အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းကြောင့် ကိုယ်တော်၏မျက်နှာတော်ကိုဖူးမြော်ရပါလိမ့်မည်။ အကျွန်ုပ်နိုးလာသောအခါ ကိုယ်တော်၏သဏ္ဌာန်တော်ကိုမြင်၍ အလိုပြည့်စုံပါလိမ့်မည်။
ရှင်ယောဟန် 11:24 - မြန်မာ့စံမီသမ္မာကျမ်း မာသက “နောက်ဆုံးသောနေ့တည်းဟူသော ရှင်ပြန်ထမြောက်ရာကာလ၌ သူထမြောက်မည်ကို ကျွန်မသိပါသည်”ဟု လျှောက်လေ၏။ Common Language Bible မာသက ``နောက်ဆုံးသောနေ့၌သူသေတို့ ထမြောက်ကြသောအခါ သူသည်အသက် ပြန်၍ရှင်မည်ကိုကျွန်မသိပါ၏'' ဟု လျှောက်၏။- Garrad Bible မာသကလည်း နောက်ဆုံးနေ့တွင် သူသေတို့ရှင်ပြန်ထမြောက်သည့်ကာလ သူရှင်ပြန်ထမြောက်မည်ကို တပည့်တော်မ သိပါသည်ဟုလျှောက်ပြန်သော်၊ Judson Bible မာသကလည်း၊ နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မာသကလည်း “နောက်ဆုံးသောနေ့၊ သေရာမှထမြောက်မည့်ကာလတွင် သူသည်လည်း ပြန်ရှင်မည်ကို ကျွန်မသိပါ၏” ဟု လျှောက်လေ၏။ မြန်မာ မာသကလည်း၊ နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- |
အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းကြောင့် ကိုယ်တော်၏မျက်နှာတော်ကိုဖူးမြော်ရပါလိမ့်မည်။ အကျွန်ုပ်နိုးလာသောအခါ ကိုယ်တော်၏သဏ္ဌာန်တော်ကိုမြင်၍ အလိုပြည့်စုံပါလိမ့်မည်။
သေခြင်းကို ထာဝရပျက်စီးစေတော်မူမည်။ ဘုရားရှင်ထာဝရဘုရားသည် လူခပ်သိမ်းတို့၏မျက်နှာမှ မျက်ရည်ကို သုတ်ပေးတော်မူမည်။ မိမိလူမျိုးတော်ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို မြေတစ်ပြင်လုံးမှဖယ်ရှားတော်မူမည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။
ကိုယ်တော်၌ သေဆုံးသောသူတို့သည် ပြန်ရှင်ကြမည်။ ငါနှင့်သက်ဆိုင်သောအသေကောင်သည် ထမြောက်မည်။ မြေမှုန့်သားတို့၊ နိုးလော့။ ရွှင်လန်းစွာသီချင်းဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်၏နှင်းသည် နံနက်ခင်းနှင်းကဲ့သို့ဖြစ်၏။ မြေကြီးသည် သေသူ၏ဝိညာဉ်ကို မွေးဖွားစေလိမ့်မည်။
ငါသည် သူတို့ကို မရဏာနိုင်ငံမှ ကယ်နုတ်မည်။ သေမင်းလက်မှ ရွေးနုတ်မည်။ အို သေမင်း၊ သင်၏ဘေးကား အဘယ်မှာနည်း။ အို မရဏာနိုင်ငံ၊ သင်၏အဆိပ်ဆူးကား အဘယ်မှာနည်း။ သင့်ကို ငါမသနားမကြင်နာတော့ပြီ။”
နှစ်ရက်လွန်ပြီးနောက် ငါတို့ကို ပြန်လည်ရှင်သန်စေတော်မူမည်။ သုံးရက်မြောက်သောနေ့တွင် ငါတို့ကို ပြန်လည်ထမြောက်စေတော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော့်ရှေ့တော်တွင် အသက်ရှင်ခွင့်ရကြလိမ့်မည်။
သို့ပြုလျှင် သူတို့သည် သင့်အားကျေးဇူးမတုံ့ပြန်နိုင်ကြသောကြောင့် သင်သည် မင်္ဂလာရှိလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏ရှင်ပြန်ထမြောက်ရာကာလ၌ သင်သည် ကျေးဇူးတုံ့ပြန်ခြင်းကို အမှန်ပင်ခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကား ငါ့ထံကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့တွင် တစ်စုံတစ်ဦးကိုမျှ ငါမဆုံးရှုံးဘဲ နောက်ဆုံးသောနေ့၌ ထိုသူတို့ကိုထမြောက်စေရန်ဖြစ်၏။
အမှန်စင်စစ် ငါ့ခမည်းတော်၏အလိုတော်မှာ သားတော်ကိုမြင်၍ယုံကြည်သောသူတိုင်း ထာဝရအသက်ကိုရရှိရန်ဖြစ်၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကိုထမြောက်စေမည်”ဟု မိန့်တော်မူ၏။
သူတို့ကိုယ်တိုင်လည်း စောင့်မျှော်သကဲ့သို့ ဖြောင့်မတ်သောသူများဖြစ်စေ၊ မဖြောင့်မတ်သောသူများဖြစ်စေ နောင်တွင် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဟု ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်နေပါသည်။
မိန်းမတို့သည်လည်း သေသောသူတို့ထဲမှရှင်ပြန်ထမြောက်စေခြင်းခံရသည့် မိမိတို့နှင့်ဆိုင်သောသူတို့ကို ပြန်လည်ရရှိကြ၏။ လူအချို့တို့သည်လည်း သာ၍မြတ်သောရှင်ပြန်ထမြောက်ခြင်းကိုရရှိရန် လွတ်မြောက်ခြင်းကိုမခံယူဘဲ ပြင်းထန်သောနှိပ်စက်ခြင်းကိုခံယူကြ၏။