ထိုအခါ ယောရှဖတ်မင်းကြီးက “ဤအရပ်တွင် ငါတို့မေးမြန်း၍ရမည့် ထာဝရဘုရား၏ပရောဖက် မရှိတော့ပြီလော”ဟု မေးလျှင်
ရှင်ယောဟန် 10:5 - မြန်မာ့စံမီသမ္မာကျမ်း သူစိမ်းတို့၏အသံကိုမူ မသိကြသောကြောင့် သူစိမ်းနောက်သို့ မည်သည့်အခါမျှ မလိုက်သည်သာမက သူစိမ်းထံမှ ထွက်ပြေးတတ်ကြ၏”ဟု မိန့်တော်မူ၏။ Common Language Bible သိုးတို့သည်သူစိမ်း၏နောက်သို့မူလိုက်လိမ့်မည် မဟုတ်။ သူစိမ်း၏အသံကိုမသိသဖြင့်သူ့ ထံမှထွက်ပြေးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible သူစိမ်းတို့စကားသံကိုကားမသိသောကြောင့် သူစိမ်းနောက်မလိုက်ဘဲ ထွက်ပြေးကြလိမ့်မည်ဟု ပုံဆောင်၍ ယေရှုမိန့်တော်မူရာ၊ Judson Bible မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ်ကြသည်ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သိုးတို့သည် လူစိမ်း၏ အသံကို မသိသောကြောင့် လူစိမ်းနောက်သို့ မလိုက်ဘဲ ပြေးကြလိမ့်မည်” ဟု မိန့်တော်မူ၏။ မြန်မာ မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ်ကြသည်ဟု မိန့်တော်မူ၏။ |
ထိုအခါ ယောရှဖတ်မင်းကြီးက “ဤအရပ်တွင် ငါတို့မေးမြန်း၍ရမည့် ထာဝရဘုရား၏ပရောဖက် မရှိတော့ပြီလော”ဟု မေးလျှင်
ငါ့သား၊ သင်သည် ဆုံးမပဲ့ပြင်ခြင်းကိုနားမထောင်တော့လျှင် အသိပညာစကားတို့မှ လမ်းလွဲသွားလိမ့်မည်။
ထို့နောက် ကိုယ်တော်က“သင်တို့ကြားရသည့်အရာကို သတိပြုကြလော့။ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးကြလိမ့်မည်။ ထို့ပြင် သင်တို့အတွက် ထပ်၍ဖြည့်ပေးကြလိမ့်မည်။
သို့ဖြစ်၍ သင်တို့မည်ကဲ့သို့ကြားရသည်ကို သတိပြုကြလော့။ အကြောင်းမှာ ရှိသောသူအား ထပ်၍ပေးဦးမည်။ မရှိသောသူထံမှမူကား သူ၌ရှိသည်ဟု ထင်ရသောအရာကိုပင် သိမ်းယူလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါ၌ ဤသိုးခြံထဲမှမဟုတ်သော အခြားသိုးတို့ရှိသေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့အသံကိုနားထောင်ကြသဖြင့် သိုးအုပ်တစ်အုပ်တည်း၊ သိုးထိန်းတစ်ပါးတည်းဖြစ်လိမ့်မည်။
မိမိ၏သိုးရှိသမျှတို့ကို ထုတ်ပြီးသောအခါ သိုးတို့ရှေ့မှသွားတတ်၏။ သိုးတို့သည်လည်း သူ့အသံကိုသိသောကြောင့် သူ့နောက်သို့လိုက်သွားတတ်ကြ၏။
အကြောင်းမူကား လူတို့သည် မှန်ကန်ပြည့်စုံသောဩဝါဒကို သည်းခံနာယူနိုင်ခြင်းမရှိသဖြင့် မိမိတို့တပ်မက်ခြင်းအတိုင်း နားခံသာသောအရာကိုဟောပြောသည့်ဆရာများကိုစုရုံးစေကာ
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။
သင်တို့သည် သမ္မာတရားကိုမသိကြသောကြောင့် မဟုတ်ဘဲ သမ္မာတရားကိုလည်းကောင်း၊ လိမ်လည်ခြင်းရှိသမျှတို့သည် သမ္မာတရားနှင့်မစပ်ဆိုင်သည်ကိုလည်းကောင်း သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်ခြင်းဖြစ်၏။
သင်၏လုပ်ဆောင်မှုများမှစ၍ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် သည်းခံမှုတို့ကိုငါသိ၏။ သင်သည် ဆိုးယုတ်သောသူတို့ကို လက်မခံနိုင်ကြောင်းနှင့် မိမိတို့ကိုယ်ကို တမန်တော်ဟုခေါ်ဆိုကြသော်လည်း တမန်တော်မဟုတ်သောသူတို့ကို စမ်းသပ်စစ်ဆေး၍ သူတို့သည် လိမ်လည်သောသူများဖြစ်ကြသည်ဟု သင်တွေ့ရှိကြောင်းကိုလည်း ငါသိ၏။