ထို့နောက်တွင် “သခင်၏ဖခင် နာမကျန်းဖြစ်နေ၏”ဟု ယောသပ်ကြားရလျှင် သားနှစ်ယောက်ဖြစ်သော မနာရှေနှင့်ဧဖရိမ်ကို မိမိနှင့်အတူ ဖခင်ထံသို့ ခေါ်ဆောင်သွားလေ၏။
ရှင်ယောဟန် 11:1 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ၌ မာရိနှင့်သူ၏အစ်မမာသတို့နေထိုင်ရာ ဗေသနိရွာမှ လာဇရုဆိုသူတစ်ဦးသည် နာမကျန်းဖြစ်နေ၏။ Common Language Bible ဗေသနိရွာသားလာဇရုဆိုသူသည်ဖျားနာ လျက်ရှိ၏။ ဗေသနိရွာတွင်ညီအစ်မဖြစ်ကြ သောမာရိနှင့်မာသတို့နေထိုင်ကြ၏။- Garrad Bible ထိုအခါ မာရိနှင့်အစ်မမာသတို့နေထိုင်ရာ ဗေသနိရွာသားလာဇရုဆိုသူသည် နာလျက်ရှိနေ၏။ Judson Bible ညီအစ်မ မာရိနှင့် မာသတို့နေသော ဗေသနိရွာသား၊ လာဇရုအမည်ရှိသော သူတစ်ယောက်သည် နာလျက်နေလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လာဇရုအမည်ရှိသော လူတစ်ဦးသည် ဖျားနာလျက်ရှိ၏။ သူသည် မာရိနှင့် မာသဟု ခေါ်သော သူ၏ အစ်မနှစ်ဦးတို့နှင့်အတူ ဗေသနိရွာတွင်နေထိုင်၏။ မြန်မာ ညီအစ်မ မာရိနှင့် မာသတို့နေသော ဗေသနိရွာသား၊ လာဇရုအမည်ရှိသော သူတစ်ယောက်သည် နာလျက်နေလေ၏။- |
ထို့နောက်တွင် “သခင်၏ဖခင် နာမကျန်းဖြစ်နေ၏”ဟု ယောသပ်ကြားရလျှင် သားနှစ်ယောက်ဖြစ်သော မနာရှေနှင့်ဧဖရိမ်ကို မိမိနှင့်အတူ ဖခင်ထံသို့ ခေါ်ဆောင်သွားလေ၏။
ထို့နောက် ကိုယ်တော်သည် သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ခွာလျက် ဗေသနိရွာသို့ကြွကာ ထိုရွာ၌ တစ်ညတာကုန်လွန်စေတော်မူ၏။
သူတို့သည် ဂျေရုဆလင်မြို့နှင့်နီးကပ်လာ၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာနှင့်ဗေသနိရွာသို့ ရောက်လာကြသောအခါ ယေရှုသည် တပည့်တော်နှစ်ပါးကိုစေလွှတ်၍
ထိုသို့မိန့်တော်မူပြီးနောက်“ငါတို့၏မိတ်ဆွေလာဇရုသည် အိပ်ပျော်လေပြီ။ သို့ရာတွင် သူ့ကိုနှိုးရန် ငါသွားမည်”ဟု မိန့်တော်မူ၏။
များစွာသောဂျူးလူမျိုးတို့သည် မာသနှင့်မာရိတို့ကို သူတို့၏မောင်အတွက်နှစ်သိမ့်ရန် သူတို့ထံသို့ရောက်နေကြ၏။
ထို့ကြောင့် ထိုညီအစ်မတို့သည် ကိုယ်တော်ထံသို့ လူကိုစေလွှတ်၍ “သခင်ဘုရား၊ ကိုယ်တော်ချစ်ခင်တော်မူသောသူသည် နာမကျန်းဖြစ်နေပါသည်”ဟု လျှောက်ထားကြ၏။
ယေရှုသည် လာဇရုကို သင်္ချိုင်းဂူမှခေါ်ထုတ်၍ သေသောသူတို့ထဲမှ ထမြောက်စေတော်မူစဉ်က ကိုယ်တော်နှင့်အတူရှိခဲ့သော လူထုပရိသတ်တို့သည် ထိုအကြောင်းကို သက်သေခံကြ၏။
များစွာသောဂျူးလူမျိုးအစုအဝေးသည် ထိုအရပ်၌ ယေရှုရှိတော်မူကြောင်းကို ကြားသိသဖြင့် ယေရှုကြောင့်သာမဟုတ်ဘဲ သေသောသူတို့ထဲမှ ကိုယ်တော်ထမြောက်စေတော်မူသော လာဇရုကိုလည်းတွေ့မြင်ရရန် ရောက်လာကြ၏။
ထိုနေ့ရက်များတွင် သူသည် နာမကျန်းဖြစ်ပြီးသေဆုံးသွားသဖြင့် လူတို့သည် သူ၏အလောင်းကိုရေချိုးပေးပြီးလျှင် အထက်ခန်း၌ ထားကြ၏။