော်ရှိတော်မူခဲ့လျှင် တပည့်တော်မမောင် မသေလေပါဟုလျှောက်၏။ Judson Bible မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါဟု လျှောက်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ ရောက်သောအခါ ခြေတော်ရင်း၌ ဝပ်တွားခယလျက် “သခင်… သခင်သာ ဤနေရာ၌ ရှိတော်မူခဲ့လျှင် ကျွန်မမောင်သေဆုံးမည်မဟုတ်ပါ” ဟု လျှောက်လေ၏။ မြန်မာ မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါဟု လျှောက်၏။- |
ကိုယ်တော်၏ခြေတော်ရင်း၌ပျပ်ဝပ်၍ ကိုယ်တော်ကိုကျေးဇူးတင်၏။ ထိုသူသည် ရှမာရိနယ်သားဖြစ်၏။
ရှိမုန်ပေတရုသည် ထိုအခြင်းအရာကိုမြင်လျှင် ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် “သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်၍ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ”ဟု လျှောက်လေ၏။
ထိုအခါ ယာဣရုအမည်ရှိသောလူတစ်ဦးသည် အထံတော်သို့ရောက်လာ၏။ ထိုသူသည် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံဖြစ်၏။ သူသည် ယေရှု၏ခြေတော်ရင်း၌ပျပ်ဝပ်ကာ မိမိအိမ်သို့ကြွတော်မူရန် တောင်းပန်၏။
ထိုမာရိသည် သခင်ဘုရားကိုဆီမွှေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင်ဖြင့်သုတ်သောသူဖြစ်ပြီး နာမကျန်းဖြစ်နေသောလာဇရုသည် သူ၏မောင်ဖြစ်၏။
မာသက ယေရှုအား “သခင်ဘုရား၊ ဤနေရာ၌ ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင်သေဆုံးခဲ့မည်မဟုတ်ပါ။
သို့သော် သူတို့ထဲမှအချို့တို့က “မျက်မမြင်ကိုမျက်စိမြင်စေခဲ့သော ဤသူသည် လာဇရုကိုလည်းမသေစေရန် မတတ်နိုင်သလော”ဟု ဆိုကြ၏။
ထိုမှူးမတ်က “သခင်ဘုရား၊ အကျွန်ုပ်၏သားမသေမီ ကြွလာတော်မူပါ”ဟု လျှောက်လေ၏။
ငါယောဟန်သည် ဤအကြောင်းအရာများကို မြင်ရကြားရသောသူဖြစ်၏။ ငါသည် မြင်ရကြားရသောအခါ ၎င်းတို့ကို ငါ့အားပြသသော ကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ ပျပ်ဝပ်လေသော်
ထိုအခါ သတ္တဝါလေးပါးတို့က “အာမင်”ဟု ဆိုကြ၏။ သက်ကြီးဝါကြီးတို့သည်လည်း ပျပ်ဝပ်လျက်ရှိခိုးကြ၏။
ထိုသို့ စာလိပ်ကိုယူလိုက်သောအခါ သတ္တဝါလေးပါးတို့နှင့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် စောင်းများကိုလည်းကောင်း၊ သန့်ရှင်းသူတို့၏ဆုတောင်းချက်များဖြစ်ကြသော နံ့သာပေါင်းနှင့်ပြည့်နေသည့် ရွှေဖလားများကိုလည်းကောင်း အသီးသီးကိုင်ဆောင်လျက် သိုးသငယ်တော်ရှေ့၌ ပျပ်ဝပ်ကြ၏။